Friday, November 14, 2014
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာသမိုင်း (၂)
------------------------------------
ထိုသို့ ခေတ်ပြိုင်အထောက်အထားများကို ချန်လှပ်ထားခဲ့သော လုစ် နှင့် ဒူဂွိုင်ဆယ်လ် တို့သည် ဘီစီ (၆ ရာစု-၃ ရာစု) ဗုဒ္ဓခေတ် - အသောကခေတ် သာသနာရောက်ကြောင်းအထောက်
အထားဖြစ်သော ဗြဟ္မီစာအက္ခရာအရေးအသားများ၏ သမိုင်းအဓိပ္ပာယ်ကို မဖွင့်ဆိုပြခဲ့ပဲ ဆန့်ကျင်ဘက်အားဖြင့် - မြန်မာနိုင်ငံသားတို့သည် ဗုဒ္ဓခေတ်-အသောကခေတ်ကိုလည်းမမှီခဲ့၊
ဘီစီ ၁ ရာစု သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်သော
ခေတ်ကိုလည်း မမီခဲ့၊
အေဒီ ၄ ရာစုမှ ဗုဒ္ဓသာသနာ စတင်ရောက်သည်။
အေဒီ ၁၁ရာစု ဗမာတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာသောအခါ ကျမှ မြန်မာနိုင်ငံတွင် စေတီပုထိုးများကို အလွန်စိတ်ဓါတ်ကြွစွာဖြင့် တည်ဆောက်ကြကာ ဘယ်ဘုရားကတော့ ဗုဒ္ဓခေတ်ဆံတော်ရှင်စေတီ၊ ဘယ်ဘုရားကတော့ အသောကခေတ် ဆံတော်ရှင်စေတီ ဟူ၍ ဘုရားသမိုင်းများ ဖန်တီးရေးသားခဲ့ခြင်းဖြစ်ကြောင်း (ဆိုလိုသည်မှာ ဗုဒ္ဓခေတ်ဘုရား သမိုင်းအတုများ၊
အသောကခေတ်ဘုရားသမိုင်းအတုများကို မဟုတ်ပဲရေးခဲ့ကြကြောင်း) ပြောဆိုရေးသားခဲ့ကြပါသနည်း။
ရွှေတိဂုံဘုရားသမိုင်း၊ မင်းဘူးစက်တော်ရာသမိုင်းတို့ကိုလည်း နောက်ခေတ်ရေး ဘုရားသမိုင်းအတုများ ဟူ
သော ဆိုလိုရေးသားချက်မျိုးတို့ကို ဗြဟ္မီစာအထောက်အထားရှိပါလျှက်နှင့် အဘယ်စိတ်ထားဖြင့် ရေးသားခဲ့
ကြပါသနည်း။ ရှေးဘုရားသမိုင်း ရေးသားခဲ့သူများကိုလူလိမ်များဟု သွယ်ဝိုက်ပါးနပ်စွာ ရေးခဲ့ခြင်းဖြစ်ပါ
သည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင် ခေတ်ပညာတတ်လူငယ်အချို့သည် လုစ်နှင့် ဒူဂွိုင်ဆယ်လ် တို့၏
စာများကိုဖတ်ပြီး ထိုသူတို့ကို လွန်စွာယုံကြည်လေးစားခဲ့မိသဖြင့် ဆံတော်ရှင်ဘုရားသမိုင်း မှန်သမျှကို လုံးဝ
လက်မခံပဲ ပစ်ပယ်ခဲ့ကြပါသည်။ ရွှေတိဂုံစေတီတော်ကြီးကို မရှိခိုး မပူဇော်သူများ ရှိလာခဲ့ပါသည်။
“လုစ်တို့ပြောထားသားပဲ ရွှေတိဂုံထဲမှာ ဘာဆံတော်ဘာမွေတော်မှ မရှိတာ” ဟု ထိုခေတ် ပညာတတ်
မြန်မာလူငယ်တို့ ပြောလေ့ရှိပါသည်။
ထိုသို့သော မြန်မာလူငယ်များ တစ်ဖြည်းဖြည်း အမြောက်အများရှိလာလျှင် ဗုဒ္ဓ-အသောကခေတ် ဆံ
တော်ရှင် ဘုရားသမိုင်းများ တိမ်ကောလာခြင်း၊ ဆံတော်ရှင်စေတီများကို ရှိခိုးကော်ရော် ပူဇော်သူများ
လျော့ပါးလာခြင်း၊ ရှေးဘုရားသမိုင်း မှတ်တမ်းအရှည်သဖြင့် ကျန်အောင်ရေးသားမှတ်တမ်းတင်လာ
ခဲ့သော ရှေးဗုဒ္ဓဘာသာလူကြီးသူမများကို လူလိမ်များဟု ထင်မှတ်မှားခြင်းတို့ဖြင့် ဗုဒ္ဓဘာသာ အား
နည်းတိမ်ကောလာနိုင်ခြေ ရှိပါသည်။
ကိုလိုနီခေတ်တွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့်ဗုဒ္ဓဘာသာမှတ်တမ်းများ၊ ဘုရားသမိုင်းများကို
မလေးမစားဖြစ်လျှင် သူတို့ဘာသာသို့ စည်းရုံးသိမ်းသွင်းရန် လွယ်ကူလာပေလိမ့်မည်။ ဗုဒ္ဓဘာ
သာဝင်မြန်မာများသည် ဗုဒ္ဓဘာသာကို ကျောခိုင်းကာ သူတို့ဘာသာသို့ ကူးပြောင်းဝင်ရောက်ခဲ့လျှင်
သူတို့က ဆရာ၊ ကိုယ်တွေက တပည့်အဖြစ် ကျေကျေနပ်နပ်ကြီး တပည့်ခံကာ လွတ်လပ်ရေးအထူး
တောင်းချင်စိတ် ရှိတော့မည်မဟုတ်ပါ။ ထိုသို့ မြန်မာတို့ လွတ်လပ်ရေးမတောင်းတော့လျှင် ပထ၀ီနိုင်
ငံရေးအရ အာရှတိုက်၏ အရေးပါသောနေရာတွင်တည်ရှိနေခြင်းကြောင့်လည်းကောင်း၊ သယံဇာတ
မျိုးစုံ ပေါကြွယ်ဝခြင်းကြောင့်လည်းကောင်း ဗြိတိသျှတို့အဖို့ ရေရှည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး
အတွက် အလွန်ကောင်းကျိုးရှိပေလိမ့်မည်။
ထိုသို့ ဗြိတိသျှကိုလိုနီ နိုင်ငံကြီး ကောင်းစားဖို့အတွက် သစ္စာထားရှိသဖြင့် မြန်မာနိုင်ငံတွေ့ ဗုဒ္ဓ-
အသောကခေတ်ရောက် ဗြဟ္မီအက္ခရာအထောက်အထားများအပေါ် သူတို့ ၂ဦး သစ္စာမထားရှိနိုင်
ခဲ့ခြင်းလော။
ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာ ရောက်ကြောင်းအထောက်အထားများဖြစ်သော ဘီစီ ၆ရာစု-၃ ရာစု
ဗြဟ္မီအက္ခရာ စာအရေးအသား အထောက်အထားများကို သမိုင်းအဓိပ္ပာယ်မဖွင့်ဆိုခြင်း၊ ရှေးအိန္ဒိယ
သားတို့က သရေခေတ္တရာနိုင်ငံ နှင့် လူမျိုးတို့ကိုဗရမ္မာနိုင်ငံ၊ ဗရမ္မာလူမျိုး(ဗမာ) ဟုသိရှိမှတ်တမ်း
တင်ထားချက်၊ ဘီစီ (၂)ရာစှု အေဒီ (၃)ရာစု ရှေးတရုတ်တို့က ၎င်းတို့နှင့်ခေတ်ပြိုင် သရေခေတ္တရာ
နှင့်လူမျိုး၊ ပုဂံနိုင်ငံနှင့် လူမျိုးတို့ကို ပျူ ခေါ် ဗရမ္မာ-ဗမာ ဟု ကောင်းစွာသိရှိ မှတ်တမ်းတင်ချက်၊ ဘီစီ
(၂)ရာစု မှ အေဒီ (၁၅)ရာစုထိ ယူနန်နှင့် ပင်လယ်ကြားရှိ နိုင်ငံနှင့်လူမျိုးသည် ပျူ ခေါ် ဗရမ္မာ ခေါ်
မြန်မာဖြစ်ကြောင်း တရုတ်နန်းတော် မှတ်တမ်းအဆက်ဆက်က လေ့လာစုံစမ်း သိရှိမှတ်တမ်းတင်
ထားချက်တို့ကို အလေးမထားခြင်းဟူသော လုစ်လုပ်ရပ်တို့က လုစ်၏အတွင်းသဘော ဘယ်လိုနည်း
ဟု အတွေးပွားစေခြင်းဖြစ်ပါသည်။
ဘီစီ ၂ ရာစု မှ အေဒီ ၆ ရာစုထိ ဗရမ္မာ ခေါ် ပျူနိုင်ငံဟု ရှေးတရုတ်တို့သိရှိမှတ်တမ်းတင်ထား
သော ပျူနိုင်ငံသည် အေဒီ ၈၃၂ ခုနှစ် တွင် နန်းစောရန်ကြောင့် မျိုးတုံးပျက်သုန်းခြင်း လုံးဝ
မရှိပဲ အေဒီ ၈၆၄ ခုနှစ်ရေး မန်ရှုကျမ်းတွင် အေဒီ ၈၆၄ ၌ တရုတ်၊ နန်စော တို့နှင့် အပြိုင်
ထွန်းကားတည်ရှိလျှက် ရှိကြောင်းဖော်ပြချက်ကို ထိန်ချန်ပြီး၊
အေဒီ ၈၃၂ ခုနှစ်တွင် ပျူနိုင်ငံ ပျူလူမျိုးတို့ မျိုးသုန်းပျောက်ကွယ် သွားသည်ဟု မမှန်မကန်ရေးသားခြင်း၊
ဘီစီခေတ်ကတည်းက ထွန်းကားတည်ရှိနေသော သရေခေတ္တရာ ဗရမ္မာ-ဗမာတို့ကို အေဒီ (၉) ရာစု
တ၀က်ကျိုးခန့် အခါမှ အခြား လူမျိုးများထက် နောက်ကျစွာ ကျောက်ဆည်ဒေသသို့ ရောက်လာ
သူများဟု လုပ်ဇာတ်ရေးသားခြင်း၊
ဗမာတို့သည် သူများတကာထက် နောက်ကျမှ ရောက်ရှိလာသူများ ဖြစ်သော်လည်း စစ်တော်တိုင်း၊ စစ်အင်
အားကောင်းတိုင်း အခြားလူမျိုးစုများ နေထိုင်ရာနယ်မြေများကို အနော်ရထာမင်းခေတ်တွင် တိုက်ခိုက်
သိမ်းသွင်းပြီး ဗမာနိုင်ငံ စတင်တည်ထောင်သူများဟုအခြားတိုင်းရင်းသားများက ဗမာတို့ကို အထင်လွဲစိတ်
ဝမ်းကွဲစရာ လုပ်ဇာတ်ရေးသားခဲ့ခြင်း ဟူသော လုစ်၏လုပ်ရပ်တို့သည်လည်း လုစ်၏ မြန်မာနှင့်ပက်သက်သည့်အတွင်းစိတ်သဘောထားကို သံသယပွားရာပွားကြောင်း
ဖြစ်စေခဲ့ပါသည်။
အလားတူပင် ရှေးအိန္ဒိယမှ သရေခေတ္တရာကို ဗရမ္မာ-ဗမာ ဟုသိရှိဖော်ပြခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ
တွေ့ ဗုဒ္ဓ-အသောကခေတ် ဗုဒ္ဓသာသနာရောက်ကြောင်းအထောက်အထားများဖြစ်သော ဘီစီ ၆ရာစု-၃ ရာစု ဗြဟ္မီအက္ခရာ စာအရေးအသား အထောက်အထားများကိုလည်းကောင်း သမိုင်းသဘော သမိုင်းအဓိပ္ပာယ်ဖွင့်ဆိုဖော်ပြခြင်း မပြုခဲ့သော ချားဒူဂွိုင်ဆယ်၏ အတွင်းသဘောသည်လည်း သံသယ ပွားရာပွားကြောင်းများဖြစ်ပေါ်စေခဲ့ပါသည်။
ခေတ်ပြိုင်အထောက်အထားများ အပေါ်တွင် သစ္စာမရှိကြသော ကိုလိုနီခေတ်သမိုင်းပညာရှင်၊ ရှေးဟောင်း
သုတေသနပညာရှင်ဆိုသူတို့ ရေးသားခဲ့ကြသော မြန်မာလူမျိုးသမိုင်း၊ မြန်မာနိုင်ငံသမိုင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓ
သာသနာသမိုင်း ဆိုသည်တို့ကို ခေတ်ပြိုင်အထောက်အထားများနှင့် မစစ်ဆေးပဲ ယုံကြည် လက်ခံလျှင်
အမှန်သမိုင်းကို သိနိုင်ဖွယ်ရာ မရှိပေ။ ၎င်းတို့ရေးသားထားသော မြန်မာအကြောင်းစာတမ်းများသည်
နိုင်ငံတကာ စာကြည့်တိုက်များတွင် ပျံ့နှံ့လျှက်ရှိသောကြောင့် ယင်းတို့ကို ဖတ်ရှုပြီးမှ မြန်မာနိုင်ငံသို့
ရောက်လာသော နိုင်ငံခြားသားများသည် မြန်မာအကြောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအကြောင်း၊ ဗုဒ္ဓ-
အသောကခေတ် ဆံတော်ရှင်စေတီများသမိုင်းတို့ကိုအမှန်အတိုင်း သိမြင်နိုင်စွမ်းမရှိကြပါ။
(ဆက်လက်ဖော်ပြပါမည်)
*ဘုန်းတင့်ကျော်*
No comments:
Post a Comment