ထာဝရအကောင်းဆုံးကာတွန်းဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရသည့်
Toy Story
===========================================
အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ကျောင်းတော် ဒဗလျူတီအက်ဖ်မှရွေးချယ်သော ထာဝရ အကောင်းဆုံး ကာတွန်းဇာတ်ကားအဖြစ် Toy Story ဇာတ်ကားမှာ ရွေးချယ်ခံခဲ့ရကြောင်း သိရ သည်။ ယင်းရွေးချယ်မှုတွင် အခြေခံအားဖြင့် တစ်ပတ်အတွင်း ရုံဝင်ကြေးရရှိမှု၊အရုပ်အသံကောင်း မွန်မှု၊ ဇာတ်လမ်းဇာတ်ကွက်သေသပ်မှုအပြင် နောက်ဆက်တွဲ ဆက်လက်တင်ဆက်သည့် ဇာတ်လမ်း များ၏ ဇာတ်အိမ်ခိုင်မာမှုနှင့် ငွေကြေးအရ အောင်မြင်မှုတို့ကိုပါ ထည့်သွင်းတွက်ချက်ထားကြောင်း လည်း ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
ကမ္ဘာ့ပထမဆုံးကာတွန်းဇာတ်ကားမှာ ၁၉၃၇ တွင် ဒစ္စနေမှ တင်ဆက်ခဲ့သောSnow White and Seven Dwarfs ကားဖြစ်ပြီး ကလေးပရိသတ်အပြင် လူကြီးပရိသတ်များက အထူးအဆန်းအသစ် တစ်ရပ်အနေဖြင့် ကြည့်ရှုခဲ့သောကြောင့် ထိုခေတ်အခါက စံချိန်တင်ဝင်ငွေရရှိသည်အထိ အောင်မြင်မှု ရရှိခဲ့သည်။ သို့သော် ကာတွန်းဇာတ်ကားများမှာ အင်မတန်အသေးစိတ်ကျကျလုပ်ဆောင်ရသော စီမံကိန်းဖြစ်ကာ တစ်စက္ကန့်တွင် ၁၂ ဖရိန် အထိ အရုပ်လှုပ်ရှားမှုလျင်မြန်ရသောလုပ်ငန်းစဉ်လည်း ဖြစ်သည်။
နှစ်ပေါင်း ၈ဝ နီးပါးအဓွန့်ရှည်ကြာခဲ့သည့် မြောက်မြားစွာသော ကာတွန်းကားများထဲမှ ရွေး ချယ်မှု ပြုလုပ်ရခြင်းကြောင့် ဒဗလျူတီအက်ဖ်အနေ ဖြင့် အခက်အခဲရှိခဲ့သော်လည်း သတ်မှတ်ထားသော စံနှုန်းများအရToy Story ဇာတ်ကားကသာ နံပါတ် (၁) နေရာကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။Toy Story ဇာတ်ကားကို ၁၉၉၉တွင်ပြသခဲ့ပြီးနောက် ၁ဝ စု နှစ်တစ်ခုအတွင်း နောက်ဆက်တွဲ ဇာတ်ကား နှစ်ကားကို ဆက်လက်တင်ဆက်ခဲ့ကာ Toy Story 4 အား ယခုလာမည့် ၂ဝ၁၇ ဇွန် ၁၆ ရက်တွင်မှ ရုံတင်နိုင်မည်ဖြစ်ကြောင်း ဒစ္စနေပစ်ဇာမှ တာဝန်ရှိ သူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
အဆိုပါရွေးချယ်မှု၏ နံပါတ်(၂)နှင့်(၃)နေရာ တွင် ရပ်တည်နေသော Wall-E နှင့် Finding Nemo ကာတွန်းဇာတ်ကား နှစ်ကားကိုလည်း ဒစ္စနေပစ်ဇာမှပင် တင်ဆက်ခဲ့ခြင်းဖြစ်သည်။
မေလဲ့သင်း-ရေသားသည်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment