Wednesday, September 10, 2014

KIA နှင့် အယ်လ်ကိုင်းဒါးအဖွဲ့တို့ ဆက်သွယ်မှုတွေ ရှိနေပြီလား


၂၀၁၄ ခု မတ်လ ၂ ရက်နေ့က RSO တာဝန်ခံ ၊ ဘင်္ဂါလီများနှင့်KIA/KIO မှ ဗိုလ်မှူးကြီး ဂျိမ်းစ် BRAT မှ ဦးမောင်ကျော်နု ၊Abdul Mah Boud ၊ Younus Grameya ၊ Abdu Slam ၊Nassir Ahamed ၊ Anwar Arkani ၊ Koir Khan ၊ Mamuda ၊Deen Mohamed (ဧည့်သည် ) တို့ တွေ့ဆုံခဲ့သည့် video clip တစ်ခု Youtube တွင်ပေါ်ထွက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေပြုသော ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) က ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရန် KIO ထံတောင်းဆိုခဲ့ကြောင်း KIO နှင့် ဘင်္ဂါလီ ခေါင်းဆောင်များ ဆွေးနွေးပွဲ မှတ်တမ်းအရ သိရသည်။

ဘင်္ဂလီများက ကချင်မြေတွင် တပ်မတော် ထူထောင်ချင်သည် KIO အဖွဲ့မှ ဗိုလ်မှူးကြီးဂျိမ်းစ်နှင့် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီအဖွဲ့မှ ဦးမောင်ကျော်နု အပါအဝင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ တစ်နေရာတွင် ၂၀၁၄ ခုနှစ် မတ်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့သော အဆိုပါ ဆွေးနွေးပွဲ မှတ်တမ်းဗီဒီယိုတွင် ဘင်္ဂါလီများက KIO ထိန်းချုပ်နယ်မြေတွင် အခြေစိုက်၍ ရိုဟင်ဂျာ တပ်မတော် ထူထောင်ခွင့်ပြုရန် တောင်းဆိုထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အင်အားတွေဟာ ကချင်အင်အား ဖြစ်ပါတယ်။ ကချင်လူမျိုးနဲ့ ကျွန်တော်တို့ဟာတညီတညွတ်တည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကချင်နယ်မြေမှာ တပ်ထူထောင်ချင်ပါတယ်”ဟု ဦးမောင်ကျော်နုက KIO မှ ဗိုလ်မှူးကြီး ဂျိမ်းစ်ထံ တောင်းဆိုခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် KIO အဖွဲ့မှ တာဝန်ခံတစ်ဦးလည်း ပါဝင်ပြီး ကချင်ပြည်နယ်အတွင်းရိုဟင်ဂျာ တပ်မတော် ထူထောင်ရေး အဓိကတောင်းဆို ဆွေးနွေးခဲ့သည်။

များမကြာသေးမီကလည်း အယ်လ်ကိုင်းဒါးအဖွဲ့မှ ဂျီဟတ်လုပ်မည်ဟု ကြေငြာသည့်စာရင်းတွင်မြန်မာနိုင်ငံ
ပါဝင်လာခြင်းနှင့် အထက်ပါ video clip ပါ ပြောဆိုချက်များအားဆက်စပ်ကြည့်ပါက အယ်လ်ကိုင်းဒါးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းအကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ရာဒေသများတွင်ခြေကုပ်ရယူထားပြီလားဟု စိုးရိမ်စွာ မေးခွန်းထုတ်ဖွယ်
ရာဖြစ်နေပြီဖြစ်သည်။

တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လူ၊ လက်နက်အင်အားအဆမတန် နဲပါးလာခဲ့သော KIA အနေဖြင့် video clip ပါ တောင်းဆိုချက်များအားလိုက်လျောကာ ဘင်္ဂလီများအား ၄င်းတို့နယ်မြေတွင် တပ်မတော်တည်ထောင်ခွင့်ပေးပြီးအယ်ကိုင်းဒါးကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းများအား အခြေစိုက်ခွင့်ပြုမည့်အနေအထားပင်ဖြစ်သည်။

အထက်ပါ video clip ပေါ်ထွက်လာပြီးနောက် ပြည်တွင်းရှိ နိုင်ငံရေးအသိုင်းအ၀ိုင်းများ၊သတင်းနှင့် စာနယ်ဇင်းလောကမှ သတင်းသမားများအပါအ၀င် ပြည်သူအများမှ ပြင်းထန်စွာရှုံ့ချကန့်ကွက်ကြပြီး အမျိုးသားရေးအန္တရာယ်ခြိမ်းခြောက်မှုအဖြစ် သတိပေးတပ်လှန့်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

မိမိနှင့်နယ်မြေအတွင်းအယ်လ်ကိုင်းဒါးအကြမ်းဖက်သမားတို့၏ အခြေစိုက်ရာဖြစ်လာမည်ကို မည်သူကမျှ

လက်ခံနိုင်မည်မဟုတ်ပင်။ ရိုဟင်ဂျာတပ်ဖွဲ့သာ ကချင်မြေတွင် ပေါ်ပေါက်လာပါကအစိုးရအနေနှင့် အခြားတိုင်းရင်းသား အဖွဲ့များကဲ့သို့ ဆွေးနွေး ညှိနှိုင်းမည်မဟုတ်ဘဲအပြုတ်တိုက်မည်မှာ အသေအချာပင်ဖြစ်သည်။

ဒေသခံများအပေါ် အနိုင်ကျင့် ဗိုလ်ကျကာ လူသစ်စု၊ ဆက်ကြေးကောက်၊ ဘိန်းစိုက် စသည်တို့ကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့သော KIA ၏ အနာဂါတ်ကား လှပတော့မည်မဟုတ်ပေ။

တကယ်တော့ ဒီကိစ္စပေါ်လာကတည်းက မဟုတ်ဘူးဆိုရင်ချက်ချင်းဖြေရှင်းရမှာ။ဒေသတွင်းရော
နိုင်ငံတကာလုံခြုံရေးကိုပါ ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စ၊ အခုတော့ ဘာမှ ဖြေရှင်းခြင်းမပြုဘဲ တိမ်းရှောင်နေကြတာဟာKIA အနေနဲ့ ဘင်္ဂလီတွေကို ကချင်နယ်မြေထဲမှာ တပ်မတော်ထူထောင်ခွင့်ပြုထားလို့အယ်လ်ကိုင်းဒါးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေရှိ
နေတယ်ဆိုတာ သက်သေပြနေစရာကိုမလိုပဲပေါ်ပေါက်နေပြီဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တစ်ဦးကလည်း ပြောဆိုခဲ့သည်။

လက်ရှိတွင် ဘင်္ဂါလီ အဖွဲ့များက KIO နယ်မြေတွင် လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ရန်ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် ဆွေးနွေးမှုအပေါ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် မြစ်ကြီးနားမြို့ရှိ KIO နည်းပညာ အထောက်အကူပြုတာဝန်ခံများထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းအဆက်အသွယ်ရရှိခြင်းမရှိဘဲ ရှောင်တိမ်း
နေကြကြောင်းသိရှိရသည်။

ကေအိုင်အေနဲ့ ရိုဟင်ဂျာ သူပုန် ( RSO ကုလားဆိုး) တို့ တပ်နေရာချထားရေး ဆွေးနွေးသည့်

ဗီဒီယိုဖိုင်များကို ကြည့်ရှုရန် -

https://www.youtube.com/watch?v=1k68QDebvRE (အပိုင်း- ၁ )

https://www.youtube.com/watch?v=pnv5IvMeCgw ( အပိုင်း -၂ )

ပရိုမီးသီးယပ်စ်


မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment