Tuesday, October 6, 2015

အာရှယူ-၁၉ခြေစစ်ပွဲ အုပ်စု(G)တွင် ဗီယက်နမ်ခြေစစ်ပွဲအောင်

အာရှယူ-၁၉ခြေစစ်ပွဲ အုပ်စု(G)တွင် ဗီယက်နမ်ခြေစစ်ပွဲအောင်

၂၀၁၆ အာရှယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု(G)၏နောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ်အသင်းက အိမ်ရှင် မြန်မာအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရပြီး အုပ်စုပထမနေရာဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

ဗီယက်နမ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို (၂၀)မိနစ်တွင် ဟာဒူချင်က သွင်းယူခဲ့ပြီး (၅၂) မိနစ်တွင် ဗီယက်နမ်အသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့သော်လည်း ဂိုးဘားတန်းထိသွားခဲ့သည်။ အုပ်စုပွဲစဉ်အားလုံးအပြီးတွင် ဗီယက်နမ်အသင်းက (၄)ပွဲကစား၊ (၄)ပွဲနိုင်၊ (၁၂)မှတ်ဖြင့် ပထမနေရာရခဲ့ပြီး မြန်မာအသင်းမှာမူ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး၊ (၇)မှတ်ဖြင့် ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

အကောင်းဆုံးအုပ်စုဒုတိယ(၅)သင်း ခြေစစ်ပွဲအောင်မြင်
မည်ဖြစ်သော်လည်း မြန်မာအသင်းမှာ ယင်းထိပ်ဆုံး(၅)သင်းစာရင်းသို့ ၀င်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ(၆)ရက်တွင် ကစားခဲ့သည့် ပထမပွဲစဉ်တွင်မူ ဟောင်ကောင်အသင်းက ဘရူနိုင်းအသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment