သားဥအိမ် ဖယ်ထုတ် ထားခြင်းက ရင်သား ကင်ဆာကြောင့် သေဆုံး မှုကို ၆၂ ရာခိုင်နှုန်း လျော့ကျ စေနိုင်
သုတေသီများရဲ့လေ့လာတွေ့ရှိမှု အသစ်အရ သားဥအိမ် ဖယ်ထုတ်ထားခြင်းက အမျိုးသမီးများ ရင်သား ကင်ဆာကြောင့် သေဆုံးမှုကို ၆၂ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတစ်ဦးမှာ ဘရက်ကာဝမ်း (BRCA I)သို့မဟုတ် ဘရက်ကာတူး (BRCA II) ဗီဇ သယ်ဆောင်ထားရင် ၇ဝ ရာခိုင်နှုန်း ရင်သားကင်ဆာ ဖြစ်စေတယ်။ အဲဒါက ဘဝတစ်လျှောက်လုံး ရှိနေခဲ့ရင် ရင်သားကင်ဆာနဲ့ သားဥအိမ် ကင်ဆာ ဖြစ်စေပါတယ်။ ကနေဒါနိုင်ငံ အမျိုး သမီး ဆေးကောလိပ်မှ သုတေသီအဖွဲ့ရဲ့ လေ့လာတွေ့ရှိမှုအရ အမျိုးသမီးတွေ ဘရက်ကာ ဝမ်း သို့မဟုတ် ဘရက်ကာတူး ဗီဇသယ်ဆောင်ပြီး ရင်သားကင်ဆာလက္ခဏာ သံသယရှိတဲ့ အမျိုးသမီး ၆၇ ဦးကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
လေ့လာမှုမှာ ပါဝင်တဲ့ ၃၄၅ ဦးမှာ သားဥအိမ် ထုတ်ထားခဲ့ပြီး ၃၃၁ ဦးက သားဥအိမ် ထုတ်မထားတာကို တွေ့ရှိခဲ့ကြတယ်။ အားလုံးကတော့ ၇၇ ဒသမ ၄ ရာခိုင်နှုန်းမှ နှစ်ပေါင်း ၂ဝ တိုင် အသက် ရှင်နိုင်ကြတယ်လို့ ဆိုပါတယ်။ သုတေသီတွေက သားဥအိမ်ထုတ်ပြီး အုပ်စုမှာ ၅၆ ရာခိုင်နှုန်း ရင်သားကင်ဆာဖြစ်မှု လျော့နည်းခဲ့တယ် လို့ဆိုပါတယ်။ ဘရက်ကာဝမ်း (BRCA I) ဗီဇ သယ်ဆောင်သူရဲ့ ၆၂ ရာခိုင်နှုန်းဟာ ရင်သားကင်ဆာဖြစ်မှု လျော့နည်းစေပါတယ်။ ဘရက်ကာတူး (BRCA II) ဗီဇသယ်ဆောင်သူ ၄၃ ရာခိုင်နှုန်းမှာ သားဥအိမ် ထုတ် ထားပေမယ့် ရင်သား ကင်ဆာကြောင့် သေဆုံး ကြရပါတယ်။ သားဥအိမ်အားလုံး ထုတ်ပစ်ခြင်း ဖြစ်စဉ်တွေမှာ ရင်သားကင်ဆာကြောင့် သေဆုံးနှုန်း ၆၅ ရာခိုင်နှုန်း လျော့နည်း စေတယ်လို့ ဆိုပါတယ်။ BRCA I ဗီဇ သယ်ဆောင် သူတွေဟာ နှစ်နှစ်အတွင်း သားဥအိမ် ဖယ်ရှားပြီး နောက် ကင်ဆာကြောင့် သေဆုံးနှုန်း ၇၃ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ဆိုတယ်။ သုတေသီ များဟာ ကင်ဆာအပေါ် အကျိုးသက်ရောက်မှု ဖြစ်စဉ်ကို ၁၅ နှစ်တိုင် လေ့လာခဲ့ကြောင်း သိရ တယ်။
ဒေါက်တာသက်လွင်
No comments:
Post a Comment