ဒူးဒဏ်ရာကြောင့် ၈ ပတ်လောက် နားရမည့် မက်ဆီ ===================================
ဘာစီလိုနာအသင်းက ပါးမက်စ် အသင်းကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဒူးအရွတ် စုတ်ပြဲတဲ့ဒဏ်ရာ ရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ၇ ပတ် ၈ ပတ်လောက် နားရတော့မှာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း ရဲ့ ဒေါက်တာ Villani ကတော့ ၂ လအတွင်း ပြန်ကောင်းလာမယ် လို့ယုံကြည်နေပြီး မျှော်လင့် ထားတာထက်ကို မြန်မြန်ကောင်းလာ မယ်လို့ ပြောကြားလိုက်ပါသည်။
အခုလိုဒဏ်ရာရရှိခဲ့တဲ့အတွက် မက်ဆီဟာ ဘာစီလိုနာအသင်းပွဲစဉ် ၈ ပွဲ၊ အာဂျင်တီးနားပွဲစဉ် ၄ ပွဲ စုစုပေါင်း ၁၂ ပွဲကို လွဲချော်မှာဖြစ်ပါသည်။ ဘာစီလိုနာအသင်းနှင့် လာလီဂါပွဲစဉ် ၅ ပွဲ၊ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ လွဲချော်မှာဖြစ်ပါတယ်။
ယင်းပွဲစဉ်များကတော့
Sevilla (3rd October),
Rayo Vallecano (17th October),
Eibar (25th October),
Getafe (1st November)
Villarreal (8th November) ပွဲစဉ်များဖြစ်ပြီး
ချန်ပီယံလိဂ်ပွဲစဉ်များကတော့လေဗာကူစင်၊ ဘိုရီဆော နဲ့ ၂ ပွဲ ဖြစ်ပါသည်။
နိုင်ငံအသင်းပွဲစဉ်များကတော့
Ecuador (8th October),
Paraguay (13th October),
Brazil (13th November)
Colombia (17th November). တို့ဖြစ်ပါသည်။
မက်ဆီဟာ နိုဝင်ဘာ ၂၁ ရက် နေ့ ဘာနေဗျူးကွင်းမှာ ရီးရဲလ်အသင်း နဲ့ ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့မျှော်လင့်နေပါသည်။
#ကိုဝေ
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment