Friday, September 4, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများ ယနေ့စတင်ထုတ်ပြန်မည်

လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများ ယနေ့စတင်ထုတ်ပြန်မည်
Saturday, September 5, 2015

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းစာရင်းကို ယနေ့ (စက်တင်ဘာလ ၅)ရက်မှ စတင် ထုတ်ပြန်ကြေညာပေးမည် ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

‘‘ကန့်ကွက်တာလည်း မရှိ၊ အယူခံတက်ထားတာလည်း မရှိ တဲ့ မဲဆန္ဒနယ်အားလုံးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာပေးသွားမှာပါ’’ဟု ကော် မရှင်ညွှန်ကြားရေးမှူး ဦးစိုင်း ကျော်သူက ပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ညွှန်ကြားလိုက် သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲများအနေဖြင့် ၎င်းတို့ နယ်မြေအတွင်းရှိ မဲဆန္ဒနယ်များ တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ ကြမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းစာရင်းများကို ယခု လ ၅ ရက်မှစတင်၍ ၈ ရက်မတိုင်ခင်အထိ ထုတ်ပြန်ကြေညာပေး မည် ဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ ဒီလ ၆ ရက်မဟုတ်ရင် ၇ ရက်ကို ထုတ် ပြန်ပေးမှာပါ။ ထုတ်ပြန်ပေးရမယ့် စာရင်းကို နေပြည်တော်ကော်မ ရှင်ကြီးမှာ အတည်ပြုဖို့အတွက် လည်း လုပ်ရဦးမယ်’’ဟု ရန်ကုန် အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင် မောင်ကျော်က ဆိုသည်။

ထိုသို့ လွှတ်တော်ကိုယ်စား လှယ်လောင်းစာရင်းကို ထုတ်ပြန် ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီမှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ပယ်ချခံခဲ့ရသော လွှတ် တော်ကိုယ်စားလှယ်လောင်းများ ၏ အယူခံဝင်မှုများရှိနေသဖြင့် ၎င်းတို့၏ မဲဆန္ဒနယ်မြေများကို ထုတ် ပြန်ကြေညာမည်မဟုတ်သေး ကြောင်း ဦးခင်မောင်ကျော်က ပြောသည်။

‘‘တချို့ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်း ထားတဲ့သူတချို့ ပယ်ချခံရတာ တွေရှိတယ်။ အဲဒီတော့ သူတို့က အယူခံဝင်ကြတယ်။ အဲဒီအယူခံ တွေပြီးမှ သူတို့ရဲ့ မဲဆန္ဒနယ်တွေ ကို ကြေညာပေးဖို့ရှိပါတယ်’’ဟု ဦးခင်မောင်ကျော်က ဆိုသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကို စိစစ်ခြင်းအား ပြီးခဲ့သည့် သြ ဂုတ်လ ၁၈ ရက်မှ ၃၁ ရက်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ထုတ်ပြန် ပေးမည့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသော လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ယခုလ ၈ ရက်မှစတင်ပြီး မဲဆွယ် စည်းရုံးခွင့်ရရှိတော့မည် ဖြစ်သည်။လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းကို မဲဆွယ်စည်းရုံး ခွင့်ပြုသည့် ရက်နီးမှ ထုတ်ပြန်ပေးခြင်းထက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် ဆောလျင်စွာထုတ်ပြန်ပေးရန် လို အပ်ကြောင်း နိုင်ငံရေးပါတီအချို့ က ဆိုသည်။

‘‘စာရင်းကို မြန်မြန်ထုတ်ပေး တာကတော့ ပိုကောင်းပါတယ်။ အခုထုတ်ပြန်မယ်ဆိုလည်း ပါတီ အတွက် အခက်အခဲတော့မရှိပါ ဘူး။ ဒါပေမဲ့ မြန်မြန်ထုတ်ပေး တော့ ကျွန်တော်တို့ပါတီတွေက ကိုယ်ရဲ့ ကိုယ်စားလှယ်လောင်း တွေအတွက် အောင်နိုင်ရေးကို ပြင်ဆင်မှုတွေ အချိန်ယူလုပ်ပေးရ တာပေါ့’’ဟု ချင်းအမျိုးသားဒီမိုက ရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁,၇၇၂ ဦး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း ၃,၅၀၄ ဦး (တိုင်း ရင်းသားလူမျိုးလွှတ်တော်ကိုယ် စားလှယ်လောင်း ၁၆၃ ဦးအပါအ ၀င်) စုစုပေါင်းကိုယ်စားလှယ် လောင်း ၆,၁၈၉ ဦးတို့ကအမည် စာရင်းတင်သွင်းထားခြင်း ဖြစ်သည်။

7Day Daily



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment