Wednesday, October 14, 2015

ကျနော့်ကိုယ်စား ပြောပေးပါ'

ကျနော့်ကိုယ်စား ပြောပေးပါ'

.
ညနေက ဟင်းချက်နေတုန်း ဖုန်းမက်ဆေ့ခ်ျဝင်လာတယ်။
ကြည့်လိုက်တော့ ကျောင်းတုန်းက သူငယ်ချင်း။
ခုတော့ နေပြည်တော်မှာ ရုံးထိုင်တဲ့ အရာရှိမကြီး ဖြစ်နေပြီ။
သူကမေးတယ်... ...
"ဟဲ့အကောင်"
"Yes"
"ဘာတွေလုပ်"
"Cooking"
"ဘာCook လဲ"
"လဗြိုင်"
"ဘာကွတ်တာ?"
"လဗြိုင်"
"ငါမစားဖူးဘူး၊ အာ့ဟာ မလေးဟင်းလား"
"အင်း..."
"နည်းလေး ပြောပြစမ်း၊ ငါလည်း cook ကြည့်ချင်လို့"
(ဒုက္ခော... ဘယ့်နှာလုပ်ရပ့ါ၊ အမှန်ပြောရင်လည်းပြသနာ၊ မပြောရင်လည်း ဆဲမှာ)
"အာ... မ cook ပါနဲ့၊ အဲ့ဟင်း မိန်းကလေးနဲ့ မတည့်ဘူး"
"အို... ငါ မိန်းကလေးမဟုတ်တော့ဘူး၊ အသက် ၄၇ အရွယ် အပျိုကြီးဖြစ်နေပြီ"
(အရေးထဲ ကြော်ငြာက ပါလာသေးတယ်)
"အေး... ခု မအားသေးလို့ နောက်မှ ပြောပြမယ်ညော်"
"တကယ်ပြောပြနော်... ငါက အထူးအဆန်းဟင်းဆို စိတ်ဝင်စားတယ်ရယ်၊ ငါလည်း Cook ကြည့်မယ်၊ ဘာတဲ့... အော် လဗြိုင် လဗြိုင် ဟင်း ဟင်း မေ့တော့မလို့"
ကဲ...
အဲ့ အပျိုကြီးကို အဲ့ဒီဟင်းချက်နည်းလေး ကျနော့်ကိုယ်စား ပြောပေးကြဘာ
ကျနော် ကြောက်လို့... ...
.
.
သန်၎ကို - ပေါက်ကရ၄ဆယ်
credit-Thanlay Ko
-------
ပြန်လည်မျှဝေသည်
-မှတ်စုကြမ်း



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment