Wednesday, September 10, 2014

ဂျီဟတ်အရေး သွေးမအေးနှင့်


အယ်လ်ကိုင်ဒါအကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဇာဝါဟီရီ က မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ နှင့် အိနိ္ဒယနိုင်ငံများတွင် ဂျီဟတ်လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည့် အပေါ်အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) မှဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသက ကြေညာချက်
ထုတ် ပြန်ခဲ့သည်။

ကြေညာချက်တွင်မြန်မာတိုင်း ရင်းသူ/သား၊ ရဟန်း၊ ရှင်၊ လူ အားလုံးကိုယ်စား၊ အမျိုးဘာသာ၊ သာသနာစောင့်ရှောက် ရေးအဖွဲ့ (ဗဟို)မှပြင်းထန်စွာ ရှုတ်ချကန့် ကွက်လိုက်ကြောင်း နှင့်မြန်မာနိုင်ငံ၏တာဝန်ရှိသူအားလုံးတို့က လည်း လိုအပ်သော စီမံမှုများအားလုံးကို ပြည့်စုံအောင် စီမံကြပါဟု တိုက်တွန်း ကြောင်း ဖော်ပြထားသည်။

ထို့ပြင်နဂိုက ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ခဲ့သည့် အိနိ္ဒယ၊ နာလန်္ဒတက်္ကသိုလ်၊ ပါကစ်္စတန်၊ အာဖဂန် နစ်္စတန်၊ ဘင်္ဂလား ဒေရှ့်၊ အင်ဒိုနီးရှား၊ မလေးရှားစသောနိုင်ငံတို့တွင် ဂျီဟတ်လုပ် ခဲ့ပြီး ဗုဒ်္ဓဘာသာဝင်မြောက်မြားစွာကို သတ်ဖြတ်ခဲ့ဖူးပြီး ၁၉၆၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံသမ်္မတ
ဆူကာနိုလက်ထက်တွင်လူပေါင်း ခြောက်သောင်းထက်မနည်းသတ်ဖြတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ အဆိုပါ အတိတ်ကသမိုင်းဖြစ်ရပ်မှန်များ၊ နိုင်ငံသမိုင်းများကို သင်ခန်းစာမယူဘဲ နေမြဲတိုင်း၊ အမှုမဲ့၊အမှတ်မဲ့နေလျှင် မကြာမီ တိုင်းပြည်နှင့် လူမျိုး၊ ဘာသာ၊ သာသနာ၊ ပျောက်ကွယ် သွားတော့မည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင်သတိပေး ဖော် ပြထားသည်။

ထို့ကြောင့် တိုင်းသူပြည်သားအားလုံးတို့ကအမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများကို
aသွးအေး မနေကြ ဘဲ တာဝန်ကိုယ်စီယူကြပါဟု ကြေညာချက်တွင် တိုက်တွန်း နှိုးဆော်ထားသည်။အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)၏ကြေညာချက်ကို အမျိုး၊ဘာသာ၊သာသနာစောင့် ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်-မန်္တလေး)မှ ထောက်ခံ ကြောင်းကြေညာချက်ကို စက်တင်ဘာ (၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် တရားမ၀င် ခိုးဝင်ရောက်ရှိလာ သည့် ဘင်္ဂါလီများကို လျှို့ဝှက်စွာလက်ခံထား
သည့်ဌာနများနှင့် မွတ်ဆလင်များကို ဖော်ထုတ်အရေးယူရန်၊ နိုင်ငံတော် လုံခြုံ ရေးနှင့် အများပြည်သူအသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေ နိုင်သော ဘူရ်ခါခြုံ(ခေါင်းမြီးခြုံ)၍
သွားလာနေမှုများအားတား မြစ်ပေးရန်တိုက်တွန်းသည်ဟု ဖော်ပြထားသည်။

ထို့ပြင်ရဟန်း၊ ရှင်၊ လူ၊ ပြည် သူများအနေဖြင့် အမှုမဲ့၊ အမှတ်မဲ့မနေကြဘဲ ထင်သာမြင်သာမရှိသော ဗလီများ၊ မွတ် ဆလင်ရပ်ကွက်များ၊ မွတ်ဆလင်ကျေးရွာများကို သတိကြီးစွာ ထား၍စောင့်ကြည့်ရန်နှင့် သံသယဖြစ်ဖွယ် အမူအရာများတွေ့ ရှိပါက နီးစပ်ရာ(မ.ဘ.သ)အဖွဲ့သို့ အလျင်အမြန် သတင်း ပို့ကြပြီး သက်ဆိုင်ရာ(မ.ဘ.သ)အဖွဲ့များမှ ရရှိလာသော သတင်းအချက်အလက်များကို အခြေခံ၍ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ထပ်မံတိုက်တွန်းဖော်ပြ ထားသည်။

ဆက်လက်၍ ရဟန်း သံဃာတော်များအနေဖြင့် သမိုင်း ဖြစ်ရပ်များကို သင်ခန်းစာယူ၍ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် သတိကြီးစွာထားလျက် ပိုမိုအလေးပေး ဆောင်ရွက်ကြ ရန်အတွက် ကြေညာချက်တွင် နှိုးဆော်ထားသည်။

အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ ပြောကြားချက်ကို မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းများမှလည်း ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ထား ကြောင်း သိရသည်။


မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment