Monday, August 17, 2015

သမားရိုးကျနာရီနှင့် Apple Watch တို့ပေါင်းစပ်ထားသည့်နာရီအား အမေရိကန်နာရီကုမ္ပဏီမိတ်ဆက် ==============

သမားရိုးကျနာရီနှင့် Apple Watch တို့ပေါင်းစပ်ထားသည့်နာရီအား အမေရိကန်နာရီကုမ္ပဏီမိတ်ဆက်
===================================================
သမားရိုးကျ ဂန္တဝင်နာရီတွေနဲ့ခေတ်ပေါ်စမတ်နာရီတွေကြား ရွေးချယ်ရခက်နေသူတွေအတွက် ကြိုးတစ်ကြိုး ထဲမှာနာရီနှစ်မျိုးပါတဲ့ ထူးထူးခြားခြားနာရီသစ်တစ်လုံးကို အမေရိကန်နာရီကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက် ကြောင်း နည်းပညာသတင်းတစ်ရပ်မှာဖော်ပြပါရှိပါတယ်။
အနိမ့်ဆုံး ဒေါ်လာ ၉,၃၀၀ ကနေ အမြင့်ဆုံး ဒေါ်လာ ၁၁၂,၀၀၀ အထိရှိမယ့် ဒီနာရီတွေကို Skyview Pinnacle လို့အမည်ပေးထားပြီး ကယ်လီဖိုးနီးယားအခြေစိုက် Nico Gerard နာရီကုမ္ပဏီက ထုတ်လုပ်လိုက်တာဖြစ်ပါ တယ်။ကုမ္ပဏီရဲ့အဆိုအရ Skyview Pinnacle နာရီကိုဝတ် ဆင်သူတွေအနေနဲ့သမားရိုးကျနာရီကို လက် ကောက်ဝတ် အပေါ်ပိုင်းမှာဝတ်ဆင်ရမှာဖြစ်ပြီး စမတ်နာရီကိုအောက်ပိုင်းမှာ ဝတ်ဆင်ရာမှာ ဖြစ်တာကြောင့် အခြားသူတွေမသိစေနိုင်တဲ့ Message တွေဝင်ရောက်လာတဲ့အခါမှာ လုံခြုံမှုရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စမတ်နာရီကိုလက်ကောက်ဝတ်အောက်ဖက်မှာဝတ်ဆင်တဲ့အခါမှာလည်း ခြစ်ရာထင်မှုမရှိအောင် Apple Watch ရဲ့ Sapphire Crystal မျက်နှာပြင်ကကာကွယ်နိုင်မယ်လို့ ကုမ္ပဏီကဆိုပါတယ်။ လက်ကောက်ဝတ်ပေါ်က သမားရိုးကျနာရီကတော့ ခြောက်လလောက် အချိန်ယူဖန်တီးထားတဲ့ ဆွစ်ဇာလန် လုပ် Automatic Mechanical Movement နဲ့လာမှာပါ။
လောလောဆယ်မှာတော့ Skyview Pinnacle ကိုကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး အမျိုးအစားပေါ် မူတည်ကာ အနည်းဆုံး ဒေါ်လာ၂၀၀ စတင်ပေးသွင်းရမယ်လို့သိရပါတယ်။ဈေးနှုန်းတွေကတော့ အနက်ရောင်မော်ဒယ်ကို ဒေါ်လာ ၉,၃၀၀ ကျသင့်မှာဖြစ်ပြီး အပြာရောင်မော်ဒယ်ကို ဒေါ်လာ ၉,၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ၁၈ကာရက်ရွှေပါဝင်တဲ့ Lexury ဗားရှင်းကတော့ ဒေါ်လာ ၁၁၂,၀၀၀ လောက်ကျသင့်မယ်လို့ သိရပါတယ်။

TechSpace Journal


No comments:

Post a Comment