Sunday, September 13, 2015

ဗိုလ်ချုပ်ကြီးအင်ဘန်လ ရန်ကုန်ရှိ ကချင်လူထုတွေ့ဆုံ

ဗိုလ်ချုပ်ကြီးအင်ဘန်လ ရန်ကုန်ရှိ ကချင်လူထုတွေ့ဆုံ
===================================

ကေအိုင်အို/အေ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့နေ ကချင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအား ယနေ့ (၁၁.၉.၂၀၁၅)ရက်နေ့ ညနေ (၆း၃၀)နာရီအချိန်၊ ရန်ကုန် စမ်းချောင်းရှိ KBC ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လမှ ကချင်လူထုကြားတွင် စိတ်ဝင်တစား ဖြစ်နေသည့် NCA နဲ့ ပါတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပွင့်လင်းစွာ ရှင်းလင်းခဲ့ ကြောင်းလည်း သိရှိရ ပါသည်။

"သမ္မတပြောထားတဲ့ ပထမအပတ်ကို မငြင်းဆန်ဘူး။ လက်ခံတယ်။ ဒါပေမယ့် သမ္မတ ပြောတဲ့ရက်မှာတော့ လက်မှတ်မထိုးနိုင်သေးဘူးဆိုတာ မိဘပြည်သူများကို ပြောလိုပါတယ်။"
ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် နိုင်ငံတော်အဆင့် ညှိနှိုင်းဆွေးနွေးပွဲကိုတတ်ရောက်ခဲ့သည့် ကေအိုင်အို/အေ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမှ ယနေ့ညနေ(၆း၃၀) အချိန်တွင် ရန်ကုန်မြို့၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း တွင် ပြုလုပ်သော ရန်ကုန်မြို့နေ ကချင်ပြည်သူလူထုတွေ့ဆုံပွဲတွင် ဤသို့ ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

By Lachid Kachin



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment