Sunday, November 8, 2015

စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူဆိုင်က ကြိုတင်မဲ ကိစ္စ ဖြစ်စဉ်အကျဉ်းမှာ

စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူဆိုင်က ကြိုတင်မဲ ကိစ္စ ဖြစ်စဉ်အကျဉ်းမှာ

နမခတိုင်း ရှိ (တပ်မတော်) က ကြိုတင်မဲတွေကို သတ်မှတ်ချက်အတိုင်း စာအိတ်ထဲထည့်ပြီး ကလေးမြို့က ကော်မရှင်ကိုသွားအပ်တယ်

အဲဒီမှာ ကော်မရှင်က စာအိတ်မပိတ်ထားရင် လက်မခံဘူးဆိုလို့... သူတို့မှာလဲ... စာအိတ် ပိတ်စရာ ကော်မရှိတာနဲ့... နီးစပ်ရာ ကွန်ပျူတာဆိုင်က ကော်ထုပ်တောင်းပြီး တပ်က တာဝန်ခံတွေ ကိုယ်တိုင် ထိုင်ပြီး ကပ်ကြတယ်

ဆိုင်က ကောင်မလေး ၂ ယောက်က မြန်မြန် ပြီးစီးအောင် ၀ိုင်းကူညီပေးတယ် အဲဒါကို video လာ၇ိုက်ပြီး တပ်က တာဝန်ခံတွေ မပါပဲ... ကွန်ပျူတာဆိုင်က ကောင်မလေးတွေကိုပဲ စာအိတ်ပိတ်နေတာတွေကို ရိုက်ပြီး မဲခိုး.. မဲလိမ်နေပါတယ် ဆိုပြီး မီဒီယာနဲ့ ပေါင်းပြီး ဖွတယ်...

သူတို့ရိုက်ထားတဲ့ Video ထဲမှာလည်း မဲခိုးနေတာ မဲလိမ်နေတာ မဟုတ်ပါဘူး... မပိတ်ရသေးတဲ့ မဲအိတ်တွေကို ကော်နဲ့ ကူပြီး ကပ်ပေးနေခြင်းသာ ဖြစ်ပါတယ်...

အဲဒီကြိုတင် မဲသွားပို့တဲ့ တာဝန်ခံက ကျနော် နဲ့ အပတ်စဉ်တူ သူငယ်ချင်းပါ...

မဟုတ်မမှန် လုပ်ကြံပြီး ၀ါဒဖြန့်နေတာတွေ အတွက် အဖြစ်မှန်ကို သိရှိစေဖို့ သိရှိရသလောက် သတင်းဖြစ်ရပ်ကို တင်ပြလိုက်ပါတယ်...

(အများပြည်သူတွေကို အဖြစ်မှန် သိရှိစေဖို့ Share ပေးကြပါ)

No comments:

Post a Comment