ကော်စတာနှင့် ဂါဘရီရယ်ကို အက်ဖ်အေစွဲချက်တင်
Wednesday, September 23, 2015
စနေနေ့က အာဆင်နယ် ကို အနိုင်ရရှိခဲ့သော ပွဲတွင် ပွဲ ကြီးကြပ်သူများ မမြင်ခဲ့သည့် ကြမ်းတမ်းသော အပြုအမူအ တွက် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် က ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေ ဂိုကော်စတာအား စွဲချက်တင် လိုက်သည်။
ယင်းပွဲစဉ်တွင် ကော်စတာ မှာ အပြစ်ပေးမခံရဘဲ အာဆင် နယ်မှ ဂါဘရီရယ်နှင့် ကာဇိုလာ သာ ထုတ်ပယ်ခံခဲ့ရသည်။
ပွဲမှ ထုတ်ပယ်ခံရသော ဂါ ဘရီရယ်အား မလျော်ကန်သော အပြုအမူဖြင့် အက်ဖ်အေက စွဲ ချက်တင်လိုက်ကာ ကာဇိုလာကို မူ သတိပေးမှုသာ ပြုလုပ်ခဲ့သည်။
အက်ဖ်အေသည် ကလပ်အသင်းနှစ်သင်းကိုလည်း ကစား သမားများအား ထိန်းချုပ်ရန် ပျက်ကွက်မှုဖြင့် စွဲ ချက်တင်ထား သည်။
ကော်စတာနှင့် ကွန်စီရယ် လီတို့၏ ခိုက်ရန်ဖြစ်မှုကို ဒိုင်လူ ကြီးဟောင်းများ ပါဝင်သော ခုံရုံး အဖွဲ့က ဗီဒီယိုတွင် ကြည့်ရှုခဲ့ပြီး ကော်စတာအား စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် ချယ်လ်ဆီးက အာဆင်နယ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
—Ref: AP/Goal
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment