Samsung စမတ်ဖုန်း ရောင်းအားများ ကျဆင်းလာသောကြောင့် ရုံးချုပ်မှ ဝန်ထမ်း ၁ဝ ရာခိုင်နှုန်းကို လျှော့ချမည်
တောင်ကိုရီးယားနိုင်ငံ အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Samsung သည် လျော့ကျလာသော ၎င်း၏ စမတ်ဖုန်း ရောင်းအားနှင့် အကျိုးအမြတ်များကို ကာမိစေရန် တောင်ကိုရီးယားနိုင်ငံရှိ ရုံးချုပ်မှ ဝန်ထမ်း ၁ဝ ရာခိုင်နှုန်း ကိုလျှော့ချသွားမည်ဟု ကြေညာခဲ့ကြောင်း ZD Net.com တွင် ဖော်ပြထားချက်အရ သိရသည်။ ထို့အပြင် လာမည့် ၂ဝ၁၆ ခုနှစ်တွင်လည်း ဝန်ထမ်း ၅ဝ ရာခိုင်နှုန်းလောက်အထိ ထပ်မံ လျှော့ချနိုင်သေးကြောင်း တောင်ကိုရီးယား နေ့စဉ် သတင်းစာမှ ဖော်ပြထားသည်။ Bloomberg ၏ အဆိုအရ Samsung သည် လွန်ခဲ့သည့် ငါးလပတ် တစ်ခုတည်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံလောက်အထိ ရှိသည့် ရောင်းအားများ လျော့ကျခဲ့သည်ဟု ဆိုသည်။ ယခုနှစ်၏ ဒုတိယ သုံးလပတ်တွင်လည်း ကုမ္ပဏီ၏ အမြတ် အစွန်း ၈ ရာခိုင်နှုန်း အထိ လျော့ကျခဲ့သည်ဟုလည်း ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ Samsung ၏ ရောင်းအားများ ၂ဝ၁ဝ ပြည့်နှစ် ကတည်းက စတင် ကျဆင်းခဲ့ကာ ၎င်း၏ မျိုးဆက်သစ် စမတ်နာရီများသာ ဈေးကွက်ရှယ်ယာနှင့် ရောင်းအားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ Samsung ၏ ဆုံးရှုံးမှုသည် ယခုနှစ်တွင် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး ၎င်း၏ ဆုံးရှုံးသွားသော ဈေးကွက် ဝေစုများကို Apple မှ ယခုအချိန်ထိ နေရာ ဝင်ယူလျက် ရှိသည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment