မြေပဲဆီဈေးကျ၊ စားအုန်းဆီ-ကြက်သွန်-ပဲမျိုးစုံဈေးတက်
=====================================
ရန်ကုန် စက်တင်ဘာ ၂၈
ယခုလပိုင်းတွင် မြေပဲအထွက်များလာပြီး ဈေးနှုန်းများလည်း ကျဆင်း လာသည်။ ယခင် မြေပဲဆန် တစ်ပိဿာ ငွေကျပ် ၃ဝဝဝ အထက်တွင်ရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် ငွေကျပ် ၂၈ဝဝ ဝန်းကျင်သာရှိသည်။ စက်တင်ဘာလ ဒုတိယပတ်က မြေပဲဆီသန့် တစ်ပိဿာ ငွေကျပ် ၆၃ဝဝ နှုန်းသို့ ကျဆင်းလာ သည်။ မြေပဲဆန် ဆီသန့်တစ်ပိဿာလျှင် ငွေကျပ် ၂၃၅ဝ၊ လုံးဆန်အဖြူ တစ်ပိဿာ ငွေကျပ် ၂၇ဝဝ၊ လုံးဆန်အနီ တစ်ပိဿာ ငွေကျပ် ၂၈၅ဝ သာ ရှိသဖြင့် မြေပဲဆီသန့်တစ်ပိဿာ အကြမ်းဖျင်း ဆီထွက်နှုန်း ၃၈ ကျပ်သား၊ မြေပဲဖတ် ငွေကျပ် ၅၅ ကျပ်နှုန်းဖြင့် တွက်ချက်လျှင် ပဲဖတ်ဈေးနှုန်းမြင့်တက် မှုကြောင့် မြေပဲဆီသန့်တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ အောက်တွင်သာ ရှိနိုင်သည်ဟု စိန်ပန်းလမ်း(ဘုရင့်နောင်ပွဲရုံဝင်း)ရှိ မြေပဲဆီရောင်းသည့် ပွဲရုံလုပ်ငန်းတာဝန်ခံ ဦးမျိုးနှင့် ပြည်ဒေသ မြေပဲဆန်ဈေးကွက်တို့ထံမှ သိရသည်။
သို့ဖြစ်ရာ မြေပဲဆီသန့်ဈေးနှုန်း လက်ကားဈေးမှာ ကျဆင်းဖွယ်ရှိသည်။ ရန်ကုန်မြို့လယ်ရှိ ကုန်တိုက်ကြီးများတွင် တံဆိပ်ကပ်မြေပဲဆီ အများစုသည် တစ်လီတာဘူးလျှင် ငွေကျပ် ၄၁ဝဝ-၄၁၅ဝ နှုန်း၊ တစ်ပိဿာလျှင် ငွေကျပ် ၇၁ဝဝ-၇၁၅ဝ နှုန်းဖြင့် ရောင်းချနေရာ ယခင်လဈေးနှုန်းထက် တစ်လီတာ ဘူးတစ်ဘူးလျှင် ငွေကျပ် ၄ဝဝ ဝန်းကျင် ဈေးကျလာသည်ဟု ရန်ကုန်မြို့တွင်း အိမ်ရှင်မတစ်ဦးဖြစ်သူ မခိုင်က ဆိုသည်။
စက်တင်ဘာ ၂၄ ရက်က ပြည်ပစားအုန်းဆီဈေးနှုန်းထုတ်ပြန်ခြင်းမရှိ၊ စက်တင်ဘာ ၂၅ ရက် ရုံးပိတ်ရက်၊ စက်တင်ဘာ ၂၆ ရက်(စနေနေ့)တွင် စားအုန်းဆီဈေးနှုန်း ထုန်ပြန်မှုမရှိခြင်းတို့ကြောင့် ပြည်တွင်းရန်ကုန်ဈေးကွက် တွင် စားအုန်းဆီလက်ကားရောင်းဈေး တစ်ပိဿာငွေကျပ် ၆ဝ မြင့်တက် လာသည်။ စက်တင်ဘာ ၂၃ ရက်(ဗုဒ္ဓဟူးနေ့)တွင်FOB စားအုန်းဆီ ပြည်ပ တစ်တန်ဈေးနှုန်းဒေါ်လာ ၅၆ဝ၊ ဗဟိုဘဏ်ငွေလဲနှုန်း ၁၂၈၆ ကျပ်၊ ဆိပ်ကမ်း ရောက် တစ်ပိဿာအရင်းဈေး ၁၃၇၄ ကျပ်ရှိပြီး ရန်ကုန်ဆီဈေးကွက်တွင် အလှယ်တစ်ပိဿာလက်ကားရောင်းဈေး ၁၃၆ဝ-၁၃၆၅ ကျပ်ရှိရာမှ စက်တင် ဘာ ၂၅ ရက်နှင့် ၂၆ ရက်က နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုနည်းနေသော် လည်း အလှယ်တစ်ပိဿာလက်ကားရောင်းဈေး ၁၄၂၅ ကျပ်အထိ ဖြစ်လာ သည်ဟု ဆီအသင်းမှ နေ့စဉ်ထုတ်ပြန်သော ဆီဈေးနှုန်းစာရင်းနှင့် ဆီဈေးကွက် တို့မှ သိရသည်။
စက်တင်ဘာ ၁ ရက်မှ ၁၉ ရက်အထိ ဆိပ်ဖြူကြက်သွန်ဖြူ တစ်ပိဿာ လျှင် လက်ကားရောင်းဈေး ငွေကျပ် ၆၂၅၊ ၈၂၅၊ ၉၂၅၊ ၁ဝ၅ဝ မှ ငွေကျပ် ၆၅ဝ၊ ၈၅ဝ၊ ၉၅ဝ၊ ၁ဝ၅ဝ နှုန်းဖြင့်သာ ဈေးနှုန်းပြောင်းလဲမှုနည်းခဲ့သည်။ သို့သော် စက်တင်ဘာ ၂၁ ရက်ကစ၍ ကြက်သွန်နီ ဝင်ရောက်မှုနှင့် နယ်ဈေး နှုန်းပေါ်မူတည်၍ ရန်ကုန်ဈေးကွက်တွင် ဈေးမြင့်တက်လာသည်။ စက်တင်ဘာ ၂၃ ရက်က ကြက်သွန်နီဝယ်ယူရာတွင် ဒိုင်ဈေးနှုန်း နှစ်မျိုးဖြစ်လာသည်။ စက်တင် ဘာ ၂၆ ရက်က ကြက်သွန်နီဆိပ်ဖြူအမျိုးအစား တစ်ပိဿာငွေကျပ် ၈၅ဝ၊ ၁ဝ၅ဝ၊ ၁၁၅ဝ၊ ၁၂၅ဝ နှုန်းသို့ မြင့်တက်လာသည်ဟု ကြက်သွန်နီပွဲရုံ ပိုင်ရှင် ကိုဇော်က ဆိုသည်။
၂ဝ၁၃ နှင့် ၂ဝ၁၄ နှစ်တို့တွင် တစ်ပိဿာလျှင် လက်ကားဈေးနှုန်း ငွေကျပ် ၉ဝဝ မှ ၁ဝဝဝ အတွင်းရှိခဲ့သော ကုလားပဲခြမ်း ဈေးနှုန်းသည် ၂ဝ၁၅ စက်တင်ဘာ ၂၆ ရက်က လက်ကားဈေးနှုန်းတစ်ပိဿာငွေကျပ် ၂၂ဝဝ အထိ မြင့်တက်လာသည်။ အလားတူ ပြည်ပပို့ကုန်ဖြစ်သော မတ်ပဲFAQ.RC တစ်တန်လျှင် စက်တင်ဘာ ၂၆ ရက်က ငွေကျပ် ၁၇၆၅ဝဝဝ နှုန်း၊SQ.RC တစ်တန်လျှင် ငွေကျပ် ၁၉၁၅ဝဝဝ နှုန်းအထိ ဈေးနှုန်းမြင့်တက် လာသော်လည်း ဈေးကွက်တွင် ပဲလက်ကျန်နည်း၍ အရောင်းအဝယ်ဖြစ်မှု နည်းသည်ဟု နေ့စဉ်ထုတ်ပြန်သော ကုန်စည်ဒိုင်ဈေးနှုန်းစာရင်းနှင့် ပဲရောင်းဝယ် သူများထံမှ သိရသည်။
မြစ်ဝကျွန်းပေါ်ဒေသအများအပြားတွင် မိုးစပါး ရိတ်သိမ်းအပြီး ငရုတ်၊ ပဲ စိုက်ပျိုးလေ့ရှိရာ ယခုနှစ် မတ်ပဲဈေးနှုန်း ပုံမှန်နှစ်များထက် သုံးဆဝန်းကျင်ရှိလာသဖြင့် ယခုနှစ်တွင် မတ်ပဲစိုက်ပျိုးမှု ပိုမိုနိုင်ကြောင်း၊ ဖေဖော်ဝါရီလအတွင်း မတ်ပဲအသစ်များ ဈေးကွက်အတွင်းသို့ ရောက်ရှိနိုင်ကြောင်း၊ ပဲအဓိကဝယ်လက် အိန္ဒိယပြည်တွင်းလိုအပ်ချက် ကြောင့် ပဲဈေးနှုန်းများ အမြင့်တွင် ရှိနေနိုင်ကြောင်း ကျောင်းကုန်းဒေသမှ ဆန်၊ ပဲရောင်းဝယ်လုပ်ကိုင်သူ ဦးစန်းအောင်က ဆိုသည်။ ခင်ဆိုင်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment