Saturday, November 7, 2015

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ခွဲတွင် နိုဝင်ဘာ ၇ ရက် က မိုးစပါး စိုက်ဧက ၄ဝဝဝ ကို လုံလောက်စွာ ရေပေးဝေနိုင်မည့် တကွင်းဆည်မှ ဆည်ရေသောက် တူးမြောင်းမကြီးတစ်လျှောက် ရေကျ အဆောက်အအုံများ တည်ဆောက် ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

တကွင်းဆည်ရေသောက်စနစ် အောင်မြင်ဖြစ်ထွန်းနိုင်ရန်အတွက် တူးမြောင်းမကြီးတစ်လျှောက် ရေကျအဆောက်အအုံများ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိ
=====================================

ဟိုပင် နိုဝင်ဘာ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ခွဲတွင် နိုဝင်ဘာ ၇ ရက် က မိုးစပါး စိုက်ဧက ၄ဝဝဝ ကို လုံလောက်စွာ ရေပေးဝေနိုင်မည့် တကွင်းဆည်မှ ဆည်ရေသောက် တူးမြောင်းမကြီးတစ်လျှောက် ရေကျ အဆောက်အအုံများ တည်ဆောက် ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

''ကျွန်တော်တို့ အခု တည် ဆောက်နေတဲ့ ရေကျအဆောက် အအုံက အလျား ၂၈ ပေ၊ အနံ ၂၃ ပေ၊ အနက် ၉ ပေ ရှိတဲ့ အဆောက် အအုံကို နေ့စဉ်လုပ်သား ၂၅ ယောက် အသုံးပြုပြီးတော့ အောက်တိုဘာ ၂၃ ရက်က စတင်ဆောက်လုပ်ပြီး နိုဝင်ဘာ ၂ဝ ရက်လောက်မှာ ပြီးမှာ ပါ။ တူးမြောင်းမကြီးရဲ့ အရှည် ကတော့ တကွင်းဆည်ကနေ မြို့သာ ရွာဟောင်းအထိ အရှည်ပေ ၁၁၉ဝ၊ အကျယ် ခြောက်ပေရှိပါတယ်။ ဒီ တူးမြောင်းတစ်လျှောက် ရေကျ အဆောက်အအုံပေါင်း ၁၇ လုံး တည်ဆောက်မှာပါ။ မနှစ်က ငါးလုံး တည်ဆောက်ပြီးတာမို့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မိုးစပါးစိုက်ရာသီအမီ စုစု ပေါင်း ၂၂ လုံးအထိ ဆောက်လုပ် သွားမှာဖြစ်တဲ့အတွက် စပါးစိုက် ဧက ၄ဝဝဝ ကို ရေလုံလုံလောက် လောက် ပေးဝေနိုင်တော့မှာပါ''ဟု မိုးညှင်းမြို့နယ် ဆည်မြောင်းဦးစီး ဌာနမှ ဒုဦးစီးမှူး ဦးကြည်စိုးက ပြောပြသည်။
နီတိုး



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment