Sunday, September 6, 2015

ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ
နေပြည်တော် ၊ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ မော်လူးမြို့နယ်၊ နန့်စီးအောင်-နဘား ရထားလမ်း၌ တပ်မတော် စစ်ကြောင်းက လုံခြုံရေးဆောင်ရွက်စဉ် စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရထားလမ်း မိုင်တိုင်အမှတ် (၅၉၇/၁၃-၁၄) နေရာ၌ မသင်္ကာဖွယ်လူ လေးဦးအား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် သွားရောက်ရာ ၎င်းလူလေးဦးသည် ရထားလမ်း အနောက်ဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းနေရာ တစ်ဝိုက်အား ဆက်လက်ရှင်းလင်းရှာဖွေရာ ၁၀ ပိဿာဝင် စားဆီပုံးအ၀ါ ငါးပုံးအတွင်း ဆပ်ပြာခွက် ၁၇၄ ခွက် ဖြင့်ထည့်ထားသော ဘိန်းဖြူအမှုန့်အလေး ချိန် ၁ ဒသမ ၆၁၃ ကီလိုဂရမ် (ကာလတန်ဖိုး ၁၆၁၃ သိန်းကျပ်ခန့်)၊ အပြာရောင်ပလတ် စတစ်ကပ်ခွာအိတ် အတွင်းထည့်ထားသော (၈၈/၁)စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်အိတ်လျှင် ၂၀၀ ပြားပါ ၃၅ အိတ်၊ စုစုပေါင်း ၇၀၀၀ ပြား(ကာလတန်ဖိုးကျပ် ၃၅၀ သိန်း ခန့်) နှင့် SERHO တံဆိပ်ပါ ဟန်းဆက် အနက် တစ်လုံး၊ CDMA-450 ဆင်းကတ် တစ်ကတ်တို့အား သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား မော်လူးရဲစခန်းသို့ စနစ်တကျအပ်နှံခဲ့ကြောင်းနှင့် ထွက်ပြေးသွား သူတရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment