မိုးသည်းထန်စွာရွာသွန်းမှုကြောင်ံ ဖားကန့်မြို့ ရေကြီး
Tuesday, September 1, 2015
၂၀၁၅ ခုနှစ်ဩဂုတ်လ(၃၁) ရက်နေ့ တွင် မိုးရေချိန် (၀.၉၄) လက်မ ဆက်လက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေသည် ဖားကန့်မြို့၊ ငှက်ပျောတော ရပ်ကွက် အနိမ့် ပိုင်းတွင် (၆) ပေခန့်၊ မြို့မ ရပ်ကွက် အနိမ့်ပိုင်းတွင် (၆) ပေခန့်၊ မရှီကထောင်ရပ်ကွက် အနိမ့်ပိုင်းတွင် (၅) ပေခန့်၊ အေးမြသာယာရပ်ကွက် အနိမ့် ပိုင်းတွင် (၄) ပေခန့်၊ ရေဝင်ရောက်လျက်ရှိကြောင်း၊ လုံးခင်းကျေးရွာ အုပ်စု၊ လုံးခင်းကျေးရွာဥရုချောင်းကူးဘေလီတံတားကြမ်းခင်းနှင့် ဥရုချောင်းရေအမြင့်မှာ (၁) ပေခွဲခန့် သာကျန်ရှိပြီးရပ်ကွက် (၂၊၃၊၄၊၅) အနိမ့်ပိုင်းတွင် (၃) ပေခန့် နစ်မြုပ် လျက် ရှိပြီးချောင်းရေဝင်ရောက် နေအိမ် များအားထမင်းထုပ် (၁၅၀၀) ထုပ်၊ လုံးခင်းကျေးရွာအုပ်စုရှိရေဝင်နေအိမ်များ အားထမင်းထုပ် (၈၀၀) စုစုပေါင်း (၂၃၀၀) ထုပ် နှင့်ရေသန့် များအား (၁၂၀၀) အချိန်တွင် ဝေငှထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥရုချေင်းရေဝင်ရောက်သည့် ငှက်ပျော်တော မြို့မ၊ မရှိကထောင်၊ အေးမြသာယာရပ်ကွက်တို့မှ နေအိမ်များအား (၁၆၀၀) နာရီ အချိန်တွင် ထမင်းထုပ် (၂၃၅၀) ထုပ်၊ လုံးခင်းကျေးရွာ အုပ်စုရှိရေဝင်နေအိမ် များအားထမင်းထုပ် (၂၁၀၀) ထုပ်၊ စုစုပေါင်း (၄၄၅၀) ထုပ်နှင့် ရေသန့်များ အားဝေငှခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၅ခုနှစ်သြဂုတ်လ(၃၁)ရက်နေ့ ညနေ(၆)နာရီ ချိန်တွင်ဥရုချောင်းသည် မိုးရွာသွန်းမှုကြောင့် ရေအတက် အကျမရှိဘဲဖားကန့်မြို့ငှက်ပျောတော ရပ်ကွက်တွင် (၆) ပေခန့်၊မြို့မရပ်ကွက်အနိမ့်ပိုင်း တွင် (၆) ပေခန့်၊ မရှီကတောင်ရပ်ကွက်အနိမ့်ပိုင်းတွင် (၅) ပေခန့်၊အေးမြသာယာအနိမ့်ပိုင်းတွင် (၄) ပေခန့်တို့၌တန့်လျှက်ရှိပြီးလုံးခင်းကျေးရွာအုပ်စု၊လုံးခင်းကျေးရွာဥရုချောင်းကူးဘေလီတံတားကြမ်းခင်းနှင့်ဥရုချောင်းရေအမြင့်မှာ (၂) ပေခန့် သာကျန်ရှိပြီး၊ရပ်ကွက် (၂၊၃၊၄၊၅) အနိမ့်ပိုင်းတွင် (၂) ပေခွဲခန့်နစ်မြှုပ် လျက်ရှိကြောင်း သတင်းရရှိသည်။
ဧရာဝတီ
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment