မဲဆွယ်ဟောပြောပွဲတွေမှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေကိုမေးဖို့ မေးခွန်းတွေ ပြည်သူ့အာဏာ တင်ပြလိုက်တော့ Chan Myae Thu က အောက်က အတိုင်း မေးခွန်းထုတ်လာပါတယ်-
ဖွတ်ပါတီဝင် အမတ်လောင်းတွေလဲ မေးလိုက်ပါ
၁.. အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဘတွေက ဘာကြောင့် အရမ်းချမ်းသာနေရတာလဲ
၂. ရွေးကောက်ပွဲအတွက် ငွေတွေ အများကြီး သုံးထားပြီး အမှားဗလပျစ်နဲ့ .... ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်ဆိုတော့ အဲ့ငွေတွေ ဘယ်ရောက်သွားလဲ
၃. ဘင်္ဂါလီ ကို သွင်းခဲ့တာ ဒေါ်စု မဟုတ်ဘူး... ကုလားတွေကို မုန်းတယ်ဆို ရင် အာဇာနည်တွေထဲမှာပါနေတဲ့ ဦးရာဇတ်ကြီးကို ကော ဘာလို့ အလေးပြုနေကြတာလဲ
၎. သမ္မတ ကို ပြည်သူတွေက တိုက်ရိုက်ရွေးကောက်လို့မရဘဲ လွှတ်တော် အမတ်တွေက ပြန်ရွေးရတယ်ဆိုတာ သိပါသလား
၅. ဒေါ်စုပါတီမှာ ကုလားပါတယ်ဆိုရင် ဖွတ်ပါတီမှာကော ကုလား ၁ ယောက်တောင် မပါဘူးလား
၆. အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ဦးခင်ညွန့်လက်ထက်တုန်းကလဲ ရေးတာပဲ ... ပြီးတော့လဲ ပြန်ပစ် ကြတာပဲ ... သေချာစဉ်းစားမလုပ်ပဲ ပြီးပြီးရော မလုပ်ဖို့ အကြံပေးတာမှားလား
၇. နိုင်ငံတကာမှာ ပိတ်ဆို့မှုတွေ ဒေါ်စု အကျယ်ချုပ်ကျတည်းက လုပ်ထားတာပါ... ခုနေ ဦးသန်းရွှေ ဦးသိန်းစိန်တို့ အကျယ်ချုပ်ခံရရင် အဲ့လိုမျိုးတွေရှိမယ်ထင်လား?? နိုင်ငံတကာက လေးစားတဲ့ အနေအထား... အရေးထားတဲ့ အခြေအနေ လွယ်လွယ်ရောက်မယ်ထင်လား၊ ဦးခင်ညွန့် ပြုတ်တုန်းက နိုင်ငံတကာက လှည့်တောင် မကြည့်ဘူးဆိုတာ သိထားပါ
Chan Myae Thuပြောတဲ့ ဖွတ်ပါတီ ဆိုတာ ဘယ်ပါတီကို ရည်ရွယ်သလဲတော့ မသိဘူး။ ပြည်သူ့အာဏာက ပါတီစွဲမရှိဘူး။ အမျိုးသားအကျိုးစီးပွားအစွဲပဲရှိပါတယ်။ ပြည်သူ့အာဏာ အက်ဒမင်တွေက ရွေးကောက်ပွဲ ဝင်မယ့် အမတ်လောင်းတွေလဲ မဟုတ်ဘူး။ ဒါပေမယ့် အထင်မှား၊ အမြင်မှားနေတဲ့သူတွေ အသိအမြင် မှန်ကန် ပါစေတော့ဆိုတဲ့ စေတနာနဲ့ ပြည်သူ့အာဏာက ဖြေပေးလိုက်ပါတယ်။
