ရွှေဆိုင်အများစု အရောင်းမရှိဘဲ ပြန်ဝယ်ရခြင်း များသာရှိနေ
ရန်ကုန် ဇူလိုင် ၂၁
အမေရိကန် ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ရွှေဈေးပါ မြင့်တက်လာသဖြင့် ရွှေဆိုင်အများစုမှာ အရောင်း မရှိဘဲ ပြန်ဝယ်ခြင်းသာ လုပ်ဆောင်နေရကြောင်း ရွှေဆိုင်တချို့မှ သိရသည်။ ''ဇွန်လကစပြီး ဒေါ်လာဈေး မြင့်တော့ ရွှေဈေး ပါ လိုက်မြင့်တယ်။ လက်ရှိမှာ ရွှေထည်က ဝယ်ယူသူထက်စာရင် ပြန်ရောင်းသူက ပိုများနေ တယ်။ တချို့ဆိုင်တွေဆို ဒီရက်ပိုင်းမှာ ခဏပိတ်ထားကြတယ်။ ဘာလို့လဲဆိုတော့ ပြန်ဝယ်တဲ့ အခါကျတော့ အမြင့်ဈေးနဲ့ ပြန်ဝယ်ရတယ်။ တစ်ရက်နဲ့တစ်ရက် ဈေးအပြောင်းအလဲက မြန်တော့ ရောင်းချရတဲ့ အခါမှာလည်း အဆင်မပြေဘူး။ ဒါကြောင့် ပိတ်ထားတာပါ။
ပြန်ရောင်းချင်တဲ့ သူတွေအတွက်တော့ အခက်တွေ့တာပေါ့'' ဟု မိုးဆမ်းပန်း ရွှေဆိုင်ပိုင်ရှင် ဦးဌေးဦးက ပြော သည်။ မြန်မာ့ ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန် ဒေါ်လာဈေးပေါ်တွင် မူတည်နေသဖြင့် အဆိုပါ ဈေးနှုန်းများ တည်ငြိမ်မှု မရှိပါက မြန်မာ့ရွှေဈေးမှာ မတည်ငြိမ်နိုင်ကြောင်း၊ ယခုနှစ်သည် တခြားနှစ်များနှင့် မတူဘဲ ရွှေဈေး အတက် အကျ မြန်ဆန်မှုအရှိဆုံး နှစ်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
လက်ရှိ အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၁၂ဝဝ ကျော်ခန့်ရှိကာ မြန်မာ့ အခေါက် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၇၄ဝဝဝဝ ကျော်ရှိကြောင်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁ဝ၇ ဒေါ်လာ ရှိကြောင်း သိရသည်။
No comments:
Post a Comment