ပြည်သူတွေဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားစေချင်တယ်
"ပြည်သူတွေဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားစေချင်တယ်။
တစ်ဦးချင်းစီဟာ အရေးကြီးတယ်ဆို
တာ သဘောပေါက်သင့်တယ်။
ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးချင်းစီရဲ့မဲဟာ အင်မတန်မှတန်ဖိုးရှိတယ်။
မဲထည့်တဲ့နေ့မှာပဲ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသူနိုင်ငံသားများအားလုံး တန်းတူညီတူဖြစ်သွားပြီပဲ။
နိုင်ငံဥသျှောင်လည်း မဲတစ်မဲပဲ။
၁၈ပြည့်ခါစ လူငယ်လေးတစ်ယောက်လည်းပဲ မဲတစ်မဲပဲ။
အဲဒီနေ့မှာ နိုင်ငံသူနိုင်ငံသားတွေအားလုံး ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရမယ့်နေ့။
ဘယ်သူနဲ့မဆို ရင်ဘောင်တန်းနိုင်တဲ့နေ့။
ကိုယ့်အထက်မှာ ဘယ်သူမှမရှိ...တဲ့နေ့ပဲ။
အဲဒီမဲဟာ ကိုယ့်ရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရှိတဲ့တန်ဖိုးကို အကဲဖြတ်တာပဲ"
ဒေါ်အောင်ဆန်းစုကြည်
(စက်တင်ဘာ ၂၁ရက် ၂၀၁၅ ခုနှစ်)
ကော့မှုးမဲဆန္ဒနယ်
photo- Kyaw Zin Thant
kamayut media
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment