ကချင်ပါတီ (၃)ပါတီကိုသာ မဲပေးရန် စဉ်စားသင့်ကြောင်း KDP ပါတီပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းဆို
ကချင်ပြည်နယ် အခြေစိုက်ပါတီမဟုတ်သည့် မြန်မာပြည်အောက်ပိုင်းတွင် အခြေစိုက်သည့် ပါတီများအား ဖြစ်နိုင်ပါက မဲထည့်ရန် မစဉ်းစားပေးရန် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းမှ ယနေ့ ပြည်သူလူထုများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ပါတီနိုင်ငံရေးသည် ပါတီမူကအရေးကြီးသည့်အတွက် ကချင်လူမျိုး ကိုယ်စားလှယ်လောင်းများသည် အဆိုပါ ပါတီများတွင် ရှိသော်လည်း အဆိုပါကိုယ်စားလှယ်များသည် ၎င်းတို့ပါတီတွင် အခွင့်အရေးရရှိရန် နည်းပါးမည်ဖြစ်သည့်အတွက် ပြောဆိုနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်းလည်းဆိုသည်။
ထိုကြောင့် မဲထည့်ရန် ကချင်ပါတီ သုံးပါတီကို အဓိက စဉ်စားပြီး ထိုပါတီမှ မည့်သည့်ပါတီသည် ချုပ်နှောင်မှုကင်းသည့် ပါတီနှင့် မိမိတို့အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်သည့် ပါတီကို စဉ်စား ချိန့်ချိန်ပြီး မဲပေးရင် ပိုမိုသင့်တော်မည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ကချင်ဒီမိုကရက်တစ်ပါတီသည် ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရန် အဓိက လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်းဖော်ပြထားသည်။
ကချင်ဒီမိုကရက်တစ်ပါတီသည် ကချင်ပြည်နယ်မြို့နယ် ၁၃ မြို့နယ်တွင် ကိုယ်စားလှယ်လောင်း (၃၂) ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယှဉ်ပြိုင်သွားမည့်သူအများပိုင်းသည် လူငယ်များဖြစ်သည်။
No comments:
Post a Comment