Saturday, September 5, 2015

အစိုးရဖွဲ့နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးအတွက် ကတိဖျက်သည့် အဖွဲ့မဖြစ်စေရဟု ဒေါ်အောင်ဆန်းစုကြည် အာမခံ

အစိုးရဖွဲ့နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးအတွက် ကတိဖျက်သည့် အဖွဲ့မဖြစ်စေရဟု ဒေါ်အောင်ဆန်းစုကြည် အာမခံ
Sunday, September 6, 2015

လာမည့်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့ ၍ အစိုးရဖွဲ့နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံးစတင်မည်ဖြစ်ပြီး တိုင်းရင်းသားများနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံကာ ကတိဖျက်သည့်အဖွဲ့မျိုး မဖြစ်စေရန် အာမခံသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

စက်တင်ဘာ ၅ ရက်က ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့ ပဲပုတ်ကျောင်း ၀င်းအတွင်း ပြုလုပ်ခဲ့သည့် ရွေး ကောက်ပွဲ အသိပညာပေးရေး လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘စစ်မှန်တဲ့ အပစ်အခတ်ရပ် စဲရေးကို အမြန်ဆုံးရစေလိုတယ်။ စစ်မှန်တယ်ဆိုတာ ဘာလဲဆို တော့ တိုင်းရင်းသား အားလုံး လက်ခံနိုင်တဲ့ အပစ်အခတ်ရပ်စဲ ရေး စာချုပ်မျိုးနဲ့ ပါဝင်သင့်တဲ့ နိုင်ငံရေးအင်အားအစုအဖွဲ့များ၊ အင်အားစုများ အားလုံးလက်ခံ တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မျိုး ဖြစ်တယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

အဆိုပါ အပစ်အခတ်ရပ်စဲ ရေး စာချုပ်သည် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အရေးကြီးဆုံး ဖြစ်ပြီး ယနေ့လက်မှတ်ရေးထိုး နောက်တစ်နေ့ ပြန်ပစ်ခတ်နေ လျှင် စစ်မှန်သည့် စာချုပ်မျိုးဖြစ် လာနိုင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စစ်မှန်သည့် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး လက်မှတ် ရေးထိုး သဘောတူနိုင်သည့်အ ချိန် ကာလက အရေးကြီးဆုံး မဟုတ်ကြောင်းနှင့် စစ်မှန်မှုသည်သာ အရေးကြီးဆုံးဖြစ်သည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဟောပြောပွဲ၌ ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသားများ တန်းတူညီမျှရေးကို အခြေခံမူအ ဖြစ် လုံးဝခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသည့်မူဖြင့် ရပ်တည်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ စက်တင်ဘာ ၆ ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ခရီးစဉ်အဖြစ် ဟိုပုံးမြို့တွင် လူထုတွေ့ဆုံပွဲ ကျင်းပ မည်ဖြစ်ပြီး ဟိုပုံးမြို့၌ပင် UNODC နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်နာရီခန့် သီးသန့်တံခါးပိတ်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ သတင်းရရှိ သည်။

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် ရွေးကောက်ပွဲအသိပညာပေးရေး လူထုတွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေသည်ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily



အားပေးတဲ့အတွက်ကျေးဇူးပါ

No comments:

Post a Comment