Saturday, September 19, 2015

မျိုးစောင့် ဥပဒေ ကြိုဆိုပွဲ များ ၏ လားရာ

မျိုးစောင့် ဥပဒေ ကြိုဆိုပွဲ များ ၏ လားရာ
------------------------------------------------------
မိုးတွင်းကာလဖြစ်သော်ငြား “တော်သလင်းနေ ပုစွန်သေ” ဟူသော ဆိုးရိုး စကား အတိုင်း ချွေးဒီးဒီးကျ သည် အထိ ပူသည်။ ကြွပ်ကြွပ်မည်အထိ ပူသည်။ အပူရှိန်က ပိုမြင့်လာသည့်နှင့်အမျှ မျိုးစောင့် ဥပဒေဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက်သည့် သံဃာ တော်များ၊ လူပုဂ္ဂိုလ်များ နီးစပ်ရာ သစ်ပင်ရိပ်ရှိရာသို့
ခိုဝင် နေကြရ သည်။

အချိန် ကား တော်သလင်းလဆန်း ၁ရက်၊ စက်တင်ဘာလ ၁၄ရက် နေ့လယ် (၁)နာရီခန့် တွင် သက်တော် ဝါ တော် ရင့် ဆရာတော် တပါး ဖြစ်သော ဦးရေဝတက အမျိုးဘာသာသာ သနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသ ပေးပို့သည့် သဝဏ်လွှာကို အသံခပ်မှန်မှန်ဖြင့်
ဖတ်ကြားနေ သည်။

“မျိုးစောင့်ဥပဒေ ဖျက်မဲ့သူတွေကို ရှောင်ကွင်းပြီး မျိုးစောင့်ဥပဒေကာကွယ်မဲ့ သူတွေကိုသာ ကိုယ်စားလှယ် လောင်း အဖြစ် ရွေးချယ်ကြဖို့ အဓိ ကလိုအပ်ပါတယ်။ ယခုပေါ်ပေါက်ခဲ့တဲ့ မျိုးစောင့်ဥပဒေမျိုး နောင်ဘယ်နည်း နဲ့မှ ပေါ်ပေါက်ဖို့ မလွယ်ကူဘူး” ဟု ဆရာတော် က အသံ တရား တစ်ပုဒ် ဟောသည့် နှယ် ပြောဆိုနေ လေ သည်။

ယင်း သဝဏ် လွှာ ၏ လားရာ က အဘယ် နည်း။

ရွှေဝါရောင် သံဃာ တော်များကွန်ရက် ဦးဆောင်ဆရာတော် ဦးပဏ္ဍဝံသက မူ ထိုသို့ မျိုးစောင့်ဥပဒေ လွှတ် တော်သို့တင်သွင်းချိန် ကန့်ကွက်ခဲ့သူ၊ ဖျက်သိမ်းနိုင်မည့် ကိုယ်စားလှယ် လောင်း များကို မဲမပေးရန် တိုက် တွန်း ခြင်း သည် ဒကာ၊ ဒကာမများ၏ ယုံကြည်မှု သဒ္ဒါတ ရား ကို ဖျက်ဆီးခြင်းဖြစ်သောကြောင့် သံဃာ့ ဝိနည်း သိက္ခာများနှင့် မကိုက်ညီဟုဆိုလာသည်။

“ကုလ ဓူသက” ဟူသော မြတ်စွာဘုရား ရှင် ဟောကြား သောသုတ္တန် တွင် ဒကာ၊ ဒကာမများ၏ လာဘ် လာဘကို မျှော်၍ သမီးရည်းစား စာအပေး အယူပြုလုပ်ပေးခြင်း၊ လင်မယားကွဲ သည်ကို ပြန်လည် စေ့စပ်ညှိ နှိုင်းပေးခြင်း၊ ဆေးဝါးကုသပေး ခြင်း၊ အဆိပ် အတောက်ဖြစ်စေသည့် စာများကို ရေးသားဖြန့်ဝေခြင်း စသည့်အ ကြောင်းအရာ ၂၂ချက်ကို ကန့်သတ်ထား ကြောင်း ဦးပဏ္ဍဝံသက ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ရေးကာလ မှာ စက်တင်ဘာ လ ၈ ရက် နေ့ က စ တင် ခဲ့ပြီ ဖြစ်ရာအမျိုးဘာသာသာ သနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ၏ ပြောဆို ချက် များ ကား အဘယ် ကို ဦးတည် နေသနည်း ဟု
နိုင်ငံရေး ပါတီ တို့ က မေးခွန်း ထုတ် လေ ပြီ။

မျိုးစောင့်ဥပဒေများ အတည်ပြုပြဋ္ဌာန်းသည့် ဂုဏ်ပြုကြိုဆိုပွဲသည် မဲဆွယ်စည်းရုံးရေးကာလအတွင်းဖြစ်နေပြီး လွှတ်တော် တွင်း တင်သွင်းချိန် ကန့်ကွက်ခဲ့သူများနှင့် အစိုးရသစ်လက်ထက် ဖျက်သိမ်းနိုင်ချေရှိသည့် ကိုယ်စား လှယ်လောင်းများကို မဲမပေးရန် နှိုးဆော်တိုက်တွန်းမှုသည် သမ္မတဦးသိန်းစိန်၏ အာဏာရပါတီအတွက် သွယ် ဝိုက်မဲဆွယ်စည်းရုံးခြင်းဟု
ဝေဖန်မှုများရှိနေသည်။
---------------------
---------------------------
------------------------------------
မနက်ဖြန် တနင်္ဂနွေနေ့ထုတ် The Voice Sunday သတင်းစာတွင် အဆိုပါ ဆောင်းပါးကို
အပြည့်အစုံဖော်ပြပေးထားပါကြောင်း။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment