Thursday, October 8, 2015

မျက်စိဝေဒနာရှင်များအား ဒုတိယအကြိမ် အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေး မည်

မျက်စိဝေဒနာရှင်များအား ဒုတိယအကြိမ် အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေး မည်

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် သီတဂူဆရာတော်ကြီး၏ သြဝါဒ လမ်းညွှန်မူဖြင့် ဆရာတော်ဦးသောဘိတ ဦးဆောင်ပြီး ရဟန်းရှင်လူပြည်သူများအား လူမျိုးမရွေး ဘာသာမရွေး ဒုတိယအကြိမ် အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ယခင်က စက်တင်ဘာ ၂၅မှ အောက်တိုဘာ ၂ရက်နေ့အထိ စမ်းသပ်ခွဲစိတ်ပေးရန် စီစဉ်ထားသော်လည်း ယခုအခါ အောက်တိုဘာ ၁၇ရက်မှ ၂၁ရက်နေ့အထိ ၅ရက်တိုင် ပြောင်းလဲကုသပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား နိုင်ငံခြားပြန ပါရဂူများ/ စစ်ကိုင်း သီတဂူဆေးရုံမှ သမားတော်ကြီးများနှင့် အထူးကုဆရာဝန်များ ပူးပေါင်းကာ စမ်းသပ်ခွဲစိတ် ကုသပေးမည်ဖြစ်ပြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးသို့ စာရင်းပေးနိုင်ကြောင်း သိရသည်။
ဒုတိယအကြိမ် မျက်စိခွဲစိတ်ကုသမှု ဆေးအလှူရှင် အဖြစ် နှစ်ဖက်မိဘ များအား အမှူးထား၍ ဦးဆန်းဝင်းနိုင် + ဒေါ်ထိန်ရော့ဂျာခေါင် မိသားစု ဆိုင်းတောင် ကျေးရွာဖားကန့် မြို့နယ်တို့က လှူဒါန်းပြီး သဒ္ဒါကြည်ဖြူ ပါရမီရှင် ပြည်သူများ လှူဒါန်းလိုပါက ဖုန်း ၀၉-၅၉၁၅၁/ ၀၉-၄၀၀၅၃၉၈၉၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment