Saturday, October 24, 2015

အင်္ဂလိပ်ပရီမီယာလိဂ်ပွဲစဉ် (၁ဝ) ၀က်စ်ဟမ်းတို့ ချယ်လ်ဆီးကိုအနိုင်ရ

အင်္ဂလိပ်ပရီမီယာလိဂ်ပွဲစဉ် (၁ဝ) ၀က်စ်ဟမ်းတို့ ချယ်လ်ဆီးကိုအနိုင်ရ
==============================

အင်္ဂလိပ်ပရီမီယာလိဂ်ပွဲစဉ် (၁ဝ) အဖြစ် ဝက်စ်ဟမ်းနှင့် ချယ်လ်ဆီး တို့ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခွဲက ယှဉ်ပြိုင်ကစားရာ ဝက်စ်ဟမ်းတို့က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ယခုနှစ်ရာသီ၌ အသင်းကြီး များဖြစ်သည့် အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ကို အနိုင်ယူထားသော ဝက်စ်ဟမ်းသည် ယခုပွဲ၌လည်း ချယ်လ်ဆီးကို ထပ်မံအနိုင်ယူလိုက် ခြင်းမှာ ထူးခြားမှုဖြစ်သည်။ ဝက်စ် ဟမ်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၇ မိနစ်တွင် ကွင်းလယ်ကစားသမား ဇာရတ်တီက သွင်းယူပေးခဲ့သည်။ ချယ်လ်ဆီးအသင်း ချေပဂိုးရရန် ပြန်လည်ဖိအားပေး ကစားရာမှ အဝါကတ်များ ပြသခံရပြီး ၄၅ မိနစ် တွင် ချယ်လ်ဆီးကွင်းလယ်လူ မာတစ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံ ရသည်။

ဒုတိယပိုင်းတွင် နည်းပြမော်ရင် ဟို လူစားလဲမှုများပြုလုပ်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ချယ်လ်ဆီး နောက် တန်းကစားသမား ဂယ်ရီကာဟေးလ် က ချေပဂိုးကို သွင်းယူခဲ့သည်။

ဝက်စ်ဟမ်းအသင်းအတွက် ဒုတိယဂိုးကို လူစားဝင်လာသူ အင် ဒီကာရိုးက ပွဲချိန် ၇၉ မိနစ်တွင် သွင်း ယူပေးခဲ့သည်။ ပွဲအပြီးတွင် ဝက်စ်ဟမ်းတို့ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီး ဝက်စ် ဟမ်းက အမှတ် ၂ဝ ၊ ချယ်လ်ဆီးက ၁၁ မှတ် ရရှိထားသည်။

အခြားပွဲစဉ်များတွင် ဆွမ်ဆီး က အက်စ်တွန်ဗီလာကို နှစ်ဂိုး- တစ်ဂိုး၊ လက်စတာက ပဲလေ့စ်ကို တစ်ဂိုး - ဂိုးမရှိ၊ ဝက်စ်ဘရွန်းက နော့ဝှစ်ခ်ျကို တစ်ဂိုး-ဂိုးမရှိ၊ ဝက်ဖို့ဒ် က စတုတ်ကို နှစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့သည်။
သီဟ



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment