အစိုးရအဖွဲ့ သက်တမ်းငါးနှစ်ပြည့်အထိမ်းအမှတ် ငွေဒဂါင်္းထုတ်ဝေမည်
--------------------
ကျပ်၅၀၀၀တန် ငွေဒဂါင်္းကိုဝယ်ယူလိုပါက ကျပ် ၃၀၀၀၀ ဖြင့်ရောင်းချမည်ဟုဆို
--------------------
ပြည်ထောင်စုအစိုးရအဖွဲ့ သက်တမ်း ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငါးထောင်ကျပ်တန် ငွေဒဂါင်္းကိုထုတ်ဝေ မည်ဖြစ်ပြီး ၀ယ်ယူလိုပါက ကျပ် သုံးသောင်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက ည ရှစ်နာရီတွင်ကြေညာလိုက်သည်။
ငါးထောင်ကျပ်တန်ငွေဒဂါင်္းထုတ်ဝေရာတွင် ထူးခြားချက်မှာ အစိုးရအဖွဲ့ ငါးနှစ်တာသက်တမ်းဟု မသုံးနှုန်းဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ ပထမသက်တမ်းဟုသုံးနှုန်းထားခြင်းဖြစ်ပြီး ငွေဒဂါင်္းကိုအကန့်အသတ်ဖြင့်ထုတ်လုပ်ခြင်းဖြစ်၍ ၀ယ်ယူ လိုပါက မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်း အရောင်း ဆိုင်များ တွင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ရောင်း ချမည်ဟုဆိုသည်။
အထိမ်းအမှတ်အတွက်ထုတ်ဝေသည့် ဒင်္ဂါးသည် ငွေစင်ငွေသား (၉၂ ဒသမ ၅၀) ရာခိုင်နှုန်းဖြင့် သွန်းလုပ် ထားပြီး အလေးချိန်(၂၀)ဂရမ်နှင့် အချင်း(၂၅) မီလီမီတာရှိသည်ဟုဆိုသည်။
ဒင်္ဂါး၏ရှေ့ဘက်တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး၊ ကျောဘက်တွင် တော်ဝင်ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားသည်ဟု ကြေညာသည်။
7DAY

၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment