ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်
==============================
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းတွင် မုတ်သုံလေအားနည်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေသည်။
နေပြည်တော်နှင့် မန္တလေးမြို့တို့အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက် ကျား မိုးထစ်ချုန်းရွာမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးအသင့် အတင့်ထစ်ချုန်းရွာမည်။ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ် ပေါ်နေမည်။ (မိုး/ဇလ)
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment