Saturday, September 19, 2015

ကလေး သူငယ် အခွင့်အရေး၊ အမွေ ဆက်ခံခွင့်နှင့် တစ်လင် တစ်မယား ဥပဒေ ကို (ဥပဒေ)

ကလေး သူငယ် အခွင့်အရေး၊ အမွေ ဆက်ခံခွင့်နှင့် တစ်လင် တစ်မယား ဥပဒေ
ကို (ဥပဒေ)
တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော် က အတည်ပြု ခဲ့ပြီး နိုင်ငံတော်သမ္မ တက လက်မှတ်ရေးထိုး ထုတ်ပြန် ပြီးဖြစ်တာကြောင့် ဥပဒေ တစ်ရပ် အဖြစ် အကျိုးသက်ရောက်နေပြီ ဖြစ်ပါသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးလည်း ရပ်နား လိုက်ပြီဖြစ်သောကြောင့် လွှတ် တော် ကိုယ်စားလှယ်များ ဆောင် ရွက်ချက်ကို မတွေ့ရတော့သော် လည်း SKY NET လွှတ်တော် Channel က ပြန်လည်ထုတ်လွှင့် တာကို တွေ့ရှိ နေရပါသည်။
ကျွန်တော်ကိုယ်တိုင် ဥပဒေ လောက၊ ရှေ့နေလောကမှာ ကျင် လည်နေရသူဖြစ်လို့ တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းမှုကို ဘဝင် မကျဖြစ်နေရတာ ဝန်ခံရပေမည်။ သို့သော် လွှတ်တော်၏ ဥပဒေ ပြုရေး လုပ်ငန်းစဉ်နှင့် လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အရ ဆောင်ရွက်ချက်များ အပေါ် ဝေဖန်စရာ မရှိသလို၊ ယင်းဥပဒေ ဟာလည်း နိုင်ငံတော်အတွက် ပြဋ္ဌာန်းသင့်သည့် ဥပဒေဖြစ် ကြောင်း၊ အမျိုးစောင့် ဥပဒေ ၄ ရပ်အနက်က တစ်ရပ်အပါအဝင် ဖြစ်ကြောင်းကိုတော့ လေးလေး နက်နက် ထောက်ခံ အားပေးသူ ဖြစ်သည်ဆိုတာ ပြောချင်ပါသည်။
တစ်လင်တစ်မယား စနစ် ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေကြမ်း ရဲ့ အပိုဒ် ၁၆ မှာ 'ဥပဒေတစ် ရပ်ရပ်အရ ဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ၊ ထိမ်းမြားပြီးသော ယောက်ျားတစ်ဦးသည် အဆိုပါ ထိမ်းမြားမှု အတည်ဖြစ်နေစဉ် အခြားမိန်းမတစ်ဦးနှင့် ထပ်မံထိမ်း မြားပါက တရားမဝင်ထိမ်းမြားခြင်း ဖြစ်သဖြင့် နောက်မိန်းမသည် ထိုယောက်ျား၏ အမွေကို ဆက်ခံ ခွင့်မရှိစေရ။ နောက်မိန်းမယူသည့် ယောက်ျားသည်လည်း ပထမမိန်းမ နှင့် နောက်မိန်းမတို့၏ အမွေကို ဆက်ခံခွင့် မရှိစေရ။ သို့ရာတွင် နောက်မိန်းမ၏ သားသမီးများ သည် ဥပဒေနှင့် အညီ အမွေဆက် ခံခွင့်ရှိသည်' ဟု ပြည်ထောင်စု လွှတ်တော်က မူလ အတည်ပြုခဲ့ သည်ကို တွေ့ရှိရပါသည်။
ယင်းပြဋ္ဌာန်းချက် အပိုဒ် ၁၆ အပေါ်တွင် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ပေးပို့ရာ၌ 'သို့ရာတွင် နောက်မိန်းမ၏ သား သမီးများသည် ဥပဒေနှင့် အညီ အမွေဆက်ခံခွင့်ရှိသည်' ဟူသည့် စကားရပ်ကို ပယ် ဖျက်သင့်ပါ သည်ဟု ဖော်ပြထားတာ တွေ့ရပါ သည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ယင်းပြဋ္ဌာန်းချက်အတိုင်း အတည် ပြုနိုင်ရန် အဆိုပြုတင်ပြချက် အပေါ်တွင် ကရင်ပြည်နယ်မှ ဒေါ်နန်းစေအွာက 'နိုင်ငံတော်သမ္မ တ၏ သဘောထားမှတ်ချက် အတိုင်း ပယ်ဖျက်သင့်ကြောင်း၊ ဥပဒေကြမ်း၏ အပိုဒ် ၂ဝ တွင် တရားမဝင်ရရှိထားသည့် သား သမီးများသည် ကလေးသူငယ်ဆိုင် ရာ အခွင့်အရေး၊ စီအာစီ ဆုံးရှုံးမှု မရှိစေရ' ဟု ပြဋ္ဌာန်းထားပြီး ဖြစ် ခြင်းကြောင့်ဟု ဖော်ပြခဲ့သည်။
ယင်းအချက်အပေါ် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးတီခွန်မြတ်က အောက်ပါအချက် (၃) ချက်ဖြင့် ပြန်လည်ရှင်းလင်းပြီး သဘောထား ကို ပြောပြခဲ့သည်ကို တွေ့ရှိရပါ သည်။
(၁) မြန်မာနိုင်ငံသည် လူ့အခွင့် အရေး ကြေညာစာတမ်းကို လက် ခံ ထားပြီး၊ လူ့အခွင့်အရေးဆိုင်ရာ Convention များတွင် အဖွဲ့ဝင် အဖြစ် ပါဝင်ထားကြောင်း၊ လူ့ အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၅ အပိုဒ်ခွဲ ၂ တွင် 'တရား ဝင်လက်ထပ်၍ဖြစ်စေ၊ တရားဝင် လက်မထပ်ဘဲဖြစ်စေ မွေးဖွား လာသော ကလေးအားလုံးသည် တူညီသော လူမှုကာကွယ်စောင့် ရှောက်မှုကို ခံစားခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း၊ ကလေးသူ ငယ် အခွင့်အရေးဆိုင်ရာ အပြည် ပြည်ဆိုင်ရာ Convention on the Rights of the Child တွင်လည်း ကလေးသူငယ်များ၏ အကောင်း ဆုံး အကျိုးစီးပွား Best Interest of the Child ကို ဖော်ဆောင် ပေးရမည်၊ ကလေးသူငယ်များ သည် ဥပဒေနှင့်အညီ အမွေ ဆက်ခံခွင့်ရှိသည်ဟု ပါရှိကြောင်း။
(၂) ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၈၈ တွင် ကလေးစရိတ်၊ မယား စရိတ်ပေးရန် ပြဋ္ဌာန်းထားကြောင်း၊ တရားမဝင် ရရှိထားသော ကလေး များကိုလည်း ကလေးစရိတ် ပေးရန် တာဝန်ရှိကြောင်း၊ မိဘ များထိမ်းမြား လက်ထပ်ခြင်းသည် တရားဝင်သည်၊ မဝင်သည်မှာ ကလေးနှင့် သက်ဆိုင်ခြင်း မရှိ ကြောင်း၊ ကလေးများသည် အပြစ် မဲ့သူများဖြစ်သဖြင့် ဥပဒေအရ အကာအကွယ် ပေးထားကြောင်း၊
(၃) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၁ တွင် မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင် အမျိုးသမီးများအား ဥပဒေအရ သတ်မှတ်ထားသည့် အခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား ကြောင်း၊
(၄)လူသားချင်းစာနာ ထောက် ထားသည့်စိတ် Humanitarian Spirit ရှိရန်ဖြစ်ကြောင်း၊ အပြစ်မဲ့ သည့် ကလေးများကို လူ့အဖွဲ့ အစည်းနှင့် နိုင်ငံတော်က အစွမ်း ကုန် ကာကွယ် စောင့်ရှောက်ရန် ထာဝန်ရှိကြောင်း၊
(၅) အမွေဆက်ခံခြင်းသည် လူမျိုး ဘာသာကိုလိုက်ပြီး တစ်ဦးနှင့် တစ်ဦးတူညီမှု မရှိနိုင်ကြောင်း၊Myanmar (Burma) Laws Act Section 13 တွင် ထိမ်းမြား လက်ထပ်ခြင်း၊ အမွေဆက်ခံခြင်း၊ သားသမီးမွေးစားခြင်း စသည့် Personal Law များတွင် ဗုဒ္ဓဘာသာဝင်များသည် မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေ၊ ခရစ်ယာန် ဟိန္ဒူ၊ အစ္စလာမ်များသည် သက် ဆိုင်သည့် ဥပဒေများအရသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အမွေ ဆက်ခံခြင်းသည် သက်ဆိုင်သည့် တည်ဆဲဥပဒေများကို မျက်ကွယ် ပြုရာ မရောက်စေရန်လိုကြောင်း ရှင်းပြခဲ့သည်ကို တွေ့ရပါသည်။
စာရေးသူအနေဖြင့် ဥပဒေ ကြောင်းအရ ခိုင်ခိုင်မာမာ ရှင်းပြခဲ့ သော်လည်း လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၆၆ မဲ၊ ကန့်ကွက်မဲ ၃၂ဝ မဲ၊ ကြားနေမဲ ၇ မဲဖြင့် နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက် အတိုင်း အတည်ဖြစ်ခဲ့သည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါသည်။
ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် အဘယ့်ကြောင့်နည်းဟု အဖြေရှာ ခြင်းကို မပြုလိုသော်လည်း၊ အနာ ဂတ်ကာလတွင် ကလေးသူငယ်များ ၏ အကျိုးစီးပွားနှင့် အခွင့်အရေး ဆုံးရှုံးရခြင်း၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများကို လိုက်နာမှု မရှိခြင်းတို့ကြောင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများက ထောက်ပြ ကန့်ကွက်မှုများ ပြုလာနိုင်ပါသည်။
ထို့ကြောင့် မိမိတို့နိုင်ငံ၏ အမျိုးဘာသာ သာသနာအတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့ကြသော အမျိုး စောင့်ဥပဒေတွင် တစ်ခုအပါအဝင် ဖြစ်သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေသည် အနည်းငယ်သော လစ်ဟာချက် အတွက် မူလရည်ရွယ်ချက်ကို မပျောက်ပျက်စေရန် ပြန်လည် သုံးသပ်ပြီး ကလေးသူငယ်များ၏ မူလအခွင့်အရေး အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ရန် သုံးသပ် အကြံပြု တင်ပြအပ်ပါသည်။ ။
ကို (ဥပဒေ)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment