==
အားသာချက်
အားနည်းချက်
ဒီဇီုင်း
မြင်ကွင်း
နည်းပညာ
အသေးစိတ်ဖော်ပြချက်
သုံးသပ်ချက်
######
"Sim Card နှစ်ကတ်ထည့်သုံးနိုင်တဲ့ HTC Smart Phone Desire 820 ကိုလေ့လာမယ်"
==
အားသာချက်
တန်ဖိုးသင့် အလယ်အလတ် ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU အစရှိသည့် Hardware စနစ်ပိုင်းများတွင် ကောင်းမွန်သည်။ မှတ်ဉာဏ်ပိုင်းတွင်လည်း ကောင်းမွန်သည့်အပြင် ကင်မရာပိုင်းမှာလည်း Mega Pixel မြင့်မားသော ကင်မရာကို အသုံးပြုထားခြင်းကြောင့် ကောင်းမွန်သော ဓာတ်ပုံများကို ရရှိနိုင်သည့်အပြင် Selfie ပိုင်းတွင်လည်း ကောင်းမွန်သည်။ အသံပိုင်းတွင် ကောင်းမွန်ပြီး မြန်မာစာစနစ် တစ်ပါတည်း ပါဝင်လာမည်ဖြစ်သည်။
အားနည်းချက်
ဖုန်းတွင် အသုံးပြုထားသော OS ဗားရှင်းမှာ လက်ရှိအသစ် ထွက်လျက်ရှိသော OS ဗားရှင်းများနှင့် တိုင်းတာမည်ဆိုပါက နိမ့်နေမည်ဖြစ်ပြီး HTC ၏ Sense UI ဗားရှင်းမှာလည်း အနည်းငယ် နိမ့်နေမည်ဖြစ်သည်။
ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ အနားထောင့် လေးဘက်အနည်းငယ်ဝိုင်းသော ပုံစံမျိုးရှိနေပြီး အရွယ်အစား အနည်းငယ်ကြီးသော်လည်း ကိုင်တွယ်အသုုံးပြုချိန်၌ လက်နှင့်အံဝင် ခွင်ကျရှိမည် ဖြစ်သည်။ နောက်ပိုင်းထွက် HTC ဖုန်းများ၏ ကိုယ်ထည်ဖွဲ့စည်းမှု ပုံစံအတိုင်း နှစ်ရောင်စပ် Dual Color ကိုယ်ထည်ဖြစ်ပြီး ကိုယ်ထည်တစ်ခုလုံးအား ပလတ်စတစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။
ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၇၇ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်မှာ ရ.၈၇ စင်တီမီတာနှင့် ထုထည်မှာ ၀.၇၇ စင်တီမီတာ ဖြစ်ခြင်းကြောင့် ပါးလွှာသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ကိုင်တွယ်အသုံးပြုချိန်တွင် ထိတွေ့မှုကောင်းမွန်သည်။ အလေးချိန်မှာ ၁၅၅ ဂရမ်ဖြစ်ပြီး မလေးလွန်း မပေါ့လွန်းသော အလေးချိန်မျိုး ရှိသည်။
မြင်ကွင်း
ရှေ့ဘက် Screen မျက်နှာပြင်မှာ LCD ကိုအသုံးပြုထားသည်။ မျက်နှာပြင် အကျယ် ၅.၅ လက်မရှိပြီး 720 x 1280 Pixels (~267 ppi pixel density) ထိရှိနိုင်မည် ဖြစ်သည်။
နည်းပညာ
နည်းပညာပိုင်းထက် Hardware ပိုင်းကောင်းမွန်မှုကို ဦးစားပေး ပြုလုပ်ထားသော ဖုန်းအမျိုးအစားဖြစ်ပြီး HTC ဖုန်းများတွင် ပါဝင်သော စနစ်များဖြစ်သည့် အခြားဖုန်းများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သော Get content from another phone စနစ်၊ အသံပိုင်းအတွက် Boom Sound စနစ်၊ HTC Cover များနှင့် တွဲဖက်အသုံးပြုနိုင်သော Dot View စနစ်အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။ ကင်မရာပိုင်းတွင် လှုပ်ရှားမှု ပုံရိပ်များကို ရိုက်ကူးနိုင်သော Motion Track Mode စနစ်၊ ဗီဒီယို Gift ဖိုင်ကဲ့သို့ ရိုက်ကူးနိုင်သည့် Live Photo mode အစရှိသော စနစ်များပါဝင်မည် ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
GSM စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Sim Card နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး Nano Sim နှစ်ကတ်ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။ Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53 CPU တို့ကို အသုံးပြုထားသော Octa-core CPU ဖုန်းဖြစ်ပြီး ဂရပ်ဖစ်စနစ်အတွက် Adreno 405 GPU ကို ထည့်သွင်းပေးထားသည်။ Chipset မှာ Qualcomm MSM8939 Snapdragon 615 Chip ဖြစ်ပြီး နောက်ဘက်ကင်မရာ 13 Mega Pixel နှင့် 8 Mega Pixel ရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားသည်။ Internal Memory 16GB, RAM 2 GB ပါ၀င်ပြီး မှတ်ဉာဏ်ထပ်တိုး အသုံးပြုရန်အတွက် Micro SD Card 128GB ထိထည့်သွင်း အသုံးပြုနိုင်သည်။ Android OS Version 4.4.2 ဖြစ်ပြီး Bluetooth v4.0, A2DP, apt-X နှင့် USB 2.0 စနစ်များပါ၀င်သည်။ ဘက်ထရီမှာ Li-Po 2600 mAh ဘက်ထရီ ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြံုငုံသုံးသပ် ကြည့်မည်ဆိုပါက 820 သည် ဖုန်းတွင်း အသုံးပြုထားသော Hardware ပိုင်းများတွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ ဖုန်းတွင်ထူးခြားသော နည်းပညာပိုင်းများကို အသုံးပြုထားခြင်း မရှိသော်လည်း မှတ်ဉာဏ်ပိုင်းတွင် ကောင်းမွန်သည့်အပြင် ကင်မရာပိုင်း၊ ကိုင်တွယ်အသုံးပြုခြင်းနဲ့ အလေးချိန် အစရှိသည်တို့တွင်လည်း ကောင်းမွန်သည်။ လက်ရှိ OS Version 5 များထွက်နေချိန်တွင် 820 ၏ OS Version မှာနိမ့်နေမည်ဖြစ်ပြီး HTC မှ ဗားရှင်းတိုးမြှင့်ခွင့် ရရှိနိုင်မှသာ Android Version 5 နှင့် HTC Sense UI တို့ကို တိုးမြင့်အသုံးပြု နိုင်မည်ဖြစ်သည်။ HTC Desire 820 တန်ဖိုးသင့် အလယ်အလတ် ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU အစရှိသည့် Hardware စနစ်ပိုင်းများတွင် ကောင်းမွန်သည်။ internetjournal.media
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment