Google ရဲ့ Android ဖုန်း စစ်စစ် ကိုင်ချင်သူများအတွက် Moto G ရှိပါတယ်။ ဒါနဲ့ အမှန်တော့ Motorola Mobility က Lenovo ပိုင်တဲ့ company ပါ။ Google ရဲ့ ပိုင်ဆိုင်မှု ရှယ်ယာလည်း ပါဝင်နေတာကြောင့် Moto ဖုန်းစီးရီးများဟာ Google ကနေပြီးတော့ OS နဲ့ ပက်သက်ပြီး ဦးစားပေး ဖန်တီးတဲ့ စမတ်ဖုန်း အဖြစ် ရှိနေပါသေးတယ်။
ပုံမှာ ပြထားတဲ့ ဖုန်းကတော့ Moto 6 4G ဖုန်း ဖြစ်ပါတယ်။ အရင်နှစ်က 3G ဗားရှင်းထွက်ပြီး ယခုနှစ်မှာ 4G ဗားရှင်းထွက်မှာပါ။ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၂၃၀ ဝန်းကျင်ပဲ ရှိတာကြောင့် မြန်မာကျပ်ငွေ ၂သိန်းခွဲ ဝန်းကျင်လောက်သာ ပေါက်ဈေးရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဈေးသက်သာပြီး အရွယ်ကြီး စမတ်ဖုန်း ကိုင်ချင်သူများအတွက် ဖန်တီးထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။
RAM 1GB, Quad Core Processor တို့ ပါဝင်ပြီး screen resolution ကတော့ 1280 x 720 pixel မှာ ရှိပါတယ်။ ဒါကြောင့်မို့ ပုံထွက် အရည်အသွေးကတော့ ကြည့်ပျော် သုံးပျော် တော့ ရှိပါတယ်။ ကင်မရာကို 8 Megapixel ထည့်သွင်းပေးထား ပါတယ်။ သူ့မှာ Google ရဲ့ Product မျာ ဖြစ်တဲ့ Gmail, YouTube, Google Drive, Google+, Hangout, Google Chrome Browser တို့ကို အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်အောင် ထည့်သွင်းပေးထားပါတယ်။
သူ့မှာ ထူးခြားချက်က အနောက်ကတည်ဆေက်ပုံပါ။ နေက်ကျော် အခွံကို ဖြုတ်လို့ ရပေမယ့် သူ့ရည်ရွယ်ချက်က SIM card နဲ့ MicroSD ကဒ် ထည့်ဖို့ ဖြစ်ပါတယ်။ ဘက်ထရီက ဖြုတ်လို့ မရပါဘူး။ 155g weight ရှိတဲ့ ဖုန်း ဖြစ်ပါတယ်။ ဒီဇိုင်းကို Pocket lint က ဘယ်လို မှတ်ချက်ပေးထားသလဲဆို Bulky ဒီဇိုင်းတဲ့။ ကိုင်ရပြုရတာ ယနေ့ ကိုင်နေကျ ခပ်ပါးပါး Oppo, iPhone တို့လိုတော့ မဟုတ်ပါဘူး။ အနောက်မှာ နည်းနည်းခုံးခုံးလေး ဖြစ်နေပါလိမ့်မယ်။ ဒါကလည်း Moto ရဲ့ ဖုန်းအတော်များများမှာ သွားတဲ့ စတိုင် တစ်မျိုးပါ။
သူ့ကို Android Lollipop နဲ့ မြင်တွေ့ရမှာပါ။ ၂၀၁၅ နှစ်လယ်လောက်မှာ ထွက်ရှိနိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းထား ပါတယ်။
MPT net
No comments:
Post a Comment