နိုင်ငံတော်သစ် တည်ဆောက်ရေးနှင့် တပ်မတော် အခန်းကဏ္ဍ
***********************************************
တပ်မတော် ဟူသော ဝေါဟာရကို အတုလ ဆရာတော် ခင်ကြီးဖျော်က အဓိပ္ပာယ် ဖွင့်ဆိုရာ၌ အင်အား အကြီးအမား ရှိခြင်း၊ ပြည်သူတို့၏ အားထားရာဖြစ်ခြင်းဟူ၍ လည်းကောင်း၊ မြန်မာ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုရာ၌ ကြည်းတပ်၊ ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေး တပ်ပေါင်းစုဟူ၍ လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ မြန်မာနိုင်ငံ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှု ကာလမှ စ၍ ပြည်သူတို့နှင့် တစ်သားတည်း ရှိခဲ့သော မြန်မာ့ တပ်မတော်သည် ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော် ဖြစ်သည်။ ပြည်ထောင်စု တပ်မတော်သည် နိုင်ငံ တော်တွင် ဒို့တာဝန် အရေးသုံးပါး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး တာဝန် ထမ်းဆောင်လျက် ရှိသော အမျိုးသားရေး အင်အားစုကြီး ဖြစ်သည်။
အမျိုးသားရေး အင်အားစုကြီး ဖြစ်သော ပြည်ထောင်စု တပ်မ တော်တွင် တာဝန် ထမ်းဆောင်ရန် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၆)သို့ တက်ရောက် ခဲ့ကြသော ဗိုလ်လောင်းများသည် ဒီဇင်ဘာ ၅ ရက်က သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားဖြင့် ကျောင်းဆင်း ခဲ့ကြပြီး တာဝန်ကျရာ တပ်အသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင် ကြတော့မည် ဖြစ်သည်။ သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားရာ၌ ''မိမိတို့ နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်စေရန် အတွက် အဓိက အထောက် အပံ့ ပေးထားသည်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပင် ဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့စဉ်က တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ စုပေါင်းပြီး စနစ်တကျ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ ဒီမိုကရေစီကို ပုံတူ ကူးချခြင်း မဟုတ်ဘဲ ကိုယ့်နိုင်ငံ၏ ပထဝီအနေအထား၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့စရိုက် အစဉ်အလာတို့ကိုပါ စဉ်းစား သုံးသပ်ပြီး စနစ်တကျ ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ သို့သော် မည်သည့်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကမျှ ၁ဝဝ ရာခိုင်နှုန်း ပြီးပြည့်စုံသည်ဟူ၍ မရှိဘဲ လိုအပ်ချက်များလည်း ရှိလိမ့်မည်'' ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) သည် ကိုယ်စားလှယ် အစုအဖွဲ့ (၈)ဖွဲ့ တက်ရောက် ဆွေးနွေး ညှိနှိုင်း အတည်ပြု ရေးဆွဲခဲ့ကြသော ဥပဒေ ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေးနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထား တောင်းခံသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ဆန္ဒမဲ ပေးခွင့်ရှိသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး ယင်းသို့ ဆန္ဒမဲပေးသူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထောက်ခံ အတည်ပြု ပေးခဲ့ကြသဖြင့် ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ယနေ့ လွှတ်တော်များ သည်လည်း ဥပဒေအရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ''တပ်မတော် အနေဖြင့်လည်း ပြင်ဆင်သင့်သည့် အချက်များ ပြင်ဆင် နိုင်ရန် သတ်မှတ် ပြဋ္ဌာန်းချက်များ အတိုင်း လွှတ်တော်တွင်းတွင် တင်ပြဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ ဖြစ်သော ဆောင်ရွက်ချက် မှန်သမျှကို တပ်မတော်က လက်ကမ်း ကြိုဆိုသွားမည် ဖြစ်ကြောင်း''ဖြင့် မိန့်ကြားခဲ့သည်။
သို့ဖြစ်၍ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရေးတွင် တိုင်းရင်းသား ပြည်သူများ၏ လိုလားချက် ဆန္ဒအမှန်ကို ဖြည့်ဆည်း ပေးနိုင်ရန် နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့ အားလုံး တစ်စိတ် တစ်ဝမ်းတည်း ပူးပေါင်း ဆောင်ရွက်ကြမည် ဆိုသော တပ်မတော်၏ တာဝန်သိ၊ တာဝန်ရှိ၊ တာဝန်ယူမှုဖြင့် တပ်လှန့် နှိုးဆော်လိုက်ခြင်းပင် ဖြစ်ကြောင်း အထင်အရှား တွေ့မြင်ရပေသည်။ ။
မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com
No comments:
Post a Comment