၁။ နိုင်ငံဆင်းရဲပြီး အဘတွေ ချမ်းသာတယ်ဆိုတဲ့မေးခွန်းအတွက်တော့ အဘဦးရွှေမန်း အဖြေကို ပဲ ငှားသုံး ပါရစေ။ အဘတွေချမ်းသာတာ အဘတွေမှာ အလွန်တော်တဲ့ သား/သမီးတွေ ရှိလို့ပါ။ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း မီဒီယာတွေကို ပြောဖူးပါတယ်။ သူ့သားတွေလဲ နိုင်ငံသားတွေဖြစ်တဲ့ အတွက် စီးပွားရေးလုပ်ခွင့်ရှိပါတယ်တဲ့။ သူ့သားတွေ ချမ်းသာတာ သူတို့ တော်လို့ပါတဲ့။ အဲဒီဦးရွှေမန်းကိုပဲ အဘ အဘ ဘောပြေးမနေတာ NLD ထောက်ခံသူတွေပဲ မဟုတ်ပါလား။ ပြောရရင် ဦးတင်ဦးရော၊ ဦးဝင်းထိန်ရော စစ်အရာရှိဟောင်းတွေပါပဲ။ NLD မှာ စစ်အရာရှိဟောင်းတွေလောက် ဦးဆောင်နိုင်မယ့်သူ မရှိလို့ နေရာပေးထားရတာ ပြန်ကြည့်လိုက်ပါဦး။
၂။ ရွေးကောက်ပွဲအတွက် သုံးတဲ့ငွေက ပြည်သူ့ငွေမဟုတ်ပါဘူး။ UN က ငွေရော၊ နည်းပညာရော ကူညီတာပါ။ ၃၀ % ပဲ အာမခံနိုင်တယ်ဆိုတာက မဲစာရင်း လာကြည့်တဲ့သူ ၃၀% ပဲရှိလို့ပါ။ မဲစာရင်းတွေ ကြေညာတုန်းက မကြည့်ဘူး၊ အခုမှ အော်ဆဲနေတာရော ဖြစ်သင့်သလား။ ကိုယ်တိုင်က ဒီလောက် လေးတောင် ပူးပေါင်းပါဝင် လုပ်ချင်စိတ်မရှိပဲ ဒီမိုကရေစီလိုချင်တယ်ဆိုပြီး အော်နေရုံနေတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
၃။ ဘင်္ဂါလီတွေကို ဒေါ်စုသွင်းခဲ့တာမဟုတ်ဘူးဆိုတာ လက်ခံတယ်။ သို့သော်လည်း ဘင်္ဂါလီတွေကို နိုင်ငံ သားပေးသင့်တယ်လို့ ပြောခဲ့တာ NLD စီအီးစီတွေဖြစ်ပြီး ၁၉၈၂ နိုင်ငံသားဥပဒေကိုလဲ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ ဒေါ်စုက ဝေဖန်ထားပါတယ်။ ဒါဆိုရင် NLD ရဲ့ မူဝါဒကို ပြတ်ပြတ်သားသား ဘာဖြစ်လို့ မပြောရဲတာလဲ။ ဘယ်သူ့ကို ကြောက်နေတာလဲ၊ ဘယ်သူ့ကို ချစ်နေတာလဲ။ ဘယ်သူက မပြောနဲ့လို့ တားထားလို့လဲ။ NLD အာဏာရခဲ့လို့ နိုင်ငံသားဥပဒေပြင်လိုက်တာနဲ့ ဘင်္ဂါလီတစ်သန်း ကျော် ချက်ချင်းနိုင်ငံသားဖြစ်သွားမှာပါ။ အဲဒါကို နားလည်ပါစေ။ ကုလားကို မုန်းတယ်ဆိုရင် အစွန်းရောက် တာပါ။ တစ်ခြားဘာသာတွေက လွှမ်းမိုးပြီး ဗုဒ္ဓဘာသာ ကွယ်ပျောက်မသွားအောင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းသည် အမျိုးချစ်တာပါ။
၎။ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးလို့မရပဲ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးမှာဖြစ်တဲ့ အတွက် ဘယ်သူ့ကို သမ္မတအဖြစ်ရွေးမှာလဲလို့ ကိုယ်စားလှယ်တွေကို ပြည်သူတွေက မေးခွန်းထုတ်နေတာပါ။ ကိုယ့်ပါတီက တင်မယ့် သမ္မတ ဘယ်သူဆိုတာတောင် မသိဘဲ မဲပေးပါဆိုတဲ့ NLD အမတ်တွေကို ဘယ်လို အားကိုး ယုံကြည်ရမှာလဲ။ တိတိကျကျ ရေရေရာရာ မပြောနိုင်ဘဲ မဲပေးပါ တောင်းနေတာ အရှက်မရှိဘူးလား မေးချင်ပါတယ်။
