Friday, October 2, 2015

လူ့မိုက်ရိုင်း ဒါရိုက်တာဝိုင်းသို့" *******************************

လူ့မိုက်ရိုင်း ဒါရိုက်တာဝိုင်းသို့"
*******************************
သံဃာဆိုသည်မှာ မြတ်စွာဘုရားလက်ထက် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အာနန္ဒာ၊ အရှင်မဟာကဿပစသည်မှစ၍ ယခုအထိရှိနေကြသော ရဟန်း သာမဏေအားလုံး ပါဝင်ပါသည်။ သံဃာဟု ဆိုလိုက်လျှင် ဦးဘယ်သူ၊ စသောပုဂ္ဂိုလ်တစ်ပါးတလေကိုမှ မမြင်ရ၊ သံဃာအစုအဝေးကြီး တစ်ခုလုံးကိုသာမြင်ရမည်။ သံဃာဟူသော အစုအဝေး အဖွဲ့အစည်းကြီးတွင် အလဇ္ဇီ၊ ဒုဿီလ၊ အတုအယောင်ဟူ၍ မရှိ၊ သုပ္ပဋိပန္တွတာ စသော ဂုဏ်ရှင်များဖြစ်၍ စင်ကြယ်သန့်ရှင်းကြသည် ဖြစ်သည်။ ဤကဲ့သို့ သံဃာအားလှူဒါန်းလျှင် အလဇ္ဇီ၊ ဒုဿီလ မရှိ၍ အလှူခံဘက်မှ အထူးစင်ကြယ်ပါသည်။ ဆွမ်းလောင်းရာတွင်ဖြစ်စေ၊ ဆွမ်းကပ်ရာတွင်ဖြစ်စေ အလှူဒါန တစ်ခုခု ပြုကြရာ၌ဖြစ်စေ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီမှ စတဲ့ ပုဂ္ဂိုလ်တစ်ဦးတလေကို မသုံးသပ်ဘဲ သံဃာအစုအဝေးကြီးကို သုံးသပ်နိုင်အောင် နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ သို့မှသာ သံဃာအစစ်အမှန်ကို ကိုးကွယ်ဆည်းကပ်ရာ ရောက်မှာဖြစ်ပါတယ်။ သာမဏေတစ်ပါးပင်ဖြစ်လင့်ကစား သံဃာကိုရည်မှန်းပြီးလှူဒါန်းပါက သံဃိကဒါန သာဖြစ်ပါတယ်။ သီလမဲ့သူ ဒုဿီလရဟန်းပင်ဖြစ်လင့်ကစား သီလမဲ့သူဟူသော ပုဂ္ဂိုလ်အစွဲမထားဘဲ ဘုရားတပည့် သံဃာအားသာ ငါလှူသည်ဟု သဘောထား လှူဒါန်းနိုင်လျှင် သံဃိကဒါနဖြစ်ပြီး အကျိုးအားဖြင့်လည်း မရေမတွက်နိုင်အောင် များပြားလှပေသည်။ အကျိုးကြီးသော ဒါနဖြစ်သည်။
မိမိနှင့် သဟဇာတဖြစ်သူ၊ မိမိအားထောက်ခံအားပေးသူ ရဟန်းများအား ရွေးချယ်လှူဒါန်းခြင်းသည် သံဃိကဒါန မဖြစ်ပေ။ ပုဂ္ဂလိကဒါန သာဖြစ်ပေသည်။ အကျိုးနည်းသောဒါန ဖြစ်သည်။ သံဃိကဒါနသည် အလှူခံပုဂ္ဂိုလ်၏ မျက်နှာကိုမကြည့်၊ ကိုယ်ကျင့်တရားကိုမကြည့် ပုဂ္ဂိုလ်စွဲကို လုံးဝဖျောက်၍ လှူဒါန်းသည့် ဒါနမျိုးဖြစ်၍ ပုဂ္ဂိုလ်စွဲဖြင့် လှူသော ပုဂ္ဂလိကဒါနထက် အဆပေါင်းများစွာ အကျိုးကြီးမား၏။ အောက်ထစ်ဆုံး အားဖြင့် ဒက္ခိဏဝိဘင်္ဂသုတ်၌ မြတ်စွာဘုရားက ချစ်သားအာနန္ဒာ နောင်ကာလရှည်ကြာ သည့်အခါ ဤရဟန်းအနွယ်ပျောက်လုနီးပါးဖြစ်ကာ လည်ပင်း၌သာ သင်္ကန်းအစပိုင်းကို ချည်နှောင်ထားကြ၍ မကောင်းမှုများကို ပြုလုပ်နေကြသည့် ဒုဿီလရဟန်းများ ဖြစ်လာကြမည်။ ထိုရဟန်းတို့အား ဒကာ ဒကာမများက သံဃာတော်၏ ဂုဏ်ကို ရည်မှန်း၍ လှူဒါန်းကြပေမည်။၊ ထိုအလှူသည်ပင်လျှင် မရေမတွက်နိုင်လောက်အောင် အကျိုးကြီးမားသည်ဟု ငါဘုရား ဟောတော်မူ၏။
ဥဂ္ဂသူကြွယ်၏ လှူပုံကား အားလုံးအတုယူစရာကောင်းလှပါတယ်။ “တပည့်တော်သည် သံဃာတော်အား လှူဒါန်းသည့်အခါနှင့် သံဃာကို ဆွမ်းကပ်သောအခါတို့၌ ဤပုဂ္ဂိုလ်ကား အရိယာပုဂ္ဂိုလ်၊ ပုထုဇဉ်၊ သီလဝန္တပုဂ္ဂိုလ် ဖြစ်သည့်အတွက် များများလှူမည်။ ဤပုဂ္ဂိုလ်ကတော့ ဒုဿီလဖြစ်သည့်အတွက် နည်းနည်းလှူမည်” ဟူ၍ စိတ်ဖြစ်ခြင်း အလျှင်းမရှိ၊ အမှန်စင်စစ် အရိယာ၊ သီလဝန္တ၊ ဒုဿီလဟူ၍ မခြားနားဘဲ တူမျှသော စိတ်ရှိ၍သာ တပည့်တော် လှူဒါန်းပါသည်ဟု ရဟန်းတော် တစ်ပါးအား ဥဂ္ဂသူကြွယ်၏ အလှူဒါနနဲ့ပတ်သက်ပြီး လျှောက်ထားပုံလေးဖြစ်ပါတယ်။ သံဃာကို သံဃာလို့ မြင်ပြီး သံဃာ့ဂုဏ်ကို အာရုံပြုနိုင်၍ သံဃာအစစ်အမှန်ကို ကိုးကွယ်ဆည်းကပ်တတ်သူ၊ ဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း မဘသ သံဃာတော်များကို ဆွမ်းမလောင်းဟု ဒါရိုက်တာဝိုင်းပြောဆိုထားသည်ကို အင်တာနက်စာမျက်နှာပေါ်တွင် ဖတ်ခဲ့ရပါတယ်။ “မန္တလေးမြို့ပေါ်မှာလည်း NLD ပါတီဝင်များမှ မဘသဆို ကန်တော့ဆွမ်း” ဟု ရေးသားထားသည်ကို တွေ့ရပါတယ်။ သံဃာအစစ်အမှန်ကို မကိုးကွယ်တတ်သူဟု ယူဆမိပါတယ်။ ဒါရိုက်တာဝိုင်းကို ပြောချင်တာက သံဃာတွေက ဒကာရဲ့ဆွမ်းကို အမှီပြုပြီး အသက်ရှင်နေခြင်း မဟုတ်ပါဘူး။ ဒကာ တစ်နေ့ကို သံဃာဘယ်နှစ်ပါးဆွမ်းလောင်းနေပါသလဲ။ မြန်မာနိုင်ငံမှာ သံဃာအင်အား လေးသိန်းကျော်၊ လေးသိန်းလောက်ရှိပါတယ်။ ထိုအထဲမှ ဒကာ ဘယ်နှစ်ပါးတောင် ဆွမ်းအလုပ်အကျွေးပြုနေလို့ ဒီစကားကို ပြောရတာလဲ၊ မဘသအဖွဲ့အစည်းက သံဃာတွေ အမျိုး ဘာသာ သာသနာအတွက် အလုပ်လုပ်နေတာ အားလုံးအသိပါ။ သံဃာအားလုံးကို ထိုသံဃာတော်များနှင့် ပတ်သက်သည့် ဆွေမျိုးသားချင်း၊ ဒကာ ဒကာမများက နိုင်ရာထောက်ပံ့နေခြင်းပါ။ ပြည်သူအားလုံးက ကျွေးနေခြင်းမဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒကာကိုတော့ ပြည်သူလူထုက ထမင်းကျွေးထားတယ်လို့ပြောရင် ဒကာငြင်းမလား၊ ခေတ်အဆက်ဆက် သံဃာတော်တွေက ဘယ်ဒကာ ဒကာမအပေါ်ကိုမှ သစ္စာမဖောက်ခဲ့ပါ။ သာပေါင်းညာစားမလုပ်ခဲ့ပါဘူး။ စစ်အစိုးရလက်ထက်တုန်းက ဒကာတို့ ဒီလိုစကားပြောရဲခဲ့လား၊ နေရာမပျောက်ဖို့ ဟိုလူ့ရှိခိုး၊ ဒီလူ့ဦးချ၊ ဟိုလူ့ကိုဖား၊ ဒီလူ့ကိုဖား၊ ပြည်သူလူထုအတွက် ဘာတစ်ခုမှစဉ်းစားပေးခဲ့တာမဟုတ်ဘဲ ဒီအချိန်ရောက်မှ ဒီလိုစကားမျိုးပြောတာဟာ ဒကာရဲ့ မိုက်ရိုင်းမှုကို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဒကာရဲ့ပုံပန်းသဏ္ဍန်ကိုက လူ့မိုက်ရိုင်း၊ လူ့အန္ဓဆိုတာ ပေါ်လွင်ပါတယ်။ အထင်ကြီးစရာ လေးစားစရာ တစ်ပြားတစ်ချပ်မှ မရှိပါဘူး။ မဘသသံဃာတော်တွေကို ထောက်ခံနေတဲ့ ဒကာ ဒကာမများက ဟိုပါတီက သံဃာ၊ ဒီပါတီကသံဃာဆိုပြီး ရွေးချယ်လှူဒါန်းတာမျိုးမလုပ်ဘူးဆိုတာ ကြည့်ရင် ဘယ်သူက သူတော်ကောင်းစိတ်ရှိသူ၊ ဘယ်သူက သူယုတ်မာစိတ်ရှိသူဆိုတာ ထင်ရှားပါတယ်။ ဒကာဆွမ်းမလောင်းလို့ ငတ်သေသွားတဲ့ ရဟန်းတစ်ပါးမှ မရှိသေးဘူး။ ဒကာလည်း သာသနာအတွက် ဘာအကျိုးမှ မများဘူး။ လူမျိုးအတွက်လည်း အကျိုးမများပါဘူး။ လောကအတွက်လည်း အကျိုးမများ၊ ဆန်ကုန်မြေလေး သာသာပါ။ တစ်မျိုးလုံး တစ်ဆွေလုံးပေါင်းလို့ မဘသသံဃာတော်များရဲ့ သီလ သမာဓိ ပညာရဲ့ ခြေဖဝါးကပ်သလောက်တောင် မရှိတဲ့ ဒကာတို့ ဆွမ်းမလောင်းလည်း သာသနာကို တကယ်ကြည်ညို၊ သံဃာအစစ်အမှန်ကို တကယ်ကိုးကွယ်တတ်သူ၊ သူတော်ကောင်းစိတ်မြတ်များရှိတဲ့ ဒကာ ဒကာမတို့က ဆွမ်းလောင်းနေကြမှာပါ။ ဒကာကျွေးတဲ့ ဆွမ်း၊ ဒကာလောင်းတဲ့ဆွမ်းကိုစားရမှ မနက်ဖန် အသက်ဆက်ရှင်မယ်ဆို ချက်ချင်းအသေခံပါ့မယ်။ ဒကာ ဆွမ်းလောင်းမှ မဘသသံဃာတော်တွေ ဆွမ်းဘုဉ်းပေးရမယ်ဆိုရင် ဦးဇင်းကိုယ်တိုင် ကျွန်ခံအလုပ်လုပ်ပြီး ဆွမ်းကပ်ပါ့မယ်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment