Wednesday, October 7, 2015

စောစောလေးကမှ အိန္ဒိယနိုင်ငံမှာ Ph.D လုပ်နေတဲ့ သူငယ်ချင်း ဦးဇင်းတစ်ပါးက Viber ကနေ စကားလာပြောတယ် ၊ နောင်တော်ရေ.....

စောစောလေးကမှ
အိန္ဒိယနိုင်ငံမှာ Ph.D လုပ်နေတဲ့
သူငယ်ချင်း ဦးဇင်းတစ်ပါးက
Viber ကနေ စကားလာပြောတယ် ၊
နောင်တော်ရေ.....
တပည့်တော်ကို နှစ်စဉ် ထောက်ပံ့နေတဲ့ ဒကာက
ဗုဒ္ဓဂယာမှာ ပြုလုပ်တဲ့ မျိုးစောင့်ဥပဒေအောင်ပွဲ
တက်ရကောင်းမလား ဆိုပြီး အခုပဲ ဖုန်းဆက်တယ် ၊
အရှင်ဘုရားကို အခုက စပြီး
ပညာသင်စရိတ် မထောက်ပံ့တော့ဘူး ဆိုပြီး
ဖုန်းချ သွား တယ် ဘုရား ၊
ဒကာက NLD ပါ ဘုရား တဲ့ ။
အော်.....
ဖြစ်မှ ဖြစ်ရလေ ၊
ရူးလိုက်ကြတဲ့ လူတွေ ....
ဘုန်းကြီးတွေကိုများ
ဘာထင်နေလေသည် မသိ ၊
(သူငယ်ချင်း ဦးဇင်းရဲ့အသံကတော့
နည်းနည်းလေးမှ ဝမ်းနည်းသံ မပါ )
တကယ့် ဖြစ်စဉ်ပါ ၊"

No comments:

Post a Comment