လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အသိပေးရှင်းလင်းတင်ပြ
==================================================
၁၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိစ္စရပ်နှင့်စပ်လျဉ်း၍ မိဘပြည်သူများ စိုးရိမ်ပူပန်မှုတချို့ရှိသည်ဟု သိရှိရပါသည်။ တရားဝင်နိုင်ငံရေးပါတီများ ထဲမှ ပါတီတစ်ခု၏ဆန္ဒအရ ခေါင်းဆောင်မှုပြောင်းလဲခြင်းနှင့် ပြန်လည်ဖွဲ့စည်းသည့်ကိစ္စရပ်သာ ဖြစ်ပါသည်။
၂။ အစိုးရအဖွဲ့သည် မိဘပြည်သူများလက်ရှိကြုံတွေ့နေရသည့် နိုင်ငံအနှံ့ရေဘေးအန္တရာယ်မှ အမြန်ဆုံး ကင်းဝေးအောင် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ကြိုးပမ်းဆောင် ရွက်လျက်ရှိပါသည်။ တစ်ပြိုင်နက်တည်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင် အောင်၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။
၃။ အစိုးရအဖွဲ့သည် အုပ်ချုပ်ရေးတာဝန်ကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီစနစ်၏ အခြားသော မဏ္ဍိုင်ကြီးနှစ်ရပ်ဖြစ်သော ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
၎။ ယခုအချိန်သည် ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ပြင်ဆင် ရေးကာလဖြစ်ပြီး ၄င်းရွေးကောက်ပွဲသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သမိုင်းတစ်လျှောက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအနက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။ အစိုးရအဖွဲ့အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့များ၊ မိဘပြည်သူများနှင့် တက်ြ<ွကစွာပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်သည်။
၅။ အဆိုပါ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့်ရလဒ်အတိုင်း အစိုးရအဖွဲ့အနေဖြင့် လက်ခံအတည်ပြု ၍ တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
No comments:
Post a Comment