Saturday, October 17, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲလက်မှတ်များ ထပ်မံရိုက်နှိပ်ပေးရန်အပ်နှံမှုအပေါ် အချိန်မီပုံနှိပ်သွားမည် =======================================

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲလက်မှတ်များ ထပ်မံရိုက်နှိပ်ပေးရန်အပ်နှံမှုအပေါ် အချိန်မီပုံနှိပ်သွားမည်
========================================

နေပြည်တော် အောက်တိုဘာ ၁၇

၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အပ်နှံမှုနှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှ တာဝန်ယူပုံနှိပ်လျက်ရှိသည်။
ထိုသို့ ပုံနှိပ်ရာတွင် ဆန္ဒမဲလက်မှတ် အမျိုးအစား ၁၁၅၉ မျိုး၊ မဲလက်မှတ် အရေအတွက် ၁၂၉၇၉၃၆၂၂ ရွက်ကို စက်တင်ဘာ ၁၁ ရက်က စတင်ပုံနှိပ် ခဲ့ရာ အောက်တိုဘာ ၁၈ ရက်တွင် ပြီးစီးမည်ဖြစ်ပြီး ဆောင်ရွက်ပြီးမဲလက်မှတ် များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လွှဲပြောင်းပေးလျက် ရှိသည်။
ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ် အတွက် စောင်ရေ ၃၇၉ဝဝ၊ ကရင်ပြည်နယ်အတွက် စောင်ရေ ၁၂ဝဝဝ၊ ချင်းပြည်နယ်အတွက် စောင်ရေ ၁ဝ၇ဝဝ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် စောင်ရေ ၃၃၅ဝဝ၊ တနင်္သာရီတိုင်းဒေသကြီးအတွက် စောင်ရေ ၈၄၅၅ဝ၊ ပဲခူးတိုင်းဒေသကြီးအတွက် စောင်ရေ ၉၈ဝဝ၊ မန္တလေးတိုင်းဒေသကြီးအတွက် စောင်ရေ ၉၆ဝဝ၊ မွန်ပြည်နယ်အတွက် စောင်ရေ ၂၃၄ဝဝ နှင့် ရှမ်းပြည်နယ် အတွက် စောင်ရေ ၂၆၄၆၅ဝ စုစုပေါင်း စောင်ရေ ၄၈၆၁ဝဝ ကို ထပ်မံရိုက် နှိပ်ပေးရန် အပ်နှံလာသဖြင့် အချိန်မီပြီးစီးရေး ဆက်လက်ပုံနှိပ်သွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment