၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေက...
၁၀ တန်းကျောင်းသားတွေလိုပဲ...
စံ တစ်ခုထားပြီး အောင်ဖို့အတွက် အာတင်းနေရတယ်...
ပြင်ဆင်နေရတယ်.. ...
အဲနေရာမှာ ငါဒီစာမေးပွဲကို အောင်ပါတယ်....
အေး ဆေးပါ.... ငါရပြီးသား စာတွေပါလို့ တွက်နေသူကလည်း...
ဒုနဲ့ ဒေး ရှိနေတယ်....
တစ်ကယ်တမ်း ဖြေတဲ့အချိန် ဂုဏ်ထူးမှန်းတဲ့သူ က
မပါသလို.. မထင်ထားတဲ့သူကလည်း အပြောင်းအလဲဖြစ်လာမယ်...
အဲချိန်ရောက်မှ....
မေးခွန်းက ကျပ်လို့ပါ... ငါကျတ်ထားတာ မပါလို့ပါ....
မကျေနပ်ဖူးဆိုတဲ့ အထာနဲ့ ပေါက်ကွဲလို့လည်းမရဘူး......
ဒါက ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတွေကို နှိုင်းယှဉ်ပြတာ...
ကိုယ်တွေကတော့....
အမျိုးသားရေး ဦးထိပ်ပန်ဆင်မယ့်... ပါတီကိုပဲ မဲပေးမယ်....
ခေးတို့ကို အားပေးကြပါစို့
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment