Sunday, September 27, 2015

ထိုင်းဆန်တွေ မြန်မာပြည်တွင်း ဈေးကွက်ထဲ ထိုးဖောက်

ထိုင်းဆန်တွေ မြန်မာပြည်တွင်း ဈေးကွက်ထဲ ထိုးဖောက်

ထိုင်းနိုင်ငံက ထွက်တဲ့ ဆန်တွေကို ရန်ကုန် မြို့ပေါ် ဈေးကွက်ထဲ မှာ တွေ့လာ နေရပါတယ်။

ဒါဟာ မြန်မာပြည်လို ဆန်စပါး အဓိက စိုက်ပျိုး ရောင်းချရာ တိုင်းပြည်ရဲ့ စီးပွားရေး မြို့တော် မှာ ဆယ်စု နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အနေနဲ့ အိမ်နီးချင်း နိုင်ငံရဲ့ ဆန်တွေ ဈေးကွက်ထဲ ဝင်ရောက် နေရာယူ လာတာ ဖြစ်ပါတယ်။

ထိုင်းဆန် အမျိုးစား IR-6 နဲ့ IR-8 ဆန်တွေဟာ တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်း ကနေ ဝင်လာ ဖြစ်တယ် လို့ ရန်ကုန် မြို့ခံ ကုန်သည် တွေ က ပြောပါတယ်။

အဲဒီ့ ဆန်တွေ ဟာ မြန်မာပြည် ထွက် ဆင်းသွယ်လတ် နဲ့ ရတနာတိုး ဆန် တွေ နဲ့ အမျိုးအစား တူပါတယ်။

ဒါပေမယ့် ထိုင်းဆန်တွေဟာ ဈေး ပိုမို သက်သာ တဲ့ အပြင် အရည်အသွေး ပို ကောင်းတဲ့ အတွက် ဈေးကွက်ထဲ နေရာရ လာတာ ဖြစ်တယ် လို့ ဆန်ကုန်သည် တွေက ဆိုပါတယ်။

ထိုင်းဆန် တစ်အိတ်ကို ရန်ကုန် အရောက် ကျပ် ၂သောင်း ၄ထောင် လောက်ပဲ ရှိနေချိန်မှာ အမျိုးစားတူ မြန်မာ ဆန် ဈေးက ၂ သောင်းခွဲ လောက် ရှိ နေပြီး ထိုင်းဆန်နဲ့ ယှဉ်ရင် အကျိုးအကျေ များပါတယ်။

ပြည်တွင်း ဆန်ဈေး ကလည်း သင်္ကြန်ပြီး ကတည်းက တဖြည်းဖြည်း တက်နေပါတယ်။

ငွေလဲနှုန်း ၂၀% လောက် တက် သွားတဲ့ အတွက် ကျန် ဆန်ဈေး ဆီဈေး တွေပါ လိုက်တက် ကုန်ကြ တာ ဖြစ်တယ် လို့ ဆန်ကုန်သည် ကိုမျိုးသူရအေး က ပြောပါတယ်။

ဈေးနှုန်း သက်သာပြီး အရည်အသွေး ကောင်းတဲ့ ထိုင်း ဆန် တွေ သာ မြန်မာပြည်ထဲ အဝင်များ လာရင် ပြည်တွင်း ဆန်ဈေးကွက် ထိခိုက် နိုင်တဲ့ အတွက် အခုလို ဝင်ရောက် နေတဲ့ အခြေအနေ အပေါ် ကိုင်တွယ် နိုင်ဖို့ စဉ်းစား သင့်တယ် လို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှုး ဦးလူမော်မြင့်အောင် က ပြောပါတယ်။ ဈေးချိုပြီး အရည်အသွေးကောင်းတဲ့ ထိုင်းဆန်တွေ ရန်ကုန် ကို ထိုးဖောက် ရောက်လာ။ bbc.com



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment