မြည်းတစ်ကောင်နဲ့လင်မယားနှစ်ယောက်
ဇတ်လမ်းလေး
တစ်ခါကလင်မယားနှစ်ယောက်ဟာ မြည်းတစ်ကောင်ပေါ်မှာ အတူစီးရင်း ခရီးထွက်လာခဲ့တာပေါ့။အဲဒါနဲ့ လမ်းမှာသွားနေတုန်း သူတို့လင်မယားနှစ်ယောက်ရဲ့ နောက်ခပ်လှမ်းလှမ်းမှာ လူနှစ်ယောက်က မြင်းစီးပြီးလိုက်လာပါတယ်။ထိုလူနှစ်ယောက်က မြည်းစီးနေတဲ့ လင်မယားကိုကြည့်ပြီးတော့
" ကြည့်ပါဦးကွာ ဒီလင်မယားက မြည်းကို သတ်နေတာထင်တယ်" ဆိုပြီးပြောကြသတဲ့။အဲဒါကို လင်မယားကလဲ ကြားရော မိန်းမက မြည်းပေါ်ကဆင်းပြီးတော့ လမ်းလျှောက်လိုက်ပါတယ်။ယောက်ျားက မြည်းကိုစီးပြီးတော့ လိုက်လာတာပေါ့။
ရှေ့နားရောက်တဲ့အခါ လမ်းဘေးမှာရပ်နေတဲ့ အဘိုးကြီးသုံးယောက်က
" ကြည့်ပါဦးကွာ ဒီယောက်ျားက တစ်ကိုယ်ကောင်းသမားပဲ မိန်းမတွေအပေါ်ကြင်နာရမှန်းတောင်မသိဘူး " သူတို့အဲလို ကဲ့ရဲ့နေတော့ ယောက်ျားက မြည်းပေါ်ကဆင်းတယ်။မိန်းမက မြည်းပေါ်တက်စီးလာတာပေါ့။
ရှေ့နားထပ်ရောက်တဲ့အခါ သစ်ပင်အောက်မှာ ထိုင်နေတဲ့ မိန်းမနှစ်ယောက်က
" ကြည့်ပါဦးကွာ ဒီလင်မယားနှစ်ယောက်ကို ကြည့်တာနဲ့ သူတို့အိမ်မှာ ဘယ်သူက ခေါင်းဆောင်လဲဆိုတာကို မှန်းလို့ရပြီ"
အဲလိုလဲပြောရော လင်မယားနှစ်ယောက်လဲ မြည်းကိုမစီးတော့ဘဲ လမ်းလျှောက်ပြီးတော့ လာခဲ့တာပေါ့။
ရှေ့နားလဲရောက်ရော စစ်သားတွေနဲ့တွေ့တော့ စစ်သားတွေက
" ဒီလင်မယားဟာ ငတုံးလင်မယားပဲ မြည်းရှိတာတောင် လမ်းလျှောက်ပြီးသွားနေကြတယ်" လို့ပြစ်တင်ပြောဆိုပါတယ်။
ဒီတော့ လင်မယားနှစ်ယောက်လဲ နေ့တပိုင်းသာ အချိန်ယူသွားရမယ့် ခရီးကို တစ်ရက်ကြာမှ ရောက်ပါတယ်တဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ဒီပုံပြင်လေးကို ဖတ်ပြီးတော့ တစ်ခုခုသင်ခန်းစာရမယ်လို့ထင်ပါတယ်။
____________________________
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment