Tuesday, October 27, 2015

ရွေးကောက်ပွဲနေ့တွင် မဲရုံတာဝန်ထမ်းဆောင်မည့်သူများ အောက်တိုဘာ ၂၉ ရက်တွင် ကြိုတင်မဲ စတင်ပေးရမည်

ရွေးကောက်ပွဲနေ့တွင် မဲရုံတာဝန်ထမ်းဆောင်မည့်သူများ အောက်တိုဘာ ၂၉ ရက်တွင် ကြိုတင်မဲ စတင်ပေးရမည်

27-10-2015

ရွေးကောက်ပွဲနေ့ မဲရုံများတွင် တာဝန်ထမ်းဆောင် ရမည့်သူများနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရမည့် ရဲတပ်ဖွဲ့ဝင် များသည် အောက်တိုဘာ ၂၉ရက်၌ ကြိုတင်မဲစတင်ပေးရမည် ဟု ဒက္ခိဏသီရိခရိုင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့် ဦးကပြောသည်။

ရွေးကောက်ပွဲနေ့ မဲရုံများ တွင် တာဝန်ထမ်းဆောင်ရမည့် ၀န်ထမ်းများ၊ လုံခြုံရေးဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက်မှ နိုဝင် ဘာ ၆ ရက်အထိ မိမိမဲပေးရမည့် ရပ်ကွက်များ၌ ပုံစံ ၁၃ ပြုစုကာ ကိုယ်တိုင် လာရောက်မဲပေးကြရ မည်ဖြစ်ကြောင်း ဦးမြင့်ဦးကပြော သည်။

‘‘ဥပဒေအရတော့ ကြိုတင် မဲက နိုဝင်ဘာလဆန်းမှ လျှောက် လွှာခေါ်ပြီးလုပ်ရမှာ။ လျှောက် လွှာခေါ်ပြီး ပုံစံ ၁၃ ကို လက်ခံပြီးမှ တစ်ရက်နှစ်ရက်အလိုမှာ ပေးရမှာ။ သို့သော်လည်း အခုက ၂၉ ရက်က စပြီးတော့မှ လျှောက် လွှာတင်တယ်လို့လည်း မဟုတ် တော့ဘဲနဲ့ အထောက်အထားတွေ ပြပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေအ နေနဲ့ မဲရုံတာဝန်ထမ်းဆောင်ရ မယ့်သူနဲ့၊ တခြားနိုင်ငံ့တာဝန် ထမ်းဆောင်ဖို့အတွက် သွားလာရ မယ့်ကိစ္စတွေ ဖြစ်နေလို့ရှိရင် ၂၉ ရက်နေ့က စပြီးတော့ ကျွန်တော် တို့ ကြိုတင်မဲကို ပုံစံ ၁၃ နဲ့ပြုစုပြီး တော့မှ တစ်ခါတည်း မဲပေးလို့ရ တယ်’’ဟု ဦးမြင့်ဦးကပြောသည်။

လုံခြုံရေးတာဝန်ထမ်းဆောင် ရမည့်သူများ ကြိုတင်မဲပေးရမည် ဖြစ်သော်လည်း လက်ရှိအချိန်ထိ မည်သို့မဲပေးရမည်ကို မသိရှိရ သေးကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတစ်ဦးက ပြောသည်။

‘‘မဲရုံနဲ့ပတ်သက်ပြီးတော့ လုံ ခြုံရေးတာဝန်ယူနေရတဲ့အတွက် မဲပေးဖို့အချိန်မရတဲ့သူတွေ မဲပေး ရဖို့တော့ရှိတယ်။ ဒါပေမဲ့ ဘယ် လိုသတ်မှတ်ပြီးတော့ ဘယ်လိုပေးရမယ်ဆိုတာတော့ ကျွန်တော် တို့ မသိရသေးဘူး’’ဟု ဒုရဲမှူးက ပြောသည်။

ထို့အပြင် အချုပ်ကျနေသူ များ ကြိုတင်မဲပေးနိုင်ရန် သက် ဆိုင်ရာအကျဉ်းဦးစီးဌာနက ပေးပို့လာသည့် ပုံစံ ၁၅ များကို လက်ခံ၍ မဲလက်မှတ်များကို အောက်တိုဘာ ၁၈ ရက်က စတင်ထုတ်ပေး နေကြောင်း ဦးမြင့်ဦးကပြောသည်။

7daydaily



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment