Friday, October 9, 2015
လက်ရှိအခြေအနေမှာ ... ပါတီကိုကြည့်ပြီး မဲပေးရမယ်ဆိုရင် ... NLDကို ကျွန်တော် မဲ ပေးမှာ မဟုတ်ဘူး ... ဘာကြောင့် မဲမပေးသလဲဆိုတဲ့  .... အကြောင်းပြချက် ၊ ယုံကြည်ချက် ... ကျွန်တော့်မှာ ခိုင်ခိုင်လုံလုံရှိတယ် ....
လက်ရှိအခြေအနေမှာ ...
ပါတီကိုကြည့်ပြီး မဲပေးရမယ်ဆိုရင် ...
NLDကို ကျွန်တော် မဲ ပေးမှာ မဟုတ်ဘူး ...
ဘာကြောင့် မဲမပေးသလဲဆိုတဲ့  ....
အကြောင်းပြချက် ၊ ယုံကြည်ချက် ...
ကျွန်တော့်မှာ ခိုင်ခိုင်လုံလုံရှိတယ် ....
ပထမဆုံး အကြောင်းပြချက်ကတော့ ...
=======================
ဘယ်ပါတီကိုမှ တောင်ပြိုကမ်းပြို ....
တစ်ပါတီတည်း အင်အားကြီး မနိုင်စေချင်လို့ ပဲ ...
ပြည်ခိုင်ဖြိုး တစ်ပါတီတည်း ...
လွှတ်တော်ထဲမှာ အင်အားကြီးခဲ့တော့ ...
ပိုင်ဆိုင်မှုတွေ တင်ပြဖို့ ဆိုတဲ့  အဆို ...
ခွက်ခွက်လန် ရှုံးခဲ့ဖူးတယ် ...
ဒါ ဘာလို့ လဲဆိုတော့ ...
တစ်ပါတီတည်း အင်အားကြီးနေလို့  ဖြစ်ခဲ့တာ ....
ပြည်ခိုင်ဖြိုးထဲမှာက ...
အရင်စစ်အုပ်ချုပ်ရေးတုန်းက စားခဲ့ဝါးခဲ့တဲ့  ....
စားဖားကြီးတွေ အတော်များများ ပြန်ပါနေတယ် ...
( ကောင်းတဲ့ သူတစ်ချို့ လဲ ရှိပါတယ် ...
သို့ သော် မီးများ မီးနိုင် ရေများရေနိုင်ပဲ ... )
သူတို့ လူတွေပဲ လွှတ်တော်ထဲ ကြီးစိုးနေတော့ ...
တိုင်းပြည်အတွက် အရေးကြီးတဲ့ အဆိုတစ်ခု ...
လွှတ်တော်မှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ရတယ် ....
NLD တစ်ပါတီထဲ အင်အားကြီးလာခဲ့ရင် ...
တစ်ချို့ အဆိုတွေ အဲဒီလိုပဲ ဖြစ်လာနိုင်တယ် ....
(ဥပမာ ၁၉၈၂ နိုင်ငံသားအက်ကို ပြင်ဆင်ဖို့ အဆိုတင်တာမျိုး )
၂၀၁၆ လွှတ်တော်မှာ ဒါမျိုး ထပ်မဖြစ်စေချင်တော့ဘူး ....
လွှတ်တော်ထဲမှာ မျှခြေတစ်ခု ဖြစ်နေစေချင်တယ် ...
ဒုတိယအချက်ကတော့ ...
===============
NLD လုပ်မယ့်  ပြုပြင်ပြောင်းလဲမှုတွေထဲက တစ်ချို့ ကို ...
ကျွန်တော် လုံးဝ သဘောမတူနိုင်လို့  ...
ဘာတွေလဲဆိုတော့ ...
၁။ ၁၉၈၂ နိုင်ငံသား ဥပဒေ ...
ဒီ ဥပဒေကို အန်အယ်လ်ဒီက ပြင်ဖို့ ရာခိုင်နူန်း အတော်များနေတယ် ...
သူ့ အယူအဆက ဘင်္ဂါလီ ပြသနာဟာ ...
တစ်ခုခုတော့ ဖြေရှင်းမှရမယ် ...
အဲဒီ တစ်ခုခုဟာ ၁၉၈၂ အက်ကို လျော့ပေါ့ပြီး ...
ဘင်္ဂါလီတွေနဲ့  ညှိနိုင်းမယ့်သဘော ဖြစ်ပုံရနေတယ် ....
ကျွန်တော် သဘောမတူနိုင်ဘူး ...
၁၉၈၂ အက်ကို ပြင်တာကိုလဲ လက်မခံနိုင်ဘူး ...
၂။ ပုဒ်မ ၄၃၆ ...
ဒီပုဒ်မကို ပြင်မယ်လို့ အတိအလင်းထုတ်ပြောထားတယ် ...
၄၃၆ ဟာ အခြေခံဥပဒေကြီး တစ်ခုလုံးရဲ့  ကီးဖြစ်တယ် ...
၄၃၆ ကိုပြင်လိုက်တာနဲ့  ...
အခြေခံဥပဒေထဲက ပုဒ်မတွေကို စိတ်ကြိုက် ပြင်ခွင့်ရသွားမယ် ...
ဥပမာ ကာလုံ ၊ တစ်မတ်သား စသဖြင့် စသဖြင့် ...
ကာလုံ ကို လူတွေ မကြိုက်ကြဘူး ...
တစ်မတ်သားကိုလဲ ထိုနည်းလည်းကောင်းပဲ ...
ကျွန်တော်ကတော့ ...
လက်ရှိအချိန်မှာ ...
ကာလုံတို့ တစ်မတ်သားတို့ ရှိသင့်တယ်လို့ ယူဆတယ် ...
ဘာလို့ လဲ ဆိုတော့ ...
ဒီကာလဟာ ခေတ်ပြောင်း စနစ်ပြောင်းကာလ ....
လူတွေဟာ တော်လှန်ရေးအဖျားတက်နေတယ် ...
အပြောင်းအလဲကို အရူးအမူးလိုချင်နေတယ် ...
ကျွန်တော်က တစ်ဆင့်ချင်းပြောင်းဖို့ လိုတယ် ထောက်ပြတယ် ...
ဥပမာ အီဂျစ်ကိုကြည့် ...
အီရတ်ကို ကြည့် ...
ဆီးရီးယားကို ကြည့် ...
ဆိုဗီယက်က ဂိုဗာချော့ရဲ့  ပယ်ရီစထရွိုက်ကာ ကိုကြည့် ...
အာရပ်နွေဦးဟာ ငါးနှစ်လောက်အကြာမှာ ....
အားလုံး စုတ်ပြတ်သတ်သွားခဲ့ပြီ ...
ဒီနိုင်ငံတွေရဲ့  နိုင်ငံရေးရေခံမြေခံတွေဟာ ...
ကျွန်တော်တို့ နဲ့  သိပ်ဆင်တယ် ...
လက်နက်ကိုင်အုပ်စုတွေ အများကြီးရှိတာ ...
တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ မတည့်တာ စသဖြင့် စသဖြင့် ...
NLD ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ...
အတော် စိတ်အားထက်သန်နေတယ် ...
ဒီပြုပြင်ပြောင်းလဲမှုတွေထဲမှာ ...
ကောင်းတာတွေ ပါနေသလို ဆိုးတာတွေလဲ ပါနေတယ် ....
ဆိုးတာတွေ အရှိန်မသပ်နိုင်ပဲ ...
တိုင်းပြည်ဗရုတ်သုတ်ခဖြစ်ပြီး ...
ကောင်းတာလေးတွေတောင် မခံစားလိုက်ရမှာ ...
ကျွန်တော် ကြောက်တယ် ....
ဒါကြောင့် သူ့ စိတ်တိုင်းကျ အကုန်လျှောက်ပြင်ဖို့  ခွင့်မပြုချင်ဘူး ...
သူ့ ကို ကန့် သတ်ထားမယ့်  ...
ကာလုံတို့  တစ်မတ်သားတို့ ...
( လတ်တလောမှာ ) ရှိနေစေချင်သေးတယ် ...
ဒီလိုထောက်ပြတော့ ဘာဖြစ်လဲ ...
ဘာမှမဖြစ်ဘူး ....
ထောင်နဲ့ ချီတဲ့  အဆဲတွေသာ ကျွန်တော်ရလာခဲ့တယ် ...
grin emoticon
grin emoticon
grin emoticon
grin emoticon
grin emoticon
ဒါဆိုရင် ကျွန်တော်သဘောပေါက်သွားပြီ ...
လူများစုဟာ Heat တက်နေတယ် ...
Mob Psychology သဘောတရားတွေအရ ....
ဒီအချိန်မှာ ဘာပြောပြော လက်ခံမှာမဟုတ်ဘူး ...
စပ်ကူမတ်ကူးကာလမှာ ...
ဒီလို Heat တက်ကြမယ်မှန်း ...
ဘယ်လို ဖျောင်းဖျဖျောင်းဖျ ...
လက်ခံကြမှာ မဟုတ်မှန်း အရင်ပုဂ္ဂိုလ်တွေကလဲ ...
ကြိုတင်ခန့် မှန်းပြီး ဖြစ်ဟန်ရှိတယ် ...
ဒါကြောင့် လွှတ်တော်နဲ့  အစိုးရရဲ့  လုပ်ပိုင်ခွင့်ကို ကန့် သတ်မယ့်  ...
တစ်မတ်သားတို့ ကာလုံတို့  ထည့်ပြီး ...
စနစ်တကျ အချိန်းအပြောင်းလုပ်သွားတာ ဖြစ်မယ် ...
ချုပ်ပြောရရင် ...
ဒီအချက်တွေကြောင့် ...
တစ်ဆင့်ချင်းပြောင်းတာကို ကြပ်မတ်စောင့်ကြည့်ပေးမယ့် ...
ကာလုံလို တစ်မတ်သားလို အဖွဲ့ တွေ ...
အစိုးရထဲ လွှတ်တော်ထဲမှာ (ခဏ) ရှိနေတာကို ...
ကျွန်တော် သဘောတူတယ် ...
ဒီအခင်းအကျင်းကို ခြိမ်းခြောက်နိုင်တဲ့  ပုဒ်မ ၄၃၆ ပြင်ဖို့ ကိစ္စ ...
ကျွန်တော် သဘောမတူဘူး ....
ဥပမာအနေနဲ့  ဒီနှစ်ခုကို ရေးပြတာ ...
ကျန်တာတွေလဲ ရှိသေးတယ် ...
သို့ သော် စာရှည်နေတော့မယ် ...
ထားတော့ ....
တတိယအချက်က ...
==============
NLD ဟာ တပ်မတော်ကို အမြင်စောင်းနေတယ် ...
မေစုက တပ်ကို ဒီလောက်ချစ်ပါတယ်ပြောနေတာ ...
ဘညာသာရကာ လာမပြောနဲ့  ....
သူက စင်ပေါ်မှာပဲ ပြောနေတာ ...
လက်တွေ့ ကျတော့ ကျွန်တော် အကြိမ်ကြိမ်ထောက်ပြခဲ့သလို ...
တပ်မတော် ရဲ့ ရပ်တည်မှုကို ခံစားမှုကို ...
သူ နားမလည်ဘူး ...
သူ့ လူအများစုလည်း ထိုနည်းလည်းကောင်းပဲ ....
တပ်ကလူတွေ သေတော့ အသံတစ်စက်မှ မထွက်ဘဲ ...
ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အမြောက်မှန်တော့မှ ...
ဝမ်းနည်းပါတယ်တို့  အဖြစ်မှန်ကို ဖော်ထုတ်ပေးပါ ထလုပ်ခဲ့တယ် ...
NLD ဗဟိုကော်မတီကကို ကြေငြာချက် ထုတ်ခဲ့တာ ....
ဒီအချက်တစ်ချက်ထဲနဲ့  ...
NLD ဟာ တပ်မတော်အပေါ် စာနာနားလည်မှုရှိပါတယ်လို့  ...
ကျွန်တော်တို့ ဘယ်လိုယုံကြည်ရမလဲ ???
သူတို့ အာဏာရလာရင် လက်နက်ကိုင်အဖွဲ့ တွေကို ...
ဖေဘာပေး ...တပ်မတော်ကို နှိပ်ကွပ်မထားပါဘူးလို့  ...
ကျွန်တော်တို့ ဘယ်လို ယုံကြည်ရမလဲ ?
ဒီလို အနေအထားကို ကျွန်တော် စိတ်ပူတယ် ...
ဒါကြောင့် အန်အယ်လ်ဒီကို ...
တစ်ပါတီတည်း အင်အားကြီး မနိုင်စေချင်တာ ....
စတုတ္ထအချက်က ....
=============
NLD အစိုးရ ဖြစ်လာရင် ...
တိုင်းပြည်မငြိမ်မသက်ဖြစ်မယ့် လက္ခဏာတွေကို မြင်နေရတယ် ....
အမျိုးသားရေး အုပ်စုတွေနဲ့  NLD ဟာ ...
အတော်ကို ခါးခါးသီးသီး ဖြစ်နေတယ် ...
လတ်တလော အတည်ဖြစ်သွားတဲ့  ....
မျိုးစောင့် ဥပဒေ လေးခု ကို ...
NLD က ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့တာ ...
အဲဒီတော့ သူ အာဏာရလာရင် ...
လွှတ်တော်ထဲကို အင်အားအလုံးအရင်းနဲ့  ၀င်လာရင် ....
ဒီ ဥပဒေတွေကို ပြန်ပြင်မယ့် အနေအထား ရှိနေတယ် ...
ဒါဟာ အမျိုးသားရေး အင်အားစုတွေ နဲ့  ...
အကြီးအကျယ် ပြသနာတက်မယ့် အနေအထား ဖြစ်တယ် ...
NLD အနေနဲ့  တစ်ခုသဘောပေါက်ရမှာက ...
အမျိုးသားရေးအုပ်စုတွေဟာ ....
တစ်စထက်တစ်စ အားကောင်းလာနေတယ် ...
သူတို့ အင်အားဟာ လစ်လျူရူလို့ ရတဲ့ အနေအထား ...
လုံးဝ မဟုတ်တော့ဘူး ....
ဒီအင်အား သိန်းဂဏန်းလမ်းပေါ်တက်လာရင် ....
အစိုးရအဖွဲ့  တစ်ခုအနေနဲ့  အတော်ဂွကျမယ် ...
သံဃာတော်တွေလဲ အများကြီးပါနေတော့ ...
ပြသနာဟာ အကြီးကြီး ဖြစ်လာမှာ ...
ကျွန်တော်ကတော့ ...
အရေးအခင်းတွေ အဓိကရုဏ်းတွေ ...
ထပ်မလိုချင်တော့တာ အမှန်ပဲ ...
နောက်တစ်ခုက တပ်နဲ့ လဲ အဆင်မပြေတဲ့ ပြသနာ ...
စစ်ဖြစ်နေတဲ့  တိုင်းပြည်မှာ ...
တပ်နဲ့ အစိုးရ အဆင်မပြေဖြစ်နေရင် ...
ဖြစ်လာမယ့်  နောက်ဆက်တွဲ အကျိုးဆက်တွေဟာ အများကြီးပဲ ....
ချုပ်ပြောရရင် ...
NLD အစိုးရအဖွဲ့ ဟာ ...
အင်စတီကျူးရှင်းကြီး နှစ်ခုနဲ့  ပြသနာတက်နေမှတော့ ....
တိုင်းပြည် မတည်မငြိမ်ဖြစ်တော့မှာတော့ သေချာတယ် ...
ဒီ အချက်လေးချက်ကြောင့် ...
ကျွန်တော့် အနေနဲ့  NLD ကို တောင်ပြိုကမ်းပြို မနိုင်စေချင်ဘူး ...
ဒါဆို ဘယ်လို ဖြစ်စေချင်လဲ ... ?
===================
သုံးဆယ်နဲ့  လေးဆယ်ရာနူန်းကြား နိုင်စေချင်တယ် ...
( ဒီစကားဟာ ၂၀၁၂ခုနှစ်လောက်ကတည်းက
ကျွန်တော်တွင်တွင်ပြောလာခဲ့တာ )
ဒါဆို အထက်မှာတင်ပြခဲ့တဲ့  ပဋိပက္ခတွေ ...
အတော်လေး နည်းသွားမယ် ....
သုံးဆယ် နဲ့ လေးဆယ်ကြားပဲ မဲရှိလို့  ...
၁၉၈၂ နိုင်ငံသားအက်ကို ပြင်ချင်ရင် ...
တစ်ခြားပါတီတွေရဲ့  သဘောတူညီချက် ယူရမယ် ...
မျိုးစောင့်ဥပဒေတွေကို ပြင်ချင်ရင် ....
တစ်ခြားပါတီတွေရဲ့  သဘောတူညီချက်ယူရမယ် ...
သူ အစိုးရမဖွဲ့ နိုင်ပေမယ့်  ...
အစိုးရ လုပ်ချင်တာ လုပ်လို့ မရအောင် ...
သူကောင်းကောင်းထိန်းချုပ်ထားလို့  ရတယ် ....
Check&Balance စနစ်တွေ ပိုအားကောင်းလာမယ် ...
တိုင်းပြည်အတွက် အကျိုးရှိမယ့် ဥပဒေတွေ ..
အများအပြား ပြဋ္ဌာန်းနိုင်လာမယ် ...
မဟုတ်တဲ့ ဥပဒေတွေလာတင်ရင်လဲ ...
တစ်မတ်သား နဲ့  ကျန်ပါတီ အင်အားစုတွေပေါင်းပြီး ...
အတည်မဖြစ်အောင် ကန့် ကွက်လို့ ရတယ် ....
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ...
ဘယ်ပါတီ ဘယ်အင်စတီကျူးရှင်းကိုမှ ...
ထင်ရာစိုင်းခွင့် ပါမစ်ပေးမထားချင်တော့ဘူး ....
လူတွေဟာ ပြောင်းလဲတတ်တယ် ...
အာဏာရရင် ပိုပြောင်းလဲကုန်တယ် ...
ဒေါ်စုရဲ့ အကျင့်စာရိတ္တကို သံသယမရှိပေမယ့် ...
သူ့ နားမှာ ၀န်းရံနေတဲ့  သူတွေကို ဘယ်သူ အာမခံမလဲ ?
တစ်ပါတီထဲ အင်အားကြီးနေရင် ...
သူ့ လူ ကိုယ့်လူ မျက်နှာလိုက်မှုဆိုတာ ရှိလာမှာပဲ ...
လက်ရှိမှာ စနစ်ဟာ ပြောင်းလဲသွားပြီ ...
စစ်အုပ်ချုပ်ရေးကနေ ...
လွှတ်တော် ၊ တရားရုံးချုပ် ၊ အစိုးရ အဖွဲ့  သီးခြားကွဲထွက်သွားပြီ ...
၅နှစ် သက်တမ်းရဲ့ နောက်ဆုံးပိုင်းမှာ ...
အစိုးရနဲ့  လွှတ်တော် တို့  ပိုပြီးအသက်ဝင်လာတယ် ...
အရှိန်ရစပြုလာတယ် ...
အခုလာမယ့် ၅ နှစ်မှာ ဒီထက်ပိုကောင်းလာမယ် ...
ဒီလိုပဲ မျှော်လင့်တယ် ...
ဟာ ... မင်းဟာက ဖွတ်တွေ အစိုးရ ပြန်ဖွဲ့ နိုင်မယ့် ကိစ္စပဲ ...
ငိုးမ ရဲမိုး အဘဘောမ ... ဒီလို ဆဲချင်ဆဲနိုင်တယ် ...
မှန်တယ် ဖွတ်တွေတော့ အစိုးရပြန်ဖွဲ့ ကောင်း ဖွဲ့ နိုင်မယ် ...
သို့ သော် အရင် ပုံစံ အစိုးရမဟုတ်နိုင်တော့ ...
သူ မဟုတ်တာလုပ်တာနဲ့  ...
လွှတ်တော်ထဲမှာ ဒေါင်းတွေ အုံလိုက်ကျင်းလိုက် ...
ဝိုင်းဆိတ်တာခံရမယ့် အစိုးရပုံစံ ဖြစ်လိမ့်မယ် ...
ကျွန်တော့် အနေနဲ့  သေချာတာကိုပဲ ဖြစ်စေချင်တယ် ...
အမေစု တက်ရင် ပြောင်းလဲပြီလို့ ကြွေးကြော်ပြီး ...
တကယ်တန်းကျတော့ ဆူပူမှုတွေ အဓိကရုဏ်းတွေနဲ့  ပြောင်းလဲပြီး ...
အားလုံး မျိုးကန်းကုန်ရင် ဘယ်နှယ့်လုပ်မလဲ ?
နိဂုံးချုပ်ပြောရရင်တော့ ...
ကျွန်တော်သာ ကော့မှူးမှာရှိခဲ့ရင် ....
ဒေါ်စုကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ ရန်ကင်းမှာရှိခဲ့ရင် ...
ဒေါ်ညိုညိုသင်းကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ ဘုတ်ပြင်းမှာရှိခဲ့ရင် ...
ဦးချစ်သန်းကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ သက္ကင်္န်းကျွန်းမှာရှိခဲ့ရင် ...
ဦးသိန်းညွှန့် ကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ မိုင်းဆတ်မှာ ရှိခဲ့ရင် ...
ဦးလင်းဇော်ထွန်းကို မဲပေးဖြစ်လိမ့်မယ် ....
ကျွန်တော်တို့ က ...
တိုင်းပြည်ကို တိုးတက်စေချင်တာ မဟုတ်လား ?
လူကောင်းတွေ အလုပ်လုပ်မယ့်သူတွေ ....
လွှတ်တော်ထဲရောက်မလာပဲ ...
ဘယ်နှယ့်လုပ် တိုင်းပြည်တိုးတက်မလဲ ?
ခင်ဗျားတို့ ကြိုက်တဲ့ ပါတီကို ...
လူကို မဲပေးလို့ ရတယ် ...
ခင်ဗျားတို့ ယုံကြည်ချက်အတိုင်းလုပ်တာ ...
ဘယ်သူမှ ကန့် ကွက်စရာအကြောင်းမရှိ ....
ကျွန်တော်ကတော့ လူပေါ်ကို ကြည့်ပြီးပဲ မဲပေးမယ် ...
NLD ဖြစ်ဖြစ် ..
ပြည်ခိုင်ဖြိုးဖြစ်ဖြစ် ...
NDF ဖြစ်ဖြစ် ...
တသီးပုဂ္ဂလ ဖြစ်ဖြစ် ပေါ့ ... ။
( ရဲမိုး )
Ye Moe
No comments:
Post a Comment