UEFA ရဲ့ ပြီးခဲ့တဲ့ နှစ်အတွက် ဥရောပက အကောင်းဆုံးဘောလုံးသမား ဆုကို ဘာစီလိုးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ရရှိသွားပါတယ်။ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ မဲနှိုက်ရေးဆွဲတာနဲ့ တစ်ချိန်တည်းမှာ အားကစားသတင်းထောက် ၅၄ ယောက်က တိုက်ရိုက်မဲပေး ရွေးချယ်ခဲ့ကြတာပါ။ နောက်ဆုံးအဆင့် စကာတင် အဖြစ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူဝစ်ဆွာရက်တို့ သုံးဦးတက်လာတဲ့ အထဲက ရွေးချယ်ကြတာ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီဆုကို စပေးတဲ့ ၂၀၁၁ ခုနှစ်ကလည်း ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမား အဖြစ်ရွေးချယ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လေးကြိမ်ရထားသူ ဖြစ်ပါတယ်။ နံပတ် လေးကနေ ၁၀ အထိ မဲပေးရွေးခံရတဲ့ တခြား ဘောလုံးသမားတွေကတော့
4 Gianluigi Buffon (Italy – Juventus) 24 points
5 Neymar (Brazil – Barcelona) 23
6 Eden Hazard (Belgium – Chelsea) 21
7 Andrea Pirlo (Italy – Juventus) 12
8 Arturo Vidal (Chile – Juventus, now Bayern München) 11
9 Carlos Tévez (Argentina – Juventus, now Boca Juniors) 8
10 Paul Pogba (France – Juventus) 5
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment