Monday, January 12, 2015

ကချင်ပြည်နယ်မှာ မိုးကြီး၊ စိုက်ခင်းဧက ၂ဝဝဝ ကျော်ပျက်စီး


ကချင်ပြည်နယ်မှာ မိုးကြီး၊ စိုက်ခင်းဧက ၂ဝဝဝ ကျော်ပျက်စီး

ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၅

ကချင်ပြည်နယ် မြို့အတော်များများမှာ ဒီလ ၈ ရက်နေ့ကစပြီး မိုးကြီးနေ တာကြောင့် ဗန်မော်မြို့နယ်က စိုက်ခင်း ဧက နှစ်ထောင်ကျော် ပျက်စီး ဆုံးရှုံးသွား တယ်လို့ သိရပါတယ်။

မိုးကြီးတဲ့အပြင် မိုးသီးတွေလည်း ကြွေကျခဲ့တာကြောင့် ဗန်မော်မြို့ နယ် နောင်ကာ၊ ကောင်းဆင့်၊ မန်မလင်း၊ ရေလဲ စ တဲ့ကျေးရွာ (၇) ရွာ က ဒေသခံတွေရဲ့ သီးနှံစိုက်ခင်း ဧကနှစ်ထောင်ကျော် ပျက်စီး ခဲ့တယ် လို့ နောင်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

" အားလုံးစုစုပေါင်းဆိုရင် ခန့်မှန်းခြေ ဧက ၂၀၀၀ကျော်၊ ၃၀၀၀ နီးပါးလောက် ရှိမယ်လို့ ကျနော်ခန့်မှန်း တယ်၊ လုံးဝကိုပြန်မရနိုင်တဲ့ အနေအထားဖြစ်သွား ပါပြီ၊ နောင်ကာ၊ သပြေကုန်း၊ ရေလဲရွာဆို ၇ ရွာလောက် ပါတယ်ဗျ၊ ကျနော်တို့က ဒီနှစ်ပြောင်းလဲ စိုက်ထားတော့၊ သီးနှံတွေ ပျက်စီးတော့ တောင် သူတွေ တော်တော် ကြီးခံစားရပါတယ်ဗျ၊ စိုက်ပျိုးရေးဆိုင်မှာပဲ ကျနော် တို့ရင်းနှီးရပြီး ဆေးတွေယူပြီးတော့ ကျနော်တို့စိုက်ထား တာပါ"

ပျက်စီးသွားတဲ့ ဧက နှစ်ထောင်ကျော်မှာ မြေပဲ၊ အာလူး၊ ပြောင်းနဲ့ မုန်ညှင်းတွေ စိုက်ပျိုး ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့နယ်က ဆင်ဘို၊ စံကင်း စတဲ့ ကျေးရွာတွေမှာလည်း မိုးသီးကြွေကျ တာကြောင့် ပြောင်းနဲ့ မုန်ညင်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဒီလ ၈ ရက်နေ့ကစပြီး ဒီနေ့အထိ မိုးကြီးနေပါတယ်။

RFA


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများခင်ဗျာ ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း gmail သို့ပေးပို့နိုင်ပါပြီ mohnyinnews@gmail.com

No comments:

Post a Comment