၅။ နိုင်ငံသားတိုင်းနိုင်ငံရေးမှာ ဥပဒေနဲ့အညီပါဝင်ခွင့်ရှိပါတယ်။ ဥပဒေနဲ့အညီနော်။ ကုလား ပါခြင်း မပါခြင်းကို ပြောနေတာ မဟုတ်ဘူး။ အမျိုးသားရေးနဲ့ ပတ်သက်လို့ NLD ရဲ့ ရပ်တည်ချက်ကို ပြောနေတာပါ။ အမျိုးသားရေးနဲ့ပတ်သက်လို့ ဟိုလိုလို ဒီလိုလို ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာတစ်ခုမှ ပြတ်ပြတ်သား သား မရှိ၊ တစ်ခုခု ဖြစ်လာရင် အစိုးရကို ပုံပြီး လွှဲချ လက်ညိုးထိုး ပြောနေတာတွေ ပြန်လေ့လာကြည့်ပါဦး။ ဒီလောက် ဆန့်ကျင်နေတာ ဘာဖြစ်လို့ ပြတ်ပြတ်သားသား မပြောရဲတာလဲ။
၆။ ဦးခင်ညွန့်လက်ထက်က လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အခုအပစ်အခတ်ရပ်စဲရေး သဘောသဘာဝ လုံးဝမတူပါ။ အခုအဆင့်ထိရောက်အောင် လေးနှစ်လောက် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ရတာကို ပြီးပြီးရော မလုပ်နဲ့ဆိုတာ ပြောသင့်တဲ့စကားလား။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရထားတာ။ ဘာတစ်ခုများ နိုင်ငံငြိမ်းချမ်းအောင် လုပ်ဖူးလို့လား။ ငြိမ်းချမ်းရေးစားပွဲကို ဘယ်နှစ်ခါ ထိုင်ဘူးလဲ။ မထိုးပါနဲ့ လို့ ကြိတ်ကြိတ်တစ်မျိုး ပေါ်တင်တစ်မျိုး ပြောနေတာ မနာလိုလို့ ငြိမ်းချမ်းရေး ရသွားမှာစိုးလို့ ဘေးထိုင် ဘုပြောနေတာနဲ့ မတူဘူးလား။ တကယ်လည်း ဒီအတိုင်းပါပဲ။ ပါတီထိပ်ပိုင်းက လူကြီးတွေကို ပြန်မေးကြည့်ပါဦး။ ဦးခွန်ထွန်ဦးလို တိုင်းရင်းသားခေါင်းဆောင်မျိုးကိုတောင် သစ္စာဖောက်တဲ့ ပါတီက ငြိမ်းချမ်းရေး စကားပြောတာ ရီစရာ သိပ်ကောင်းနေပါတယ်။
၇။ နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမရှိ၊ အမြဲတမ်းအကျိုးစီးပွားသာရှိပါတယ်။ ဒေါ်စုကို ချစ်လွန်းလို့ အနောက်နိုင်ငံတွေက သူ့ဖက်က လိုက်နေတယ်လို့ထင်ရင် စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးသွားစစ်ဖို့ အကြံပေးပါရစေ။ ဒေါ်စုနားမှာ စပိုင်ထားပြီး ခိုင်းတာလုပ်ခိုင်းထားတာ မြင်အောင်ကြည့်ပါဦး။ ဒေါ်စုက ကဂျီကဂျောင်လုပ်ရင် အဲရစ်ညီအစ်ကိုကို သတ်ပစ်မယ်၊ အမှုဆင်ပြီး ထောင်ထဲထည့်မယ်၊ ဒုက္ခပေးမယ် ဆိုတာတွေကို လုပ်ထားလား မေးကြည့်ဘူးသလား။ ရွေးကောက်ပွဲမှာ စည်းရုံးဖို့ မပြောနဲ့ဦး လွှတ်တော်ထဲမှာ ကန့်ကွက် ထောက်ခံလုပ်ဖို့၊ မီဒီယာတွေကို ဖြေဖို့ ကြားဖို့ အင်္ဂလိပ်အမိန့် နာခံနေရတာကို လေ့လာကြည့်ပါဦး။ Photos
No comments:
Post a Comment