Tuesday, September 8, 2015

နိုင်ငံနှင့် မျိုးဆက်သစ်များ၏ အနာဂတ်ကို စဉ်းစား၍ မဲပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နိုင်ငံနှင့် မျိုးဆက်သစ်များ၏ အနာဂတ်ကို စဉ်းစား၍ မဲပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Wednesday, September 9, 2015.
လာမည့်ရွေးကောက်ပွဲ တွင် ပြည်သူများ မဲပေးသည့်အခါ နိုင်ငံနှင့် မျိုးဆက်သစ်များ၏ အ နာဂတ်ကို စဉ်းစားမဲရန်ပေးရန်လို ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားသည်။

ထို့အပြင် ပြည်သူလူထုအားလုံးမဲပေးပိုင်ခွင့်ရရှိရေးသည် အ ရေးကြီးပြီး ရွေးကောက်ပွဲကျင်းပ သည့် နေ့တွင် မဲရုံသို့ သွားရောက်မဲပေးကြရန် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများကို စတင် မဲဆွယ်ခွင့်ပြုသည့် စက်တင်ဘာ ၈ ရက်တွင် ဒေါ်အောင်ဆန်းစု ကြည်၏ ရွေးကောက်ပွဲနှင့် ပတ် သက်သည့် ပြည်သူသို့ အသိပေး ပြောကြားချက်ကို ပါတီဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် လွှင့် တင်ခဲ့ခြင်းဖြစ်သည်။

‘‘အခုအချိန်မှာ အရေးကြီး တာကတော့ ကျွန်မတို့ ပြည်သူလူ ထုအားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲ နေ့ရောက်တဲ့အခါ သွားပြီးတော့ မဲပေးဖို့ပါပဲ။ မဲပေးတဲ့ အခါကျလို့ ရှိရင်လည်း ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက် သစ်တွေရဲ့ အနာဂတ်ကို စဉ်းစား ပြီး မဲပေးကြပါ။ ရှေ့ကို မျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့ အခါမှာ ပြောင်းလဲဖို့ ၀ိုင်းဝန်းပြီး တော့ ကူညီကြပါလို့ ကျွန်မအနေ နဲ့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိမိတို့ပါတီသည် ပြည်သူ လူထု၏ ဆုံးဖြတ်ချက်ကို လက်ခံ ရန် ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်ကာ စစ်မှန်သော ဖက် ဒရယ်ပြည်ထောင်စုထူထောင်နိုင် ရေးအတွက် အနှစ် ၃၀ ခန့်ကြိုး စားခဲ့ပြီး ပန်းတိုင်သို့ မရောက်သေးသော်လည်း ပြည်သူများ၏ ဆန္ဒ နှင့် တွန်းအားကြောင့် ယင်းပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင် မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် လောင်းများအား တရားဝင်စတင် မဲဆွယ်ခွင့်ပြုသည့်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တစ်နိုင်ငံလုံးရှိ မဲဆန္ဒ နယ် ၁,၁၅၁ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သို့ လျှောက်ထားခဲ့သည်။
7 day



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment