မန္တလေး-မြစ်ကြီးနား ရထားလမ်း ပြန်လည်ပြေးဆွဲမည်
.............................................................................
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အတွင်း ယခုလ (၉)ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မန္တလေးမြစ်ကြီးနား ရထားလမ်းပိုင်းရေ နစ်မြုပ်သဖြင့် ရထားပြေးဆွဲခြင်းရပ်ဆိုင်းခဲ့ ရသော်လည်း အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁း၄၁)အချိန်တွင် ရထားလမ်းပြန် လည်ကောင်းမွန် သွားပြီဖြစ်သည့်အတွက် ရထား ပြန်လည်ပြေးဆွဲတော့မည်ဖြစ် ကြောင်းသည်။
''မနက်ဖြန်ပြန်ထွက်မှာပါ။လမ်းပွင့် သွားပါပြီ။ နောက်နေ့ကစပြီး ပုံမှန်ပြန်ထွက် မှာပါ။ ဒီနေ့တစ်ရက်ပါပဲ။ ရထားလမ်းကြောင်း အားလုံး ပုံမှန်ပြေးဆွဲနေပါတယ်။ မြစ်ကြီးနား လမ်းတစ်ခုပဲ ရပ်ဆိုင်းတာပါ။ ရပ်ဆိုင်းထားရတဲ့ခရီးစဉ်မရှိပါဘူး''ဟု မန္တလေးဘူတာကြီး ဒုရုံပိုင်ချုပ်က ပြောသည်။ နမ့်ခမ်းဘူတာနှင့် ဘုံချောင်းဘူတာအကြားတွင် ပေးငါးဆယ် ဝန်းကျင် တောင်ပြို၍ မီးရထားလမ်းပိတ်ဆို့ ခဲ့ပြီး ကောလင်းဘူတာနှင့် ဝန်းသိုဘူတာ ကြားတွင်လည်း ရေလျှံမှုများကြောင့် မန္တလေး မြစ်ကြီးနားရထားပြေးဆွဲမှု ကို ခေတ္တ ရပ် ဆိုင်းထားရခြင်း ဖြစ်သည်။
''မန္တလေး မြစ်ကြီးနားကားလမ်းတွေ လည်း ရေကျော်တွေမှာ ရေလျှံနေလို့ ကား (၂ဝဝ)ကျော်လောက်ရပ်နေတယ်။ အင်းတော် ဘူတာမှာလည်း ခရီးသွားတွေရှိသေးတယ် ကြားတယ်။ ရထားလမ်းပွင့်တယ်လို့ တော့မကြားသေးဘူး။ ရေထပ်ကြီးမှာကိုပဲ စိုးရိမ်နေကြတယ်''ဟု မြစ်ကြီးနားဒေသခံ မောင်ညို ပြောသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment