Monday, November 16, 2015

မိုးညှင်းသတင်း apk ကို အားပေးကြသောညီကိုမောင်နှမများခင်ဗျာ

မိုးညှင်းသတင်း apk ကို အားပေးကြသောညီကိုမောင်နှမများခင်ဗျာ

မိုးညှင်းသတင်း apkကို
တစ်ပတ်အတွင်းအပြီအပိုင်ဖျက်
သိမ်းပါတော့မည်
်ယခုapk မှာသတင်းများ
ဘယ်တော့မှမတင်တော့ပါ

@@ဖျက်သိမ်းမည့်စာရင်း@@

မိုးညှင်းသတင်း apk

mohnyin today  (facebook page)

mohnyin vioce (facebook အကောက်)

mohnyinnews@gmail.com
(gmail အကောက်)

နောင်သောအခါမှာယခုဖော်ပြပါနာမည်များဖြင့်

သတင်းများတင်ခဲ့သော်ကျွန်တော်များ

မိုးညှင်းသတင်းapkနဲ့မသက်ဆိုင်ပါ

ကျွန်တော်များရဲ့apkကိုသုံးနှစ်နီးပါ

အားပေးကြသူများကိုအထူးကျေးဇူးတင်ပါသည်

သုံးနှစ်အတွင်းကျွန်တော်တင်ပေးခဲ့သမျှ
(post)တွေကိုဖတ်ပြီဗဟုသုတရရှိမယ်လို့
ထင်မိပါတယ်


သတင်း apkကိုအသုံးပြုပြီသတင်းကြည့်မယ်
ဆိုရင်တော့ကျွန်တော်အမြဲကြည့်နေသော
သတင်းapkလေးကိုမျှဝေပေးလိုက်ပါတယ်

ဒီapkလေးကတော့facebookရဲ့နောက်ဆုံးရ
သတင်းတွေကိုအချိန်နဲ့တပြေညီဖော်ပြပေးနေ
ပါတယ်ကျွန်တော်ကတော့ဒီapKလေးကို
လက်ဆွဲပါပဲ

ဒီapkလေးကိုသင့်ဖုန်းထဲမှာထည့်ထားရင်
်facebookကြည့်စရာမလိုအောင်ပြီပြည့်စုံတာ
တွေ့ရပါမယ်

အောက်ပါလင့်မှာဆွဲယူပါ

Download Link Here >>>

http://www.mediafire.com/download/4zo1boc3dm6ed7v/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%B0%E1%80%B8_%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%A5%E1%80%AE%E1%80%B8_.apk



နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်

Friday, November 13, 2015

ကချင်ပြည်နယ်သူပြည်နယ်သားများအတွက်သတင်းapk တခုနဲ့မိတ်ဆက်ပေးပါမယ်ဒီနေ့play store မှာဂိမ်းရှာရင်ဒီapkလေးကိုတွေ့တာပါသတင်းတွေဖတ်လို့ကောင်းပါတယ်ပြန်ရှယ်ပေးလိုက်ပါတယ်

ကချင်ပြည်နယ်သူပြည်နယ်သားများအတွက်သတင်းapk တခုနဲ့မိတ်ဆက်ပေးပါမယ်ဒီနေ့play store မှာဂိမ်းရှာရင်ဒီapkလေးကိုတွေ့တာပါသတင်းတွေဖတ်လို့ကောင်းပါတယ်ပြန်ရှယ်ပေးလိုက်ပါတယ်

apk ရယူရန်အောက်ပါလင့်မှာရယူပါ


http://www41.zippyshare.com/v/cpUEkr9x/file.html



မြစ်ဆုံ မီဒီယာ Apk

Download Here >>> http://www.mediafire.com/download/vkq3s56cgs42ff2/%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%80%86%E1%80%AF%E1%80%B6_%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC.apk



နည်းပညာနှင့်ဆော့ပွဲများရယူလိုပါက www.mohnyinnewsit.blogspot.comမှာရယူနိုင်ပါသည်

#သမိုင်းတပတ်ပြန်မလည်ပါစေနဲ့။

#သမိုင်းတပတ်ပြန်မလည်ပါစေနဲ့။

ဒီနေ့.မနက်ရုံးရောက်တော့.မြန်မာလူငယ်လေးတွေဟာ.ရွေးကောက်ပွဲမှာ.အင်အယ်ဒီပါတီက.အပြတ်အသတ်နိုင်လို့.ဝမ်းသာနေကြတာတွေ့ရပါတယ်။

ကျနော်လဲ.ဝမ်းသာပေမဲ့.အပြည့်အဝ.ဝမ်းမသာနိုင်ပါ။.အပြည့်အဝ.ဝမ်းမသာနိုင်တာက.ရွေးကောက်ပွဲရလဒ်တွေဟာ.ရွေးကောက်ပွဲကော်မရှင်က.တရားဝင်ကြေငြာသေးတာမဟုတ်သေးတဲ့အတွက်.အပြောင်းအလဲတွေများရှိမလားလို.စိးရိမ်မလို့ပါ။

ဒါနဲ့.(၁၉၉၀)ပြည့်နှစ်ရွေးကောက်ပွဲတုံးကလို.မဖြစ်ဖို့ဆုတောင်းရမှာပဲကွာလို့.သူတို့ကိုပြောလိုက်တော့.သူတို့က."၁၉၉၀ရွေးကောက်ပွဲတုံးက.ဘာဖြစ်လို့လဲ.ဆရာ"တဲ့။.အဲဒီတော့မှ.ကျနော်သတိထားမိလိုက်တယ်။.သူတို့အားလုံးဟာ.အသက်အစိပ်လောက်ပဲရှိကြသေးတော့.၁၉၉၀ခုနှစ်တုံးက.သူတို့ဟာ.မွေးစလေးတွေမို့.မသိတာကိုးလို့။

ဒီတော့.အဲဒီအချိန်ကိုမမှီလိုက်တဲ့မြန်မာလူငယ်လေးတွေကိုသိစေချင်လို့.အခုလောလောဆယ်ဖြစ်စဉ်တွေကို.၁၉၈၈-၉၀အခြေအနေနဲ့နိုင်းယှဉ်ရေးပြပေးလိုက်ပါတယ်။

အခု.မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေဟာ.၁၉၈၈-၉၀တုံးက.အခြေအနေနဲ့.တပုံစံထဲတူနေတာကို.သတိထားမိတယ်။

#တူညီမှုဖြစ်စဉ်(၁)။

၁၉၈၈အရေးအခင်းကာလအတွင်း(ဦးနေဝင်းရဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်တဲ့ကာလ)မှာ.အသက်(၄၀)ကျော်.အောင်ဆန်းစုကြည်ဟာ.ရွှေတိဂုံဘုရားခြေရင်းနဲ့ရန်ကုန်မြို့အခြားနေရာတွေမှာ.လူထုကိုတရားဟောခဲ့ပါတယ်။.အဲဒီတုံးကလဲ.ခုမဲဆွယ်ပွဲကာလအတွင်းက.သူမ.မဲဆွယ်စည်းရုံးရေးဟောပြောသလိုပဲ.လူထုသိန်းချီတက်ရောက်နားထောင်အားပေးကြတယ်။.တူညီမှုတခုပါ။

#တူညီမှုဖြစ်စဉ်(၂)။

၁၉၉၀ခုနှစ်.မေလမှာကျင်းပတဲ့အထွေထွေရွေးကောက်ပွဲမှာ.မဲလာထဲ့တဲ့စစ်အာဏာသိမ်းထားတဲ့.နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီဥက္ကဋ္ဌ.ဗိုလ်ချုပ်ကြီးစောမောင်က.သတင်းထောက်တွေကို.ရွေးကောက်ပွဲပြီးသွားရင်.အနိုင်ရတဲ့ပါတီကို.သေချာပေါက်.အာဏာလွဲအပ်ပြီး.တပ်မတော်ဟာ.စစ်တန်းလျားကို.ပြန်မယ်လို့ပြောခဲ့ပါတယ်။.မနေ့က.မဲလာထဲ့တဲ့သမတဦးသိန်းစိန်နဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကလဲ.အနိုင်ရတဲ့ပါတီကို.အာဏာလွှဲပေးမှာပါလို့ပြောခဲ့ကြတယ်။.ဒါလဲ.တူညီမှုတခုပဲ။

#တူညီမှုဖြစ်စဉ်(၃)။

၁၉၉၀ခုနှစ်.မေလ.ရွေးကောက်ပွဲကျင်းပမဲ့နေ့မတိုင်မီတရက်အလိုမှာ."တစည"လို့အတိုကောက်ခေါ်တဲ့.တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တပ်မတော်ရဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို.နာမည်ပြောင်းထားတဲ့ပါတီ)ရဲ့ပါတီအထွေထွေအတွင်းရေးမှုး.ဦးချစ်လှိုင်က.သူ့အိမ်မှာ.သတင်းထောက်တွေကို.ခေါ်ပြီး.အခုလိုပြောပါတယ်။."ကျနော်တို့.တစညပါတီဟာ.မနက်ဖြန်ကျင်းပမဲ့.ရွေးကောက်ပွဲကြီးမှာ.အပြတ်အသတ်အနိုင်ရမှာသေချာနေပါပြီ။.ဒါပေမဲ့.ကျနော်တို့ပါတီဟာ.အောင်ပွဲတွေအကြီးအကျယ်မကျင်းပပါဘူးတဲ့။.အခုလဲ..ရွေးကောက်ပွဲတရက်အလိုမှာ.ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ.ဒုဥက္ကဋ္ဌ.ဦးဋ္ဌေးဦးက.သတင်းထောက်တွေကို.သူတို့ပါတီဟာ.တနိုင်ငံလုံးမှာ.မဲဆန္ဒနယ်အားလုံးရဲ့(၉၀)ရာခိုင်နူန်း.နိုင်မယ်လို့.ပြောခဲ့ပြန်တယ်။.ဒါလဲ.တူညီမှုတခုပါပဲ။

#တူညီမှုဖြစ်စဉ်(၄)။

၁၉၉၀ခုနှစ်.ရွေးကောက်ပွဲကြီးမှာ.အင်အယ်ဒီပါတီဟာ.လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးရဲ့၈၀ရာခိုင်နူန်းမှာ.အပြတ်အသတ်အနိုင်ရခဲ့တယ်။.တစညပါတီဟာ.မဲမဖြစ်စလောက်နေရာလေးပဲ.ရခဲ့တယ်။.အခု.၂၀၁၅ရွေးကောက်ပွဲကြီးမှာလဲ.အင်အယ်ဒီပါတီဟာ.ကိုယ်ဟားလှယ်နေရာအားလုံးရဲ့၇၀ရာခိုင်နူန်း(တရားဝင်မကြေငြာသေး)နဲ့နိုင်နေပါပြီ။.ဒါလဲ.တူညီမှုတခုပါပဲ။

ဒီဖြစ်စဉ်တွေ.တူညီကြပေမဲ့.အောက်မှာဖေါ်ပြမဲ့.၁၉၉၀ခုနှစ်.ရွေးကောက်ပွဲအလွန်ကာလတွေကိုတော့.မတူညီစေလိုပါ။

ရွေးကောက်ပွအပြီး.၃လလောက်အကြာမှာ.ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အင်အယ်ဒီပါတီက.စစ်အာဏာသိမ်းထားထားတဲ့.နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး(ငြိမ်ပိ)နာမည်တပ်ထားတဲ့တပ်မတော်ကို.အာဏာလွှဲပြောင်းပေးဖို့.တောင်းဆိုပါတယ်။.ငြိမ်ပိရဲ့အတွင်းရေးမှူး.ဗိုလ်ချုပ်ခင်ညွှန့်က.ရွေးကောက်ပွဲကျင်းပတာ.အာဏာလွဲပြောင်းပေးဖို့မဟုတ်ပဲ.ဖွဲ့စည်းပုံအခြေခံရေးဆွဲပေးဖို့သာဖြစ်တယ်ဆိုပြီး.ဗြောင်လိမ်ပါတော့တယ်။.အဒီအချိန်မှာ.ငြိမ်ပိဥက္ကဋ္ဌက.ဗိုလ်ချုပ်ကြီးစောမောင်ပြုတ်သွားပြီး.ဗိုလ်ချုပ်ကြီးသန်းရွှေဖြစ်နေပါပြီ။.အင်အယ်ဒီကလဲ.အာဏာအရင်အပ်ပါလို့အတင်းအကြပ်တောင်းဆိုတာကြောင့်.ဒေါ်အောင်ဆန်းစုကြည်ကို.နေအိမ်အကျယ်ချုပ်ချလိုက်ပြီး.ရွေးကောက်ပွဲမှာ.အနိုင်ရခဲ့တဲ့အင်အယ်ဒီလွှတ်နော်ကိုယ်စားလှယ်အများအပြားကို.ဖမ်းဆီးထောင်ချခဲ့ပါတယ်။.ဒီမိုကရေစီဆိုတာ.အလှမ်းဝေးသွားခဲ့ပါပြီ။

ဒါတွေဖြစ်ခဲ့တာတွေမှာ.ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ.ရွေးကောက်ပွဲမကျင်းပမီကတဲက.အင်အယ်ဒီပါတီအနိုင်ရခဲ့ရင်.တပ်မတော်အပါအဝင်.ဘယ်ပါတီတွေနဲ့မဆို.လက်တွဲဆောင်ရွက်မယ်လို့ပြောနေခဲ့တာပါ။.နောက်င်္ပြး.လူထုကို.တည်ည်ငြိမ်ငြိမ်နဲ့.သတိရှိကြဖို့.အမြဲပြောနေတာပါ။.စစ်တပ်ကို.အတင်းအကြပ်ကိုင်လိုက်ရင်.(၁၉၉၀)တုံးကလို.အဖြစ်မျိုးမရောက်စေရအောင်လို့ပါ။

ဒါပေမဲ့.၁၉၉၀ခုနှစ်တုံးကလို.အနိုင်ရတဲ့အင်အယ်ဒီကို.အာဏာမလွှဲအပ်ဘူးဆိုတာတော့.ဖြစ်နိုင်ခြေနဲပါတယ်။.ဘာလို့လဲဆိုတော့.အဲဒီအချိန်တုံးကအခြေအနေနဲ့.အခုလက်ရှိအခြေအနေတွေဟာ.မတူတော့ပါဘူး။

(၁၉၉၀)ခုနှစ်တုံးက.ဒေါ်အောင်ဆန်းစုကြည်ဟာ.နိုင်ငံရေးမှာ.အတွေ့အကြုံအင်မတန်နုနှယ်ပါသေးတယ်။.အခု.အနှစ်အစိပ်ကြာလာပြီး.ဖမ်းဆီးအဖိနှိပ်ခံတာတွေကို.ရုန်းကန်ကျော်လွှားရင်းနဲ့.နိုင်ငံရေးမှာ.ပါရဂူတယောက်ဖြစ်နေပြီ။.အဲဒီအချိန်က.ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးဘူး။.အခုကြိုက်တာ.မကြိုက်တာအသာထား.ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေပြီဆိုတော့.ဖွဲ့စည်းပုံဆွဲပါဆိုတဲ့ဆင်ခြေပေးလို့.မရတော့ဘူး။.နောက်ပြီး.အဲဒီတုံးက.ကမ္ဘာကသိနိုင်တဲ့ဆက်သွယ်ရေးဟာ.ရေဒီယို.တီဗွီလောက်ပဲရှိရာက.အခုတော့ဆက်သွယ်ရေးအင်မတန်မြန်တဲ့အင်တာနက်.facebookတွေ.ရှိနေပါပြီ။.ကမ္ဘာကြီးကလဲ.မြန်မာနိုင်ငံအရေးကို.အနီးကပ်စောင့်ကြည့်နေကြပြီ။

ဒါပေမဲ့.ဒီသမိုင်းကြောင်းလေးရှိခဲ့တာကို.သိထားရင်.မဖြစ်သင့်တာမဖြစ်အောင်.ဆင်ခြင်နိုင်တာပေါ့။.သတိဆိုတာပိုတယ်လို့.ဘယ်တော့မှမရှိပါဘူး။

ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၉)ရက်

Sunday, November 8, 2015

မိုးညှင်းကော်မရှင်ရုံးမှာကြိုတင်မဲစတင်ရေတွက်နေပါပြီ။ ကျွန်တော်တို့တွက်ဆထားသလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်နေပါတယ်။

မိုးညှင်းကော်မရှင်ရုံးမှာကြိုတင်မဲစတင်ရေတွက်နေပါပြီ။ ကျွန်တော်တို့တွက်ဆထားသလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်နေပါတယ်။

ဦးလှဆွေကြီး ဂန့် ဂေါမှာ ရှုံးသွားပါပြီ .... လုံးဝ ထင်မထားသလို ... စိတ်လဲမကောင်းပါဘူး ...

ဦးလှဆွေကြီး ဂန့် ဂေါမှာ ရှုံးသွားပါပြီ ....
လုံးဝ ထင်မထားသလို ...
စိတ်လဲမကောင်းပါဘူး ...

စကားပြောတာ အနည်းငယ် လွတ်ပေမယ့်  ...
လူကောင်းတစ်ဦး ...
တကယ် အလုပ်လုပ်တဲ့ အမတ်တစ်ဦးလို့  ...
ယုံကြည်ခဲ့လို့ ပါ ....

နောက်ဆုံးသိရသလောက်ကတော့ ...
အခြားနာမည်ကြီး အမတ်တစ်ချို့  လဲ ...
အခြေအနေမကောင်းပါဘူး ...
သူတို့ ကိုလဲ ....
လူတော်လူကောင်းတွေလို့  ...
ကျွန်တော် ထင်မိပါတယ် ....

ပြည်သူအများစုဟာ ...
ဒေါ်စု စကားအတိုင်း ...
လူကို မကြည့် ...
ပါတီကိုပဲ ကြည့်လိုက်ပုံပေါ်ပါတယ် ...

သို့ သော် ...
ဘယ်လိုဖြစ်ဖြစ် ...
ပြည်သူ  အများစုရဲ့ ဆန္ဒကိုတော့ ....
ကျွန်တော်တို့ လက်ခံရမှာပါ  ....
ဒါ ဒီမိုကရေစီပါပဲ ...

သူတို့ နေရာကို ၀င်လာမယ့် ...
NLD အမတ်တွေ ...
သူတို့ ထက် ပို အလုပ်လုပ်ပြပါစေလို့  ...
ဆုတောင်းမိပါတယ် ...
Good Luck ....

Ps ။ ဒီစတေးတပ်မှာ ...
ကျွန်တော့်ကို တစ်ဘက်က လာဆဲနေကြ အဖွဲ့ တွေ ....
ကြိုက်သလိုဆဲ ....
ကြိုက်သလို အောင်ပွဲခံနိုင်ပါတယ် ...

ဘလော့မည် မဟုတ် ...
ကောမန့် တွေ ဖျက်မည်မဟုတ်ပါ ...
:) :) :) :) :)

နိုင်သူပျော် ရှုံးသူပြုံး ကြစို့ ရွေးကောက်ပွဲပြီးပါပြီ။

နိုင်သူပျော်  ရှုံးသူပြုံး ကြစို့

ရွေးကောက်ပွဲပြီးပါပြီ။

ညနေကကျွန်တော်ကိုနိုင်ငံတကာသတင်းဌာနတစ်ခုက ရွေးကောက် ပွဲနေ့အပေါ် အမြင်ကိုမေးခဲ့သည်။ ဒီတော့ ၁၉ ၉ ၀ မှစပြီး ကျွန်တော်ကြုံခဲ့သမျှ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူတွေ အတက်ကြွဆုံးပါဝင်တာတွေ့သည့်အတွက် ၀မ်းသာသည်၊ မဲဆန္ဒရှင်များတက်ကြွစွာပါဝင် မှုသည်ဒီမိုကရေစီအတွက်အရေးကြီးဆုံးဖြစ်သည်၊  ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ပြည်သူတွေအဆုံးအဖြတ်ကို လက်ခံပြီး ရှေ့ဆက်ဖို့ပဲလိုသည်ဟု ဖြေခဲ့သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲ မဲဆွယ်ကာလ နှစ်လတွင် ပါတီအသီးသီးမှ ကိုယ်စားလှယ် လောင်းများ၊ ပါတီထောက်ခံသူများ အားတက်သရော မဲဆွယ်ခဲ့ကြသည်။ လွတ်လပ် ပွင့်လင်းလာသော နိုင်ငံရေးအခြေအနေတစ်ရပ်အောက်တွင် ပထမဆုံးအကြိမ် လူစုံတက်စုံ ပါဝင်ယှဉ်ပြိုင်သော ရွေးကောက်ပွဲဖြစ်သည့်အတွက် ယှဉ်ပြိုင်မှုတွေပြင်းထန် တာကလည်း အမှန်ပင်ဖြစ်သည်။ 

ခံစားချက်တွေလွန်ကဲပြီးအလွန်အကျွံပြောဆိုမိကြတာတွေလည်းရှိသည်။ ဥပဒေကို ချိုးဖောက် သည်အထိ ဖြစ်သောကြောင့် တိုင်ကြားတာတွေ၊ အရေးယူတာတွေ လည်းရှိခဲ့ သည်။အသက်မွေးဝမ်းကျောင်းနယ်ပယ်အသီးသီးမှာ၊မိသားစုတွေအတွင်းမှာ၊ မိတ်ဆွေ တွေအတွင်းမှာ ကွဲပြားမှုတွေလည်း ရှိခဲ့သည်။

ယနေ့ညနေမှာတော့ အားလုံးမဲပေးခဲ့ကြပါပြီ။  မဲရုံအသီးသီးမှာ မဲတွေရေတွက်နေကြ ပါပြီ။ မဲရလဒ်တွေပေါ်ထွက်လာရင်တော့ကျွန်တော်တို့အားလုံးအတွက် တစ်ခုပဲလုပ်ဖို့ရှိတော့ သည်။ဒါကကျွန်တော် တို့ ချစ်မြတ်နိုးသော ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်း ဖို့၊ ဖွံ့ဖြိုး တိုးတက်ဖို့ပဲဖြစ်သည်။

ဒီမိုကရေစီနိုင်ငံများတွင်ပုံမှန်ကျင်းပနေသောရွေးကောက်ပွဲ များရှိသည်။ အဲဒီ ရွေးကောက် ပွဲများတွင် ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် မဲဆွယ်ခဲ့သည်ဖြစ်စေ ရှုံးသူက အနိုင်ရသူ ကို လက်ဆွဲနှုတ်ဆက်ပြီး တိုင်းပြည်အတွက် လက်တွဲလုပ်ကြ သည်။ ဝေဖန်စရာရှိက ဝေဖန်၊ ထောက်ခံစရာရှိက ထောက်ခံ ကြသည်။

နိုင်သူပျော်သလို၊ ရှုံးသူကလည်း ပြုံးနိုင်သည်။ မုဒိတာပွားနိင်သည်။ ဒါသည်ပင် ဒီမို ကရေစီ ၏ အနှစ်သာရဖြစ်သည်။

ဘယ်သူက ဘယ်ပါတီကိုထောက်ခံခဲ့လို့ ဆိုတဲ့ ခံစားချက်တွေကို အလုပ်ထဲကို၊ အသိုင်းအ၀န်းထဲကို၊ ဘ၀ထဲကို ယူမလာကြ။ ကွဲ ပြားခြားနားမှုတွေထဲက စုစည်းညီညွတ်မှုကိုပဲ ရှာကြသည်။ ဒါ့ကြောင့် သူတို့နိုင်ငံတွေမှာ ရွေးကောက်ပွဲများသည် နိုင်ငံ့အတွက်အားသစ်ကိုသာ ဖြစ်စေသည်။ ရွေးကောက်ပွဲ တစ်ကြိမ်ပြီးတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အားသစ်တွေရသည်ဟု ဆိုချင်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကား ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ရှေ့ဆက်နိုင်ဖို့အတွက် အရေးကြီးသည့် သမိုင်းဝင် ရွေး ကောက်ပွဲဖြစ်သည်။

ဒီရွေးကောက်ပွဲကြီးကနေ ခိုင်မာသောခြေလှမ်းတွေဆက်လှမ်းနိုင်ဖို့ အတွက် ရွေးကောက်ပွဲအကြိုကာလက ကွဲပြားခဲ့သမျှကို ချန်ထားခဲ့ပြီး ညီညီညာညာ ရှေ့ ဆက်လှမ်းကြပါစို့ဟုသာ တိုက်တွန်းလိုပါသည်။

၇-၁၁-၂၀၁၅ နေ့ညနေ ၆း၂၀ ၌မိုးညှင်းမြို့ခိုင်ရွှေဝါ တည်ခိုခန်း အခန်း(၉)၌တည်ခိုနေသောလူတစ်ဦးအခန်းအတွင်း၌သေဆုံးနေကြောင်း မိုးညှင်းမြို့မရဲစခန်းမှမေတ္တာမွန်လူမှုကူညီရေးအသင်းသို့အကြောင်းလာသောကြောင့်အလောင်းအားမိုးညှင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်

၇-၁၁-၂၀၁၅ နေ့ညနေ ၆း၂၀ ၌မိုးညှင်းမြို့ခိုင်ရွှေဝါ
တည်ခိုခန်း အခန်း(၉)၌တည်ခိုနေသောလူတစ်ဦးအခန်းအတွင်း၌သေဆုံးနေကြောင်း မိုးညှင်းမြို့မရဲစခန်းမှမေတ္တာမွန်လူမှုကူညီရေးအသင်းသို့အကြောင်းလာသောကြောင့်အလောင်းအားမိုးညှင်းပြည်သူ့ဆေးရုံသို့ပို့ဆောင် သေဆုံးသူမှာ ၃-၁၁-၂၀၁၅ရက်နေ့၌စတင်တည်ခိုပြီးမည်သည့်အချိန်၌သေဆုံးနေသည်ကိုမသိရှိရ ၇-၁၁-၂၀၁၅ရက်ယနေ့ညနေမှပုတ်ပွနေပြီးသေဆုံသူအလောင်းအားတွေရှိရသည် သေဆုံးသူမှာ ဝင်းထွန်း(ဘ)ဦးကြည်လှိုင် အသက်(၃၄)နှစ်ဖြစ်ပြီး၁၀/၃၃/၈၀၃ ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့၌နေထိုင်သူဖြစ်ပြီး မီးရထားပေါ်၌ဈေးရောင်သူဟုသိရှိရပါသည်။

photo by nyi nyi

ရှမ်းတောင် ရွာငံမြို့နယ်တွင် USDP ဦးဆောင်နေ

ရှမ်းတောင် ရွာငံမြို့နယ်တွင် USDP ဦးဆောင်နေ

The Irrawaddy

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံမြို့နယ် တောင်ကြားကျေးရွာ မဲရုံတွင် USDP က ၁၇၉ မဲ၊  NLD ၈၉ မဲ၊ လယ်တိုင်ကျေးရွာ မဲရုံတွင် USDP ၂၆၀ မဲ၊ NLD ၂၃၀ မဲ၊ ဓနု အိုးစည် ပါတီ ၄၄၊ မြို့ကုန်း ကျေးရွာ မဲရုံတွင် USDP ၂၆၆ မဲ၊ NLD ၈၂ မဲ ဖြစ်သည်ဟု ထိုဒေသသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က သတင်းပေးပို့သည်။

ရယ်လိုက်ရတာ အူတောင်နာတယ် ... ဘူမသိ ကိုးမသိနဲ့  ... မေစုနိုင်ရင် အာ့အလံပြန်ပြောင်းပေးတဲ့  .... ဒေါ်စုကြားရင် အတော်ကြီး ... အီလည်လည်ဖြစ်သွားမယ် ထင်တယ် ... :3 :3 :3 :3 :3

ရယ်လိုက်ရတာ အူတောင်နာတယ် ...
ဘူမသိ ကိုးမသိနဲ့ ...
မေစုနိုင်ရင် အာ့အလံပြန်ပြောင်းပေးတဲ့  ....

ဒေါ်စုကြားရင် အတော်ကြီး ...
အီလည်လည်ဖြစ်သွားမယ် ထင်တယ် ...
:3 :3 :3 :3 :

စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူဆိုင်က ကြိုတင်မဲ ကိစ္စ ဖြစ်စဉ်အကျဉ်းမှာ

စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူဆိုင်က ကြိုတင်မဲ ကိစ္စ ဖြစ်စဉ်အကျဉ်းမှာ

နမခတိုင်း ရှိ (တပ်မတော်) က ကြိုတင်မဲတွေကို သတ်မှတ်ချက်အတိုင်း စာအိတ်ထဲထည့်ပြီး ကလေးမြို့က ကော်မရှင်ကိုသွားအပ်တယ်

အဲဒီမှာ ကော်မရှင်က စာအိတ်မပိတ်ထားရင် လက်မခံဘူးဆိုလို့... သူတို့မှာလဲ... စာအိတ် ပိတ်စရာ ကော်မရှိတာနဲ့... နီးစပ်ရာ ကွန်ပျူတာဆိုင်က ကော်ထုပ်တောင်းပြီး တပ်က တာဝန်ခံတွေ ကိုယ်တိုင် ထိုင်ပြီး ကပ်ကြတယ်

ဆိုင်က ကောင်မလေး ၂ ယောက်က မြန်မြန် ပြီးစီးအောင် ၀ိုင်းကူညီပေးတယ် အဲဒါကို video လာ၇ိုက်ပြီး တပ်က တာဝန်ခံတွေ မပါပဲ... ကွန်ပျူတာဆိုင်က ကောင်မလေးတွေကိုပဲ စာအိတ်ပိတ်နေတာတွေကို ရိုက်ပြီး မဲခိုး.. မဲလိမ်နေပါတယ် ဆိုပြီး မီဒီယာနဲ့ ပေါင်းပြီး ဖွတယ်...

သူတို့ရိုက်ထားတဲ့ Video ထဲမှာလည်း မဲခိုးနေတာ မဲလိမ်နေတာ မဟုတ်ပါဘူး... မပိတ်ရသေးတဲ့ မဲအိတ်တွေကို ကော်နဲ့ ကူပြီး ကပ်ပေးနေခြင်းသာ ဖြစ်ပါတယ်...

အဲဒီကြိုတင် မဲသွားပို့တဲ့ တာဝန်ခံက ကျနော် နဲ့ အပတ်စဉ်တူ သူငယ်ချင်းပါ...

မဟုတ်မမှန် လုပ်ကြံပြီး ၀ါဒဖြန့်နေတာတွေ အတွက် အဖြစ်မှန်ကို သိရှိစေဖို့ သိရှိရသလောက် သတင်းဖြစ်ရပ်ကို တင်ပြလိုက်ပါတယ်...

(အများပြည်သူတွေကို အဖြစ်မှန် သိရှိစေဖို့ Share ပေးကြပါ)

ပြင်ဦးလွင် မဲရုံတစ်ခု ရဲ့  အရှုံးအနိုင်ပါ ... မဲဆန္ဒနယ် တစ်ခုလုံး မဟုတ်သေးပါ ...

ပြင်ဦးလွင် မဲရုံတစ်ခု ရဲ့
အရှုံးအနိုင်ပါ ...
မဲဆန္ဒနယ် တစ်ခုလုံး မဟုတ်သေးပါ ...

မူရင်းလင့် - https://www.facebook.com/newsKumudra/posts/897020387033289

ဂန့် ဂေါမြို့  အမှတ်၁ ရပ်ကွက် မဲရုံအမှတ် ၆ ပြည်သူ့ လွှတ်တော် နဲ့  ... အမျိုးသားလွှတ်တော် မဲအဖြေပါတဲ့  ... ဦးဝင်းမြင့်မောင်က ပြည်ခိုင်ဖြိုးကပါ .... ဦးလှဆွေ ... အဲ .. ဦးလှဆွေကလဲ ပြည်ခိုင်ဖြိုးကပါပဲ ...

ဂန့် ဂေါမြို့  အမှတ်၁ ရပ်ကွက် မဲရုံအမှတ် ၆
ပြည်သူ့ လွှတ်တော် နဲ့  ...
အမျိုးသားလွှတ်တော် မဲအဖြေပါတဲ့  ...

ဦးဝင်းမြင့်မောင်က ပြည်ခိုင်ဖြိုးကပါ ....

ဦးလှဆွေ ...
အဲ .. ဦးလှဆွေကလဲ ပြည်ခိုင်ဖြိုးကပါပဲ  ...
:P :P :P :P

( Photo - Hla Swe )

တာဝန်ချိန်မှာသာ သမ္မတ အဆောင်အယောင် နဲ့ သွားလာပေမယ့် မဲပေးချိန်မှာတော့ သာမန်မဲဆန္ဒရှင်တစ်ဦး လိုတန်းစီမဲပေးခဲ့ သမ္မတကြီး ဒီမိုကရေစီ ကျင့်စဉ်ကို အပြောမဟုတ် အလုပ်ဖြင့်လက်တွေ့ပြခဲ့သူ

တာဝန်ချိန်မှာသာ သမ္မတ အဆောင်အယောင် နဲ့ သွားလာပေမယ့်

မဲပေးချိန်မှာတော့ သာမန်မဲဆန္ဒရှင်တစ်ဦး   လိုတန်းစီမဲပေးခဲ့ သမ္မတကြီး

ဒီမိုကရေစီ ကျင့်စဉ်ကို အပြောမဟုတ်

အလုပ်ဖြင့်လက်တွေ့ပြခဲ့သူ

ဒေါ်စုကြည်အခုမှ နိုင်ငံသားကတ်ရရှိ သဖြင့် နေထိုင်ရာဗဟန်း၌မဲပေးမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။

ဒေါ်စုကြည်အခုမှ နိုင်ငံသားကတ်ရရှိ
သဖြင့် နေထိုင်ရာဗဟန်း၌မဲပေးမှုတွင်
ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။
ယခင်က ယာယီကတ် ၃ခေါက်ချိုးလေး
အားနွမ်းဖက်အောင်ကိုင်ထားပြီး
မဲပေးရာ၌ ယာယီကတ်အားပြသရမည်
ကို အလွန်ရှက်ရွံ့ လိပ်ပြာမလုံဖြစ်ခဲ့ရသည်။
ထို့ ကြောင့် ၂၀၁၀ နှင့် ၂၀၁၂ကြားဖြတ်တို့ 
တွင် တစ်ခါမှ မဲမပေးခဲ့ဖူးကြောင်းမှတ်တမ်း
အရသိရှိရပါသည်။

လက်ရှိ နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်တွေကတော့ ဆန္ဒမဲပေးရင် ပြုံပြုံးရွှင် ရွင် နဲ့ပေါ့ဗျာ......ခင်ဗျာ့တို့ ပြောပြောနေတဲ့ ကျတော်တို့ မေမေစုကတော့ ဘာတွေ များ အလို မကျ ဖြစ်နေသလဲ ဗျာ..

လက်ရှိ နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်တွေကတော့ ဆန္ဒမဲပေးရင် ပြုံပြုံးရွှင် ရွင် နဲ့ပေါ့ဗျာ......ခင်ဗျာ့တို့ ပြောပြောနေတဲ့ ကျတော်တို့ မေမေစုကတော့ ဘာတွေ များ အလို မကျ ဖြစ်နေသလဲ ဗျာ...ကွကိုယ် ရှုံးမယ် မှန်းသိလို့ များလား ဘာလားးးးးးးး :P ဒေါ်စု စိတ်ဆင်းရဲနေတဲ့ ပုံပဲ ဗျ