Friday, November 14, 2014

နွေရာသီကာလအတွင်း ခေါ်ယူခဲ့သည့် ကစားသမားသစ်များအနက် ပရီမီယာလိဂ်၏ တန်ဖိုးအရှိဆုံး တိုက်စစ်မှူး ဘယ်သူဖြစ်မလဲ ==================================

============ ပရီမီယာလိဂ်ကလပ်အသင်းများ သည် ပြီးခဲ့သည့်နွေရာသီအပြောင်း အရွှေ့ဈေးကွက်အတွင်းက တိုက်စစ် မှူးသစ်များခေါ်ယူမှုအတွက် စုစု ပေါင်းသုံးစွဲငွေကြေးပမာဏမှာ ပေါင် သန်း ၂ဝဝ ကျော်အထိ ရှိခဲ့သည်။ ထိုသို့ ပရီမီယာလိဂ်ကလပ်အသင်း အသီးသီးက ခေါ်ယူခဲ့သည့် ကစား သမားသစ်များထဲတွင် ဒီယေဂိုကော် စတာနှင့် ဆန်းချက်ခ်ျတို့သည် ဈေး အကြီးဆုံးဖြစ်ခဲ့သည်။ ကော်စတာ အနေဖြင့် ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးများ သွင်းယူပေးနိုင်ခဲ့သလို ဆန်းချက်ခ်ျသည်လည်း အာဆင်နယ် အတွက် အနိုင်ဂိုးများ သွင်းယူပေး နိုင်ခဲ့သည်။ နွေရာသီဈေးကွက်အတွင်းက ခေါ် ယူခဲ့သည့် ကစားသမားများအနက် အလွတ်ခေါ်ယူခဲ့သည့် ကစားသမား များထဲတွင် အီတိုးသည် အဲဗာတန် အတွက် သုံးဂိုး၊ ဒရော့ဘာသည် ချယ်လ်ဆီးအတွက် တစ်ဂိုး၊ ဂိုမစ် သည် ဆွမ်ဆီးအတွက် တစ်ဂိုးနှင့် ဘီရမ်ဒီအော့ဖ်သည် စတုတ်စီးတီး အတွက် သုံးဂိုး အသီးသီးသွင်းယူပေး နိုင်ခဲ့ကြသည်။ နွေရာသီဈေးကွက်အတွင်း ခေါ်ယူ ခဲ့သည့် ကစားသမားများထဲမှ ကစား သမားအချို့၏ လက်ရှိတစ်ဂိုးပျမ်းမျှ ကုန်ကျခဲ့မှုကို ကြည့်မည်ဆိုပါက အာဆင်နယ်သည် ဆန်းချက်ခ်ျအား ပေါင် သန်း ၃ဝ ဖြင့် ခေါ်ယူခဲ့ရာ ရှစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုး ပျမ်းမျှ ကုန်ကျမှုသည် ပေါင် ၃ ဒသမ ၇၅ သန်းရှိခဲ့ပြီး ဝဲလ်ဘက် အား ပေါင် ၁၆ သန်းဖြင့် ခေါ်ယူခဲ့ရာ နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုးပျမ်းမျှကုန်ကျမှုသည် ပေါင် ရှစ်သန်းရှိခဲ့သည်။ ချယ်လ်ဆီးသည် ကော်စတာအား ပေါင် ၃၂ သန်းဖြင့် ခေါ်ယူခဲ့ရာ ၁ဝ ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုးပျမ်းမျှကုန်ကျမှုသည် ပေါင် ၃ ဒသမ ၂ သန်းရှိခဲ့ပြီး လွိုက်ရီမီအား ပေါင်ရှစ်သန်းဖြင့် ခေါ်ယူခဲ့ရာ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုးပျမ်းမျှကုန်ကျမှုသည် ပေါင် ရှစ်သန်းရှိခဲ့သည်။ ခရစ္စတယ်ပဲလေ့စ်သည် ကမ်းဘဲလ် အား ပေါင်ရှစ်သိန်းဖြင့် ခေါ်ယူခဲ့ရာ သုံးဂိုးသွင်းယူနိုင်ခဲ့၍ တစ်ဂိုးလျှင် ပေါင် ၂၆၆ဝဝဝ ကုန်ကျခဲ့ပြီး အဲဗာ တန်သည် လူကာကူအား ပေါင် ၂၈ သန်းဖြင့် ခေါ်ယူခဲ့ရာ လေးဂိုးသွင်း နိုင်ခဲ့သဖြင့် တစ်ဂိုးပျမ်းမျှ ပေါင်ခုနစ် သန်းကုန်ကျခဲ့သည်။ မန်ယူသည် ဖယ်လ်ကာအိုအား အငှားစာချုပ်ဖြင့် ပေါင်ခြောက်သန်းပေးကာ ခေါ်ယူခဲ့ ရာ တစ်ဂိုးသွင်းနိုင်ခဲ့သဖြင့် တစ်ဂိုး ပျမ်းမျှ ခြောက်သန်းကုန်ကျခဲ့သည်။ ဆောက်သမ်တန်သည် ရှိန်းလောင်း အား ပေါင် ၁၂ သန်းဖြင့် ခေါ်ယူခဲ့ရာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုး ပျမ်းမျှ ပေါင်ခြောက်သန်းကုန်ကျခဲ့ ပြီး ဂရာဇီယာနိုပီလီအား ပေါင် ရှစ်သန်းဖြင့်ခေါ်ယူခဲ့ရာ ခြောက်ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုး ပျမ်းမျှ ပေါင် ၁ ဒသမ ၃၃ သန်း ကုန်ကျခဲ့သည်။ ဝက်စ်ဟမ်းသည် ဆာခိုအား ပေါင် ၃ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ရာ ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုးပျမ်းမျှ ပေါင် ၅၈၃ဝဝဝ ကုန်ကျခဲ့ပြီး ဗလင်စီယာအား ပေါင် ၁၂ သန်းဖြင့် ခေါ်ယူခဲ့ရာ သုံးဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် တစ်ဂိုး ပျမ်းမျှ ပေါင်လေးသန်းကုန်ကျခဲ့ သည်။

No comments:

Post a Comment