Saturday, April 18, 2015

ရေမဆေးကျောက်ရှာဖွေသူများအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မချီဒေသ၊ ဝလာဆားကျင်းမှော် တွင် ရေမဆေးကျောက်ရှာဖွေတူးဖော် နေသော အလုပ်သမားများအား ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့မှ ဖမ်းဆီး၍ လူသစ်အဖြစ် စုဆောင်းလျက်ရှိကြောင်း သတင်းရရှိသည်။

“ဒီနားကမှော်တွင်းတွေမှာတော့ ရေမဆေးကျောက် တူးဖော်တဲ့သူတွေ ကအများကြီးပဲ။ နေရာဒေသပေါင်းစုံက လူမျိုးပေါင်းစုံလာလုပ်စားနေကြ တာပေါ့။ ဒါကိုကေအိုင်အေက အတင်းဖမ်းပြီး လူသစ်လိုက်စုနေတယ်” ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

KIA အဖွဲ့သည် ဧပြီလ ၁၇ ရက်နေ့တွင် အလုပ်သမား ၅ ဦးအားလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံရေမဆေးကျောက်ရှာဖွေသူများထံမှသိရှိရသည်။

“အဆင်မပြေလို့ ဒီမှာလာလုပ်စားတာ၊ မိသားစုတွေကဒီကလုပ်တဲ့ လုပ်အားခလေးကိုမှီခိုစားနေရတာ၊ KIA ကလည်း လူသစ်ခဏခဏ လာစုနေတယ်၊ မနေ့ကပဲရေးမဆေးကျောက် ရှာနေတဲ့ ကောင်လေး ၅ ယောက်ကို ဖမ်းခေါ်သွားတယ်” ဟု KIA ၏ ဖမ်းဆီး မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အလုပ်သမား တစ်ဦး မှ ပြောကြားခဲ့သည်။

KIA အဖွဲ့သည် ဒေသခံတိုင်းရင်းသားများထံမှ မကြာခဏဆက်ကြေးကောက် ခံခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ ရေမဆေးကျောက်ရှာ ဖွေနေသူများအား လူသစ်စုဆောင်းခြင်းများကို အစဉ်တစိုက် ပြုလုပ်လျက် ရှိနေသောကြောင့် ဒေသငြိမ်းချမ်းရေးသည် အလှမ်းဝေးနေ ဦးမည်ဖြစ် သည်ဟု ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြား သွားခဲ့ပါသည်။

ဇော်လွှမ်းအောင်
KachinDailyNews




MPT net

No comments:

Post a Comment