Sunday, October 18, 2015

နိုင်ငံကို စနစ်တကျ စီမံခန့်ခွဲသူများဖြင့် အစိုးရဖွဲ့မည်ဟု ဦးဌေးဦးဆို

နိုင်ငံကို စနစ်တကျ စီမံခန့်ခွဲသူများဖြင့် အစိုးရဖွဲ့မည်ဟု ဦးဌေးဦးဆို
......................................................................................
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အစိုးရဖွဲ့နိုင်ပါက နိုင်ငံတော်ကို စနစ် တကျစီမံခန့်ခွဲသူများဖြင့်သာ အစိုးရဖွဲ့သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌဦးဌေးဦးက The Messenger Mediaသို့ ပြောသည်။
''တစ်အချက်ကတော့ နိုင်ငံကို စနစ်တ ကျခန့်ခွဲနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ရပါ့မယ်။ အဲဒီ အထဲမှာ တတ်သိပညာရှင်တွေလည်း ပါနိုင်တာ ပေါ့။ အချို့က အတတ်ပညာရှင်တွေလည်း ပါနိုင်တာပေါ့။ အချို့က အတတ်ပညာပေါ်မှာ မူတည်ပြီးတော့ နိုင်ငံကို စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးတယ်''ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် လက်ရှိအာဏာရပါတီဖြစ်ပြီး ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အောင် နိုင်ရေးအတွက် သက်ဆိုင်ရာပါတီဝင် လွှတ် တော်ကိုယ်စားလှယ်လောင်း များသည်လည်း ¤င်းတို့မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံး မှုများ ပြုလုပ်လျက် ရှိသည်။
ဓာတ်ပုံ-AFP



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment