Thursday, September 17, 2015

အငှားယာဉ်မောင်းနှင့် အဖော်နှစ်ဦးက ခရီးသည်ပစ္စည်း လုယက် Friday, Septe

အငှားယာဉ်မောင်းနှင့် အဖော်နှစ်ဦးက ခရီးသည်ပစ္စည်း လုယက်
Friday, September 18, 2015

ကမာရွတ်မြို့နယ် နာ နတ်တောခုံးကျော် တံတား အောက်တွင် အငှားယာဉ်မောင်း နှင့်အမျိုးသားနှစ်ဦးက ကားပေါ် တွင် လိုက်ပါလာသည့်ခရီးသည် ထံမှ ပစ္စည်းများလုယက်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

အငှားယာဉ်စီးနင်းခဲ့သည့် ခရီးသည်မှာ စက်တင်ဘာ ၁၆ ရက်နံနက် ၁ နာရီကျော်က လှိုင် မြို့နယ်မှ မြေနီကုန်းသို့ ငွေ ကျပ် နှစ်ထောင်ဖြင့် ကားငှားစီးလာပြီး နာနတ်တောခုံးကျော်တံတား အ ရောက်တွင် ကားငှားစီး လာသူကို အဆိုပါသုံးဦးက လက်သီးဖြင့် ထိုးပြီး ကားပေါ်မှ ကန်ချခဲ့ခြင်းဖြစ် ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကားငှားစီးတော့ ကားထဲ မှာ လူတစ်ယောက်ပါလာတယ်။ နာနတ်တော ခုံးကျော်တံတား အောက်ရောက်တော့ကားနောက် ဖုံးက လူတစ်ယောက်ထွက်လာ ပြီး သူ့ကိုထိုးပြီး ကားထဲက ဆွဲ ထုတ်တယ်။ ပြီးတော့ ကားမောင်း ပြီး ထွက်ပြေးသွားတယ်။ လူက တော့ ထိခိုက်ဒဏ်ရာ ကြီးကြီးမား မား မရပါဘူး’’ဟု ကမာရွတ်မြို့မ ရဲစခန်းမှ ဒုရဲမှူးမြင့်လွင်သန်းက ပြောသည်။

လုယက်ခံရသည့်အမျိုးသား မှာ ဘယ်ဘက်နားနှင့် ဘယ်ဘက် မျက်လုံးတွင် ဒဏ်ရာများရရှိခဲ့ပြီး ပွန်းပဲ့ဒဏ်ရာများလည်း ရရှိခဲ့ ကြောင်း အဆိုပါအမျိုးသား၏ အစ်ကိုက ပြောသည်။

‘‘ကားကိုရပ်ပြီး နောက်က တစ်ယောက်က လည်ပင်းညှစ် တယ်။ ရှေ့ကတစ်ယောက်က ဆင်းလာပြီး စကေဘာထောက်ပြီး လုတယ်။ ဖုန်းက password ကို ဖွင့်ခိုင်းတယ်။ မဖွင့်ပေးရင် ထိုး မယ်ပြောတော့ ဖွင့်ပေးလိုက် တယ်။ နောက်ကားမောင်းပြီး တွန်းချခဲ့တာပါ’’ဟု လုယက်ခံရ သူ၏အစ်ကိုက ပြောသည်။

ရန်ကုန်တိုင်းတွင် ၂၀၁၅ အ တွင်း လုယက်မှုများတိုးလာပြီး အများစုမှာ ပြစ်မှုကျူးလွန်ဖူး သည့်တရားခံများနှင့်လူလတ်ပိုင်း အရွယ်အများစုဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘လုယက်မှုတွေ ဒီနှစ်ထဲမှာ ပိုများလာပြီး အများစုကတော့ အသက် (၂၀) ခန့်အရွယ်တွေ ပါလာတယ်။ သူတို့က ရည်ရွယ် ချက်ရှိလို့ လုပ်တာထက် အလွယ် ရလို့လုပ်တဲ့သူတွေ ပိုများတယ်။ ဒီနှစ်ထဲမှာတော့ အမျိုးသမီးချင်း လုတဲ့ အမှုတစ်မှုတောင် ပါလာ တယ်။ အရင်နှစ်တွေမှာတော့ အ မျိုးသမီးလုယက်တာတွေ မရှိ ဘူး’’ဟု အဆိုပါရဲအရာရှိက ပြော သည်။

အငှားယာဉ်ဖြင့် လုယက်မှု များဖြစ်ပေါ်လာသည့်အတွက် ည ပိုင်းတွင် အငှားကားမောင်းနှင် သောသူများသည် ကားငှားသည့် အခါတွင် ခရီးသည်က ယုံကြည်မှု နည်းပါးလာပြီး အငှားယာဉ် မောင်းများအနေဖြင့်လည်း ခရီး သည်ကို ယုံကြည်မှုနည်းပါးလာ ကြောင်း အငှားယာဉ်မောင်း ကို ပြည်သာက ပြောသည်။

‘‘ကျွန်တော်တို့ကိုလည်းခရီး သည်တွေက မယုံတဲ့အကြည့်တွေ နဲ့ကြည့်တယ်။ ကျွန်တော်တို့က လည်း လူသုံးလေးယောက် ကား ငှားရင် မရပ်ပေးရဲဘူး။ ကိုယ့်ကို လုတဲ့သူတွေများဖြစ်မလားဆို ပြီး။ ပြောရရင်တော့ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွေ မရှိတော့တာ အ မှန်ပဲ’’ဟု ကိုပြည်သာက ပြော သည်။

အငှားကားဖြင့် လုယက်မှု ကျူးလွန်သူများမှာ ကားနံပါတ် အတုများတပ်ဆင်မောင်းနှင်ပြီး လုယက်မှုကျူးလွန်ကြသည့်အ တွက် အငှားယာဉ်မောင်းပြီး စီး ပွားရှာသည့်ယာဉ်မောင်းများနစ် နာသည်ဟု အငှားယာဉ်မောင်း ဦးသိန်းဇော်က ပြောသည်။

‘‘အမှန်ကတော့ အငှားယာဉ် တွေကို နံပါတ်တွေ သေချာစစ် ဆေးသင့်တယ်။ နံပါတ်အတုတွေ နဲ့ မောင်းနေကြတဲ့သူတွေအများ ကြီးရှိတယ်။ တကယ်အလုပ်လုပ် စားနေတဲ့ ကားသမားတွေအတွက် အခုလို ဖြစ်နေတာက နစ်နာ တယ်’’ဟု ဦးသိန်းဇော်က ပြော သည်။

လုယက်မှုကျူးလွန်ခဲ့သည့် အငှားယာဉ်မောင်းနှင့် ယာဉ်ပေါ် ပါအမျိုးသားနှစ်ဦးကို ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားပြီး ရန်ကုန်တိုင်းတွင် ယခုနှစ် ရှစ်လအတွင်း လုယက်မှု ၄၅ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

7Day Daily



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment